19 December 2014

လိပ်ကျွန်းလူသတ်မှု မြန်မာ၂ယောက် အပြစ်မရှိတဲ့သက်သေက ဘာလဲ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလူသတ်မှုမှာ အမှုပေါင်း ၇မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၂ယောက် အပြစ်မရှိကြောင်း သူတို့မှာ သက်သေအထောက်အထား ရှိတယ်လို့ အထူးစုံစမ်းရေး
ကော်မတီက ဒီဇင်ဘာ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အပြစ်မရှိကြောင်း သက်သေအထောက် အထားက ဘာလဲ။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဆောင်တဲ့ အထူးစုံစမ်းရေးကော်မတီရဲ့ တာဝန်ခံ ဦးကျော်သောင်း က ဗြိတိန်နိုင်ငံသားနှစ်ယောက် သတ်ခံရတဲ့ကိစ္စ ကျုးလွန်သူတွေဟာ စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား ၂ယောက် မဟုတ်ဘူးဆိုတာ သူအာမခံတယ်လို့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါ တယ်။


လွန်ခဲ့တဲ့ နှစ် ၂ဝလောက်က ခိုးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထိုင်းထောင်တွေထဲ ဖမ်းဆီးခံ ထားရတဲ့ အကျဉ်းသား ၆ဝ ရာခိုင်နှုန်းဟာ အစားထိုးခံထားရတဲ့ မြန်မာတွေဖြစ်နေတဲ့ သုတေသန စာတမ်း အရ တွေ့ရှိရတဲ့အကြောင်း၊ သူတို့ရဲ့တွေ့ရှိချက်အရ အခုအမှုမှာလည်း ကျုးလွန်တယ်လို့ စွပ်စွဲခံရသူတွေ အပြစ်မရှိတဲ့ ထင်ရှားတဲ့အချက်အလက်တွေ ရထားတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် ဘယ်အထောက် အထားလဲဆိုတာတော့ ထုတ်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ယောက် လိပ်ကျွန်းမှာ သတ်ခံရတဲ့အမှုနဲ့ မြန်မာ လုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒီဇင်ဘာ ၈ရက်နေ့ ရုံးချိန်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ တရားမဝင်နေထိုင်လုပ်ကိုင်မှု စတဲ့ အမှုပေါင်း ၇မှုနဲ့ တရားစွဲဆိုထားပါတယ်။

သက်သေအဖြစ် စစ်ဆေးထားတဲ့ အခြား မြန်မာအလုပ်သမားတွေကလည်း တရားမဝင် နေထိုင်လုပ် ကိုင်နေ သူတွေဖြစ်ပြီး ထိုင်းမှာပဲ အလုပ်လုပ်လိုကြတဲ့ ဆန္ဒရှိနေတာကြောင့် တရားခွင်မှာ လိုက်ပါထွက် ဆိုပေးဖို့ ငြင်းဆန်နေတယ်လို့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဆိုပါတယ်။ DNAစစ်ဆေးချက်ရယူ တဲ့အခါ မှာလည်း လက်သည်း၊ ဆံပင်၊ သွေးနဲ့ အသားစတွေကိုယူမှ ပြည့်စုံမှာဖြစ်ပေ မယ့် အခုတော့ တံတွေးနဲ့ ဆီးကိုပဲယူခဲ့လို့ မရိုးသားဘူးလို့ သူကဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၆ရက်နေ့ ရုံးချိန်းမှာတော့ နှစ်ဖက်သက်သေခံ ပစ္စည်းတွေ ကို တင်ပြရမှာဖြစ်ပြီး နှစ်ဖက်အပြန်အလှန် လဲလှယ်ပြီး စစ်ဆေးမှာမို့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ သူက ဆိုပါတယ်။

ထိုင်းတရားသူကြီးရဲ့ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလုပ် သားနှစ်ယောက် အပြစ်မရှိတဲ့အကြောင်း ကော်မတီဘက်က တင်သွင်းမယ့် သက်သေတွေအတွက် အမှုကို အထောက်အကူပြုတဲ့ပေါ် မူတည်ပြီး လိုအပ်တဲ့ လုံခြုံရေးအပြင် စားဝတ်နေရေးကိုပါ ကမ်းလှမ်းထားတယ်လို့ ကိုထူးချစ် က ပြောပါတယ်။

Kamayut Media