10 December 2014

ထိုင်းနိုင်ငံမှာ ဗြိတိန်လူမျိုးခရီးသွားနှစ်ဦး သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦး အမှုနှင့်ပက်သက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲချက်တင်



ထိုင်းနိုင်ငံမှာ ဗြိတိန်လူမျိုးခရီးသွားနှစ်ဦး သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးသည် ၄င်းအမှုနှင့်ပက်သက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲချက်တင်ခဲ့သည်ဟု ၄င်းတို့၏ရှေ့နေများက ဒီဇင်ဘာလ(၈)ရက်နေ့မှာ ပြောကြားခဲ့ကြောင်း သိရပါသည်။ 

 စက်တင်ဘာလက (၅)ရက်နေ့က ထိုင်းနိုင်ငံ ခွတ်တောင်းကျွန်း ကမ်းခြေမှာ တွေ့ရှိခဲ့သည့် ဒေးဗစ်မစ်လာ(၂၄)နှစ်နှင့် ဟန်နာ-ဝတ်သာရိုက် (၂၃)နှစ်တို့ သေဆုံးမှုနှင့် ပက်သက်ပြီး မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဖြိုး အသက်(၂၁)နှစ်စီတို့အား ရဲတပ်ဖွဲ့က အောက်တိုဘာလက ဖမ်းဆီးခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ တွေ့ရှိသည့် နမူနာများသည် ၄င်းတို့၏ ဒီအန်အေများနှင့် တူညီကြောင်း ပြောကြားခဲ့ကြခြင်းဖြစ်ပါသည်။ ဒီဇင်ဘာလ(၄)ရက်နေ့က ထိုင်းရှေ့နေများက လူသတ်မှု၊ မုဒိမ်းမှုများနှင့် တရားစွဲဆိုခဲ့ပြီး ဆန်းမှုအီကျွန်းတရားရုံးမှာ ဒီဇင်ဘာလ(၈)ရက်နေ့မှာ ကြားနာမှုပြုခဲ့ခြင်းဖြစ်ပါသည်။


 တရားရုံးသို့ မြန်မာသံရုံးမှ ကိုယ်စားလှယ်တစ်ဦးလည်း တက်ရောက်ခဲ့ပါသည်။ တရားခံ ဟု သံသယရှိသူများ၏ ရှေ့နေတစ်ဦးဖြစ်သူ နစ်ခွန်း-ချွန်ပူချတ်က အခုအမှုသည် တင်ပြထားသည့် သက်သေများအပေါ် မူတည်နေကြောင်း ပြောကြားခဲ့ပါသည်။ ဇော်လင်းနှင့် ဝင်းဖြိုးတို့နှစ်ဦးသည် မူလကဝန်ခံထားသော်လည်း နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့ပြီး ၄င်းတို့အား ညှင်းပမ်းနှိပ်စက်သည့်အတွက် အခုလိုဝန်ခံရခြင်းဖြစ်ကြောင်း ပြောကြားထားပါသည်။

ရဲတပ်ဖွဲ့သည် ရိုက်နှက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သံသယရှိသူနှစ်ဦးက ပြောကြားထားပြီး ရဲတပ်ဖွဲ့က ၄င်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်ဟု သိရှိရပါသည်။

MRTV