21 December 2014

ပစ္စည်းခိုးယူသည်ဟု မတရားအစွပ်စွဲခံနေရသည့် အလုပ်သမားအား MAT အဖွဲ့ကယ်တင်


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်မြို့နယ်ရှိ ခွေလာရပ်ကွက်တွင် အလုပ်လုပ်နေသောရွှေ့ပြောင်မြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ မောင်သန်းထွေး အလုပ်လုပ် ကိုင်နေ သည့် ဈေးဆိုင်ပိုင်ရှင်ဖြစ်သူမှ မောင်သန်းထွေး၏ ပက်စပို့၊၀ပ်ပါမစ်၊ဆေးရုံဘတ်နှင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်၊သိမ်းယူထား သည့်အပြင် မောင်သန်းထွေး ၏ လုပ်အားခတစ်လစာ(၈၀၀၀ဘတ်)တို့ကို မပေးပဲ ဈေးဆိုင်မှပစ္စည်း များခိုးယူသည့် စွပ်စွဲပြီး  ခိုးယူမှုဖြင့် အမှုဖွင့်ရန်ပင်ခြိမ်းခြောက်ပြောဆိုရာ MATအဖွဲ့သို့  ဖုန်းဖြင့် ဆက်သွယ်လာပြီး ကူညီပေးပါရန် အကူညီတောင်းခံလာခဲ့ပါသည်။


MATအဖွဲ့မှအမှုဖြစ်စဉ်ကို လက်ခံရရှိသည်နှင့် ၎င်း၏ အလုပ်ရှင်ဖြစ်သူနှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်ပြော ဆိုရာတွင် အလုပ်ရှင်ဖြစ်သူ ပက်စပို့စ် အပါဝင် လုပ်အားခ များမပေးနိုင်ဟုပြောဆိုသည့်အပြင် မောင်သန်းထွေးအား ခိုးမှုဖြင့် အမှုဖွင့်အရေး ယူမည်ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။

MATအဖွဲ့မှလည် မတရားအစွပ်စွဲခံရသူ မောင်သန်းထွေးအား အကူညီပေးနိုင်ရန် အတွက် အမှုဖြစ်ပွားရာ ထိုင်းနိုင်ငံတောင်ပိုင် စူရတ်မြို့သို့ချက်ချင်းပင်သွားရောက်ခဲ့သလို ပက်စပို့စ်များသိမ်းယူထား သည့် အလုပ်ရှင်အား ပက်စပိုစ့်များ သိမ်းယူ ထားမှုဖြင့်  စူရတ်ရဲစခန်း၌ အမှုဖွင့်ရန် မောင်သန်းထွေးအား ပြောဆိုခဲ့ပါသည်။

စူရတ်ရဲစခန်းမှ စခန်းမှူး ဘိုလိစွတ်သည် မောင်သန်းထွေး၏ ပက်စပို့များသိမ်းယူထားသည့်  အလုပ်ရှင် ကို ရဲစခန်းသို့ အမြန်ဆုံးလာရောက်ဖြေရှင်ပါရန်  ဖုန်းဆက်ခေါ်ဆိုလိုက်သည့်နောက် မကြာမီ မောင်သန်းထွေး ၏ အလုပ်ရှင်မှ ရဲစခန်းသို့ရောက်လာပြီး မောင်သန်းထွေး၏ ပတ်စပို့စ်ကို သိမ်းဆည်ထားခြင်းမဟုတ်ပဲ ပတ်စပို့စ်ပျောက်မည် စိုးရိမ်သောကြောင့် သိမ်းပေးထားခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည် ၊


ဆက်လက်၍ အလုပ်ရှင်ဖြစ်သူမှ သူ၏ဆိုင်မှ ပစ္စည်းများပျောက်သွားသည့်အတွက် မောင်သန်းထွေး ထံမှ ပစ္စည်းတန်းဖိုးများပြန်လျှော်ပေးရန်နှင့် အမှုစွဲမည့်အကြောင်း စခန်းမှူးဘိုလိစွတ်ကိုပြောဆိုရာ စခန်းမှူး ဘိုလိစွတ်မှ ခိုင်လုံတိကျသော အချက်လက်ရှိပါ ကတင်ပြပါ  ရဲစခန်းမှ တိကျသောအချက်လက် သက်သေ များ တင်ပြနိုင်မှသာလျင် အလုပ်သမားကိုဖမ်းပေးမည်ပာု စခန်းမှူးမှ ပြန်လည်ပြောရာတွင် အလုပ်ရှင်မှ မျက်နှာပျက်ပြီး စခန်းမှူးအား တောင်းပန်စကားဆိုပြီး  မောင်သန်းထွေး၏ ပက်စပိုစ့် ၊၀ပ်ပါမစ်၊ဆေးရုံ ဘတ်နှင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်များ ပြန်ပေး သွား ခဲ့သောလည် လုပ်အားလစာကိုမှု  ဆိုင်ရှိ ပစ္စည်းများပျောက်သည့် အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် လတ်တလောတွင် မရှင်းနိုင် ပာုပြော ဆိုခဲ့ပါသည် ။

ဆက်လက်ပြီး ယခုဖြစ်စဉ်နှင့်ပက်သက်၍ မြန်မာနိုင်ငံ ၊မွန်ပြည်နယ် ၊သထုံမြို့နယ် ၊ရင်းငြိမ်(တောင်)ကျေးရွာမှ  စူရတ်သို့ လာရောက်အလုပ်လုပ်ကိုင်နေသူ .မောင်သန်းထွေးမှ......
““အလုပ်ရှင်မှ အခုလို မတရားအနိုင်ကျင့်တာကို ကျနော်မခံမရပ်ဖြစ်နိုင်လို့  အခုလို
လုပ်ဆောင်လိုက်ရတာပါ။ အဲသလိုမှ မလုပ်ဘူးဆို နောက်ထပ်လည် ဘ၀တူ အလုပ်သမားတွေကို ဆက်လက်အနိုင်ကျင့်မှာသေချာပါတယ် ။ ယခင်ကလည် ဒီဆိုင် မှာ အလုပ်လုပ်သွားတဲ့  မြန်မာပြည် သားတွေကို အခုလိုပဲ မတရားစွပ်စွဲအနိုင်ကျင့် တဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။ အဲသလို ဖြစ်တာတွေ ကျနော်လည် သိထားတော့  ဒီဆိုင်မှာ အလုပ်စ၀င်ကတည်က သတိနဲ့နေတာတောင် ဖြစ်သေးတယ် ဆိုတော့ စဉ်းစားကြည့် ပေါ့ အခုလိုလာရောက် ကူညီပေးသော MAT ကိုလည်းကျေးဇူးတင် ရှိပါကြောင်း ““ဝမ်းသာစွာဖြင့်ပြောဆိုခဲ့ပါသည်။

MATအဖွဲ့ သို့ အဆိုပါအလုပ်ရှင်၏ အနီးပတ်ဝန်းကျင်၏ ပြောကြားချက်များအရ“အဆိုပါ အလုပ်ရှင်သည်
 ၎င်းဈေးဆိုင်ရှိ  မသိနာမလည်သော   မြန်မာအလုပ်သမား များ လုပ်အားခ လစာထွက်ခါနီးလျင် သူ့ဆိုင်မှ ပစ္စည်းများမပျောက်ဘဲ ပျောက်ပါသည် ပာု လုပ်ကြံစွပ်စွဲပြီး အလုပ်သမားများအား ခြိမ်းခြောက်၍ အတင်းအကြပ် ဝန်ခံခိုင်းပြီး အလုပ်သမားများကို ၄/၅လခန့် လုပ်အားခမပေးဘဲ အဓမ္မခိုင်းစေသည်“ပာု သိရှိရပါ သည်၊