21 December 2014

မြန်မာနိုင်ငံသားသုံးယောက်အသတ်ခံရမှုနှင့် မသက်ဆိုင်သူများအား မတရားဖမ်းစီးစစ်ဆေးနေခြင်းများအား MATမှ သွားရောက်ဖြေရှင်းပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၁၂၉ ကီလိုမီတာဝေးကွာသော ကန်ကျနဘူလီခရိုင် ရေတံခွန်ဆိုင်ယို့ မြို့တွင် ၂၆-၁၁-၂၀၁၄ ရက်နေ့ တွင် မွန်မိသားစု သုံးယောက်အသတ်ခံရ၍ ကျန်ရစ်သော မိသားစုဆွေမျိုး သားရင်း များက အမှု့တွဲတွင်မသက်ဆိုင်သော သူများကို ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲသို့ ထည့်ထား သည်ပာု ထိုင်းမြန်မာသံရုံးသို့အကြောင်းကြား လာခဲ့ရာ သံရုံးမှ တဆင့် အလုပ်သမားရေးဆောင်ရွက်နေ
သော ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)သို့ ထပ်ဆင့် ကူညီတောင်းခဲ့ ရာ MATအဖွဲ့မှ တိုင်ကြားလာသော မိသားစုများထံသွား၍ စစ်ဆေးမေးမြန်းမှု့များ လုပ်ကာ နယ်မြေရဲစခန်းသို့ ဝင်ရောက်
မေးမြန်းရာတွင် အမှု့ခင်းနှင့်ပတ်သက် ရာတွင် တရားရုံးသို့ မတင်ရသေးကြောင်းလောလောဆယ် 
စစ်ချက်ယူပြီး မှ သာလျင် အတည်ယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ထုတ်ဖေါ်ပြောကြား ခဲ့သည်။ 

ဆွေမျိုးမိဘများက အမှု့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှု့များလုပ်ခဲ့ရာ တွင်လည်း ကျင်စက်များကို အသုံးပြုခဲ့သည်ပာုဆိုသည် ထိုအကြောင်း ရာနှင့်ပတ်သက်၍ ရဲစခန်းဘက်မှမပာုတ်ကြောင်း တရားရုံးရှေ့နေများအပါ အဝင် စနစ်တကျစစ်ဆေးမေးမြန်မှု့များပြုလုပ်သည်ပာု အမှု့စစ်အရာရှိ မှပြန်လည်ဖြေကြားခဲ့ပါသည်။

အဖမ်းစီးခံနေရသူများ၏ မိသားစုဘက်မှလည်း အရမ်းစိုးရိမ်ပြိး နောက် ထပ်ဖြစ် လာမည့်ပြဿနာများကိုဖြေရှင်းရန် အိမ်တွင်ယောင်္ကျားလေး တစ်ယောက် မှ မရှိ မိန်းခလေးများနှင့် ခလေးများ သာရှိကြောင်း အကယ်၍ တစ်စုံတခုဖြစ် လာလျင်မတွေးရဲပာု ကျန်ရစ်သူမိသားစုများက စိုးရိမ်ကြီးစွာဖြင့် MATသို့ ပြော ဆိုကြပါသည်။

အမှုဖြစ်ရာဒေသသို့ သွားရောက်ကြည့်ရှု့လေ့လာပြီးနောက် MATအဖွဲ့မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်ပာု ဖမ်းစီးခံနေရသူများ၏ မိသားစုတို့ကို အားပေးစကားပြောရင် သက်ဆိုင်ရာဌာနများထံသို့  ဝင်ရောက်မေးမြန်မှု့များပြုလုပ်ခဲ့သည်ပာုသိရသည်။