23 December 2014

မြန်မာလုပ်သားနှစ်ဦးအတွက် သံရုံးအထူးအဖွဲ့ အစိုးရထံ အချက်သုံးချက် တောင်းဆို


Byငြိမ်းချမ်းOn Sat, 2014-12-20

မြန်မာလုပ်သားနှစ်ဦးအတွက် ဆောင်ရွက်ပေးနေသော သရုံးအထူးအဖွဲ့ဝင် တစ်ဦး သတင်းထောက်များသို့ ဖြေကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ပုဒ်မ ခုနစ်ခုဖြင့် တရား စွဲဆိုခံထားရသော မြန်မာလုပ် သားနှစ်ဦးအရေး ဆောင်ရွက်ရန် မြန်မာသံရုံးအထူးအဖွဲ့က အစိုးရထံ အချက်သုံးချက် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေ သော မြန်မာသံရုံး အထူးအဖွဲ့ သည် ဒီဇင်ဘာ ၁၉ ရက်တွင်အမျိုး သားလွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးချိန်၌အရေးကြီး ထွက်ဆိုပေးမည့် သက် သေများကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပြီး လုံခြုံရေးပေးရန်၊ မြန်မာအစိုးရဘက်မှ အထူးရှေ့နေများနှင့် မှုခင်းဆရာဝန်များကို ဘန်ကောက်မြို့သို့ လာရောက် နေထိုင်ပြီး ကူညီဆောင်ရွက်ပေး ရန်နှင့် ကုန်ကျစရိတ်များကို အစိုးရက တာဝန်ယူပေးရန် စသည့်အချက်သုံးချက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် ကိုယ်စား လာရောက် တွေ့ဆုံသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံရုံး အထူးအဖွဲ့၏ တင်ပြချက်သုံးချက်ကို လက်ခံပြီး ၎င်းတို့၏ ဥက္ကဋ္ဌထံ ချက်ချင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ဥက္ကဋ္ဌက သဘောတူ လက်ခံပြီး အတတ်နိုင်ဆုံးလုပ်ဆောင်ပေးမည်ဟု အကြောင်းပြန်ကြားလိုက်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
‘‘အစိုးရဆီကို တောင်းဆို ဖို့ အမျိုးသားလွှတ်တော်အဖွဲ့နဲ့ တွေ့ဆုံတာပါ။ အဲဒီကတစ်ဆင့် အစိုးရဆီကို တင်ပြကြပါလိမ့် မယ်။ အမှုလွတ်မြောက်ဖို့ အရေး ကြီးသက်သေတွေကို ထွက်ဆိုနိုင် ဖို့ အစိုးရက တာဝန်ယူရပါလိမ့် မယ်။ သူတို့အတွက် လုံခြုံရေး လည်း ရှိပါတယ်။ နောက် မြန်မာ ဘက်က အထူးရှေ့နေတွေက ထိုင်းမှာ လာနေထိုင်ပြီး ကူညီ ဆောင်ရွက်ပေးဖို့ပါ။ အဲဒီအချက် ကလည်း တစ်ခါတစ်ရံ လွှတ်ပေး ပါ့မယ်လို့ ပြောပါတယ်။ နောက် ကုန်ကျမယ့်ငွေကိုလည်း တာဝန် ယူဆောင်ရွက်ပေးပါ့မယ်လို့ ပြောပါတယ်’’ဟု ဒီဇင်ဘာ ၁၉ ရက်က အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံသူ ရှေ့နေဦးအောင်မျိုးသန့်က ပြောကြားသည်။
မြန်မာသံရုံး အထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးဘက် မှ သက်သေထွက်ဆိုပေးရန် မှုခင်းဖြစ်ပွားစဉ်က လိပ်ကျွန်းတွင်ရှိ နေပြီး ကြောက်လန့်၍ ပြန်သွား သည့် တနင်္သာရီတိုင်း၊ စစ်ကိုင်း တိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ လုပ် သားများအား အစိုးရ၏ စီစဉ်မှု ဖြင့် လိုက်လံရှာဖွေ၍ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဒီဇင် ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ပြောသည်။
မြန်မာသံရုံး အထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးဘက်မှ သက်သေထွက်ဆိုပေးရန် ထိုင်း နိုင်ငံ လိပ်ကျွန်းတွင် လုပ်ကိုင်နေ သည့် မြန်မာ လုပ်သားများနှင့် မြန်မာနိုင်ငံသို့ပြန်သွားသော လုပ် သားများ အပါအ၀င် သက်သေ ထွက်ဆိုပေးရန် စုစုပေါင်း ၅၀ ခန့်လိုအပ်နေကြောင်း သတင်း ရရှိသည်။
မြန်မာလုပ်သားနှစ်ဦးဘက် မှ ကူညီဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံ
ရှေ့နေများကောင်စီ သည် သက်သေများ ထွက်ဆိုပေး နိုင်သူများကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေပြီး ပြည်ပသို့ရောက်ရှိနေသော သေဆုံးသူ ဟန်နာ၏ သူငယ်ချင်း နှစ်ဦးကိုလည်း လာရောက်သက်သေထွက်ဆိုပေး ရန် တောင်းဆိုထားကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။
7Day News