15 December 2014

ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်း)လူသတ်မှုနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀အခြေနေများအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်


 - နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားနေ့ (၁၈၊၁၂၊၂၀၁၄) ရက်နေတွင် ထိုင်းနိုင်ငံ ကော့တောင်( လိပ်ကျွန်း) လူသတ်မှု နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်၊

- အဆိုပါသတင်းစာရှင်းလင်းပွဲ ကို မြန်သံရုံးမှ ဦးဆောင်ဖွဲ့စည်းပေးထားသည့် အထူးစုံးစမ်းရေးကော်မီတီ မှ တာဝန်ရှိသူများမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပါသည်။

- မြန်မာသတင်းမီဒီယာများ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ နှင့် မြန်မာ၊နိုင်ငံသားအနေဖြင့် လက်ရှိအမှုအခြေအနေနှင့် ထိုင်းနိုင်ငံတွင်လုပ်ကိုင် စားသောက်နေကြ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား၏ အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန်အတွက် လာရောက် တင်ပြခြင်းဖြစ်ပါသည်။


- လိပ်ကျွန်းလူသတ်မှုကိစ္စသည်၊ အဖမ်ဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အရေးကိစ္စ တစ်ခုထဲ မဟုတ်ပါ။ ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်စားသောက်နေကြသည့် သန်းပေါင်းများ စွာသော ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စဖြစ်ပါသည်။

- မြန်မာနိုင်ငံတော်အစိုးရနှင့်တကွ၊ နိုင်ငံရေးပါတီများ၊ မြန်မာနိုင်ငံသားများအားလုံး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တတ်နိုင်သည့်ဖက်က ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ဟောပြောမည့်သူများ 
ဦးထူးချစ် ( ပြောရေးဆိုခွင့်ရှိသူ)
ဦးအောင်မျိုးသန့် ( မြန်မာရှေ့နေ၊ ဥပဒေအကြံပေး)
ဦကျော်သောင်း ( စုံစမ်းစစ်ဆေးရေးတာဝန်ခံ)

နေရာ ။  ။ Orchid Hotel, ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့် ။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

အချိန်။  ။  နံနက် (၁၁) နာရီမှ နေ့လည် (၁)နာရီထိ

နေ့ရက် ။ ။ (၁၈၊ ၁၂၊ ၂၀၁၄)၊ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့။

Date: 18, December 2014, International Migration Day

Time: From 11 Am, to 1 Pm.

Location: Orchid Hotel, No, 91. Bo Hta Htaung Street, Bo Hta Htaung Township, Yangon, Burma.