13 August 2016

“အုန်းသီးကိုဆီဆွတ်မြိုချမရဖြစ်နေသည့် MOU အလုပ်သမား၂၇၆ ဦးပြဿနာ AAC ၀င်ရှင်း”



       
၂၀၁၆ သြဂုတ်လ ၁၃ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

           တစ်လကျော်ကြာသည့်တိုင်အောင် အလုပ်မရပဲဖြစ်နေသည့်ပါဖက်အေဂျင် စီမှပို့ထားသည့် အလုပ် သမားနှစ်ရာ   ကျော်ကိစ္စမှာ ဆီဆွတ်၍မြိုချမရ၊ တွင်းတူး၍မြှုပ်ဖျောက်မရဖြစ်နေ
  ကြောင်း   အလုပ်သမားအရေး   ဆောင်ရွက်သူများကပြောသည်။ 

          နှစ်နိုင်ငံသဘောတူညီချက် MOU အလုပ်သမား ၂၇၆ ဦးတို့အား ပါဖက်ကုမ္ပဏီက ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး၊ စမုတ်စာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊ အုန်းနွဲ့ ရပ်ကွက်သို့ တင်သွင်းလာခဲ့သည်။ သို့ရာတွင် တစ်လကျော်ကြာလာသည့်ကာလအတွင်း အလုပ်သမား ၅၀ ဦးခန့်သာ အလုပ်သွင်းပေးနိုင်သေးသည်။ ၅၀ ဆယ်ကျော်မုန့်ရုံတွင် အလုပ်ဆင်းနေပြီ။ ဗုဒ္ဒဟူးနေ့တွင် ၁၀၀ ခန့် ဂျက် လီနဲ့မုန့်ရုံတွင် အလုပ်ဆင်းရမည်ဖြစ်ကြောင်း လူပို့ပွဲစားများကဆိုသည်။ အလုပ်သမား ၁၀၀ ဦး ခန့် သွေးစစ်ရန် ကျန်သေးသည်။


         MOU အလုပ်သမားတင်သွင်းခြင်း လုပ်ငန်းစဉ်တွင် (လုပ်ငန်းရှင်က အလုပ်သမားမည်ရွေ့မည်မျှ လိုအပ် ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့လျှောက်ထားရသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အမှန်တ ကယ်လိုအပ်ကြောင်း စိစစ်၍ အလုပ်သမားခေါ်စာ(ကိုတာ) Demand Letter ကို လက်မှတ် ထိုးပေးပါသည်။ ထိုအလုပ် သမားခေါ်စာ မှန်ကန်မှု ရှိမရှိကို ဘန်ကောက်မြန်မာသံရုံးအနီးတွင် ရုံးဖွင့်လှစ် ထားသည့် အလုပ် သမားသံအရာ ရှိက သွားရောက်စစ်ဆေးအတည်ပြုရသည်။ အလုပ်သမားသံအရာရှိက အလုပ်သမား လို အပ်ကြောင်း အလုပ် ရုံ မှန်ကန်ကြောင်း လက်မှတ်ထိုးပေးရသည်။ 


    ထိုစာများနှင့်အတူ အလုပ်သမားတင်သွင်းမည့် အေဂျင်စီက ပွဲစားများအဖွဲ့ချုပ် MOEAF သို့တင်ပြရသည်။ ပွဲစားများအဖွဲ့ချုပ်က ရံပုံငွေအမြောက်အမြားကောက်ခံ၍ လက်မှတ်ထိုးပေး အတည်ပြုပေးပါသည်။ ထိုထိုေ သာ လက်မှတ်ထိုးထားသည့် စာရွက်စာတမ်းများနှင့်အတူ အလုပ်ခွင့်ဓါတ်ပုံများစွာတို့ ကို နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနသို့တင်ရသည်။ ထိုမှ မြန်မာကက်ဘိနက် (ကျမ္မာ +ပညာ+ဒုသမ္မတ) တို့က အလုပ်သမားတင်ပို့ ခွင့်ပြုသည့် စာကိုချပေးသည်။ ထို့နောက်မှ ပွဲစားအေဂျင်စီများ က ထိုင်းနိုင်ငံဘက်သို့ အလုပ်သမား တင်ပို့ ကြပါသည်။ ဤကား MOU အလုပ်သမားတင်ပို့သည့် လမ်းစဉ် အကျဉ်းပင်ဖြစ်သည်။

        ယမန်နေ့က အလုပ်သမားများရှိနေသည့်နေရာသို့ အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း ၊ အေဂျင်စီပွဲ စားများ၊ မြန်မာရဟန်းသံဃာများနှင့် AAC မဟာမိတ်အဖွဲ့တို့ သွားရောက်ဖြေရှင်းခဲ့ကြသည်။
  မော်လမြိုင်မှ အလုပ်သမားတစ်ဦးက “အလုပ်သမားသံအရာရှိက လက်ရှိပြဿ     နာကိုပြေလည်အောင်ဖြေရှင်း တာမဟုတ်ပဲ၊ အလုပ်ရုံထဲရောက်တဲ့အခါ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မဖြစ်သေးတာကိုလာပြောနေ တယ်။ ဒီလကုန်လို့မှ အလုပ်မရရင် နေ့တွက်ရဲ့ ၆၀ ရာခိုင်နုန်းတောင်းပေးမယ်ဆိုတယ်။ 

          ဦးခိုင်ကြီးတို့သာ ရောက်မလာဘူးဆိုရင် သမီးတို့ အာမခံမှုတစ်ခုခု မရနိုင်ဘူး” ဟုပြောသည်။  
          AAC ဒါရိုက်တာ ကိုခိုင်ကြီး က “ကျနော်တို့ အလုပ်ကို နားထားပေမယ့် လုပ်လက်စ ဒီကိစ္စက မလုပ်ရင် မဖြစ်တဲ့အနေအထားပါ။ ပွဲစားတွေက အလုပ်သမားတွေကို၊ နင်တို့အားကိုးနေတဲ့ AAC နဲ့ MAT တို့လည်း ဘာမှ မလုပ်နိုင်တော့ဘူးပြောတယ်။ ကျနော်တို့ သံရုံးကဒ်ရှိမှ ကူညီတဲ့အလုပ်ကိုလုပ်ရမတဲ့လား။ အလုပ်သမားတွေ က စိတ်ဓါတ်ကျပြီး အိမ်ပြန်ကြတော့မယ်လို့ ကျနော့်ကိုလှမ်းပြီးတောင်းဆိုကြတယ်။ အလုပ်သမားသံတမန်ကြီး ဦးအောင်ကိုသန်း တို့ပါရောက်နေတယ်လို့ကြားတာကြောင့်၊ ကျနော်ဖြစ်အောင်သွားခဲ့တယ်။ အလုပ်သမားပြ ဿ    နာတွေရှင်းတိုင်း  မြန်မာပွဲစား၊ မြန်မာအလုပ် သမားသံအရာရှိနဲ့ မြန်မာ အလုပ်သမားတွေနဲ့ပဲ ကျနော်တို့ ရှင်းနေရတယ်။ ထိုင်းလုပ်ငန်းရှင်နဲ့မရှင်းရတာ ကျနော်တော့နား မလည်ဘူး၊ မြန်မာအချင်းချင်းပဲသဘောတူညီ ချက်ယူနေရတယ်” ဟုပြောသည်။

         ပါဖက်ကုမ္ပဏီ တာဝန်ရှိသူ ဦးကိုလေး က နောက်အကျဆုံး ၉လ ပိုင်း ၁ရက်နေ့ အလုပ်ရမည်။  သြဂုတ် လ ၁၆ ရက်မှစပြီး အလုပ်မရလျှင် တစ်နေ့ဘတ်၃၀၀  ၏ ၇၅ ရာခိုင်နုန်း   ဖြစ်သော ၂၂၅ဘတ် ပေးမည်။ တစ်ပတ်တစ်ကြိမ်ရှင်းပေးမည်။ 

      အလုပ်မလုပ်မီကာလအတွင်းရေ၊ မီး၊ အခန်းခ လုံးဝမယူကြောင်း အလုပ် သမားသံအရာရှိ ရှေ့မှောက်တွင် ခံဝန်ကတိပြု လက်မှတ် ရေးထိုး ခဲ့ကြသည်။ 

         အသက် ၄၄ နှစ်အရွယ် အလုပ်သမား၃ဦးတို့သည် အသက်၃၈ နှစ်ပြောင်းလဲခအတွက် ပါဖက် ကုမ္ပဏီမှ ၀န်ထမ်းကို တစ်ဦးစီ ကျပ်ငွေ ခုနစ်သောင်း ပေးခဲ့ရသည်ဟုဆိုသည်။ 

       MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “မြန်မာနိုင်ငံရဲ့ခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာသံရုံးထဲမှာ တွေ့ဆုံခွင့်ရခဲ့စဉ်က အလုပ်သမားဝန်ကြီးရော အမြဲတမ်းအတွင်းဝန်ပါရှိတယ်။ G to G စစ်စစ် MOU စနစ်ဖြစ်ဖို့အတွက် ( ရပ်ကျေး+ဘဏ်+အလုပ်သမားဝန်ကြီးဌာန= MOU) လို့ ကျနော်တင်   ပြခဲ့ တယ်။ လက်ရှိမှာ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ပွဲစားတွေနဲ့ ပေါင်းစားနေမှတော့ ကျနော်တင်ပြတာတဲ့ တကယ်ကောင်း မွန်တဲ့စနစ်က ဂျောင်ထိုးထားမှာပဲလေ။ လက်ရှိအခြေအနေမှာတော့ MAT နဲ့ AAC က သူတို့အတွက် လူဆိုး လူမိုက်ကြီးတွေဖြစ်နေတယ်။ ကျွန်လာလုပ်မယ့်မြန်မာတွေကို သနားပါလို့ လူထုရွေး ချယ်ထားတဲ့ NLD သမ္မတကြီး ဦးထင်ကျော် ကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ဦးကျော်သောင်း ကပြောသည်။

        MAT အဖွဲ့နှင့်AAC အဖွဲ့တို့သည် သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် အလုပ် ထုတ်ခံ ရသည့် MOU အလုပ်သမားများ၊ သေဆုံး၊ထောင်ကျ၊ ဒဏ်ရာရခဲ့ကြသည့် မိသားစုဝင်များဖြင့် သတင်းစာရှင်း လင်းပွဲကျင်းပခဲ့ကြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ထိုင်းနိုင်ငံမှ အလုပ်သမားေ ခ်ါစာ ပွဲစားများက Tipco နာနတ်သီးအလုပ်ရုံပိုင်ရှင်အဖြစ် လိမ်လည်ပြောဆိုရာ  အလုပ်သမားများ က မောင်းထုတ်ခဲ့သဖြင့် ပြန် လည်ထွက်ခွာသွားခဲ့သည်။ ထိုင်းပွဲစားများက သတင်းစာရှင်းလင်းပွဲထိအောင် လာလိမ်ရဲသည်မှာလည်းမှာ လည်း ကြောထောက်နောက်ခံကောင်းရှိနိုင်သည်။

       အလုပ်သမားဝန်ကြီးဌာန၏ အကျင့်ပျက်ဝန် ထမ်းကြီးအချို့နှင့် ထိုင်းအရာရှိကို ဘာသာပြန်ပေး သူ တို့၏ အချွန်ဖြင့် မ,မှုတို့ကြောင့် MAT နှင့်AAC အဖွဲ့တို့ကို စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါ ထိုင်း အရာရှိက ထိုင်းနိုင် ငံတွင် သတင်းစာရှင်းလင်းထား သည်။ အဆိုပါထိုင်းအလုပ်သမားဝန်ကြီးဌာန အကြီးအကဲနှင့် တွေ့ဆုံဖြေရှင်းနိုင် ရန် MAT နှင့် AAC တို့က စောင့်ဆိုင်းနေဆဲဖြစ်သည်။ သြဂုတ်လ ၈ ရက်နေ့က မြန်မာသံရုံးအစည်း အဝေးတွင်   မြန်မာသံအမတ်ကြီးက FED,MATနှင့် AAC အဖွဲ့တို့ကို ပေးအပ်ထား သည့် မြန်မာသံရုံးအလုပ်သမား ကူညီစောင့် ရှောက်ရေး ကော်မတီကဒ်ကို မမျှော်လင့်ပဲ သိမ်းဆည်းခဲ့သည်။ ထိုအစည်းဝေး MAT အဖွဲ့နှင့် AAC အဖွဲ့တို့ က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက် ခဲ့ကြ သည်။

        လက်ရှိအချိန်တွင်၊ မြန်မာသံရုံး၊ MOU အလုပ်သမားများနှင့်  ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ စွတ်စွဲ ခံထားရသည့် AAC,MAT,နှင့် တရားစွဲဆိုခံထားရသည့်MAT အဖွဲ့တို့၏ လားရာကို နိုင်ငံတကာသတင်း   လော ကသားများက မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်းသိရသည်။