20 August 2016

“ပါဖက်ကုမ္ပဏီမှပို့ထားသည့် MOUအလုပ်သမတစ်ဦး ပါရာစီတမောဆေးလုံး ၆၀ သောက်၍အရေးပေါ်ဆေးရုံတင်ရ”




၂၀၁၆  သြဂုတ်လ ၂၀ ရက်
မြတ်ညို (အလွတ်သတင်းထောက်)



      ပါဖက် အေဂျင်စီဖြင့်လာသည့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်။ အိုင်ကျယ်ရွာ အဖဦးထင်ဝင်း ၏ သမီး အသက် ၂၇ နှစ်အရွယ် မနွယ်နီဝင်း ဆိုသူသည် ယနေ့နက်ပိုင်းက ပါရာစီ တမော အလုံး  ၆၀ သောက် ချလိုက်သဖြင့် ကထုန် ဘန်ဆေးရုံကြီးသို့ နေ့လည် ၁နာရီခန့်က အရေးပေါ် တင်လိုက် ရကြောင်း အခန်း နီး နေသူများကပြောသည်။
       အလုပ်သမားတစ်ဦးက “ ပေးလာရတဲ့ငွေက လေးငါးသိန်း။ အတိုးကကြီးကြီး။ ခုထိအလုပ်မလုပ်ရသေးတော့ နေရပ်ရင်းက အခြေ အနေတွေကိုစိတ်မချမ်းသာဖြစ်လွန်းလို့ သေချင်လည်းသေေ စတော့ဆိုပြီး ဆေးတွေ သောက်လိုက်တယ်ထင်တယ်” ဟု ပြော သည်။ 

         မနွယ်နီဝင်း မှာ ဆေးရုံသို့အချိန်မီရောက်ရှိခဲ့သဖြင့် အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း ဆေးဝါးကုသမှုခံနေရဦးမည်ဖြစ်ပါ သည်။ 
 

မနွယ်နီးဝင်း သည် PERFECT  MANAGEMENT CO,LTD ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့က နှစ်နိုင်ငံသ ဘောတူညီချက် MOU   ဖြင့်လာခဲ့သည့် ၂၇၆ ဦးထဲမှ တစ်ဦးဖြစ်ကာ စမုတ်စာ ခွန်နယ်မြေ အုန်းနွဲ့ နယ်မြေမှ လူနေဆောင်များသို့ပို့ဆောင်ထားပါသည်။

     သို့ရာတွင် တစ်လကျော်ကြာလာသည့်ကာလအတွင်း အလုပ်သမား ၅၀ ဦးခန့်သာ အလုပ်သွင်းပေးနိုင်သေး သည်။ ၅၀ ဆယ်ကျော်မုန့်ရုံတွင် အလုပ်ဆင်းနေပြီ။ ဗုဒ္ဒဟူးနေ့တွင် ၁၀၀ ခန့် ဂျယ်လီနဲ့မုန့်ရုံတွင် အလုပ်ဆင်းရ မည်ဖြစ်ကြောင်း လူပို့ပွဲစားများ ကဆိုသည်။

 အလုပ်သမား ၁၀၀ ဦး ခန့် သွေးစစ်ရန် ကျန်သေးသည်။  အဆိုပါ အလုပ် သမားများ မှာ တစ်လကျော်ကြာသည့်တိုင်အောင် အလုပ် မရှိသဖြင့် မြန်မာရဟန်းသံဃာများနှင့် မြန်မာအသင်း အဖွဲ့များက အစားအစာများလာရောက် ကူညီပေးနေ  ကြဆဲဖြစ်သည်။

      
      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“MOU အလုပ်သမား    တွရဲ့ ပကတိအခြေအနေကို အယင်ကာလတွေတုန်းက အာဏာရှင်ခတ်မို့ လို့ မြန်မာအစိုးရက မသိချင်ယောင်ဆောင်ခဲ့တယ်။ ပွဲစားတွေနဲ့ ပေါင်းစားခဲ့တယ်ဆိုတာ နားလည်ပေးနိုင်   သေးတယ်။ အခုအုပ်ချုပ်နေတာက မြန်မာပြည်သူတွေ က်သန်းမင်တို့ပြီးရွေးချယ်ခဲ့တဲ့ အရပ်သား NLD အစိုးရပါ။  ထိုင်းကအခြေအနေမှန်ေ တွကို ဘယ်လောက်အထိ ဥပေက္ခာပြုမလဲ ဆိုတာ ကျနော်တို့   စောင့်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ဘူး။ အဖိနှိပ်ခံ ပြည်ပ ရောက်အလုပ်သမားတွေဘ၀ အယင် အတိုင်းပဲရှိပါသေးတယ်” ဟုပြောသည်။ 

              MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း သည် ဇွန်လ ၂၅ ရက်နေ့က  နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကောက်မြန်မာသံရုံးတွင် အလုပ်သမားအရေး   ဆာင်ရွက်သူများနှင့် တွေ့ဆုံခွင့်ရစဉ်က အလုပ်သမားလူတန်းစားများအတွက်၊ စရိတ်စက သက်သာခြင်း၊ ပွဲစားနှင့် အကျင့်ပျက်ဝန်ထမ်းတို့၏  မတရားခေါင်းပုံဖြတ်မှုမှ လုံးဝလွတ်မြောက်စေရန်နှင့် မိမိလုပ်အားခ အပြည့်အ၀ ရရှိရေးနှင့် နေရပ်ရင်းသို့ပြန်ပို့ငွေများလုံခြုံစွာရောက်ရှိစေနိုင်မည့်နည်းလမ်းဖြစ်သော (ရပ်ကျေး   + ဘဏ်+ အလုပ်သမားဝန်ကြီးဌာ=MOU) စနစ်ကို အကောင်အထည်ဖေါ်ဆောင်သင့်ကြောင်း တင်ပြေ ဆွးနွေးခဲ့ပါသည်။

         သို့ရာတွင် လက်ရှိအချိန်တွင် မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများသည် ပွဲစားများဖြင့်
မလေးရှားနှင့် ထိုင်းတို့ကို အားသွန်ကြိုးပမ်း၍ အလုပ်သမားများကိုတင်ပို့နေကြဆဲဖြစ်ကြောင်း နိုင်ငံပိုင်
သတင်းစာဖေါ်ပြချက်များအရသိရှိရသည်။