30 August 2016

“အများကိုကောင်းကျိုးမပြုပဲ လုပ်ကိုင်ခွင့်အာဏာနဲ့စီးပွားရှာတဲ့ MOEAF အဖွဲ့ကိုအပြီးတိုင် တိုင်ဖျက်သိမ်းသင့်ပြီ”


 ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များMOEAFအဖွဲ့ချုပ်ကိုမည်သည့်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ပါလဲ?

        MOEAF စတင်ဖွဲ့စည်းသည့်ရည်ရွယ်ချက်၊ ပါဝင်သူများ၏သဘောထားများမှာ မည်သို့ရှိမည်ကို မသိသော် လည်း လက်ရှိအဖွဲ့တွင်တာဝန်ယူနေသော ဥက္ကဌဦးမင်းလှိုင် နှင့် အတွင်းရေးမှူးဦးကျော်ထင်ကျော် တို့တာဝန် ယူသည့်လက်ထက်တွင် အသင်းဝင်အေဂျင်စီများ၏အကျိုး၊ ရွှေ့ပြောင်းလုပ်သားများ၏အကျိုးများအားဆောင် ရွက်မှုထက် မိမိတို့အာဏာရရှိရေးကိုသာ ဦးစားပေးခဲ့သည်ကို မြင်တွေ့ရပါမည်။

တို့တန်ခိုးထွားရေးကိုသာ အဓိကထားမှုကြောင့် ဥပဒေနှင့်ညီ၊မညီ မစဉ်းစားဘဲ လူကြီးကြိုက်၊ လူကြီးကပ် ဖားပြုလုပ်၍ တို့အာဏာ၊ အကျိုးစီးပွားများရရှိအောင် ဆောင်ရွက်ခဲ့ကြသည့်ဖြစ်စဉ်များကိုတင်ပြပါမည်။ ……………………………………………………….. …………………………………………………………………

          အဖွဲ့အစည်းတို့မည်သည် မိမိတို့ဆန္ဒအလျောက်လုပ်ချင်သလိုလုပ်ကိုင်၍မရ၊ လူတစ်ဦးတစ်ယောက် လူပုဂ္ဂိုလ်တစ်စု၏သြဇာလွှမ်းမိုးမှုများမပြုလုပ်နိုင်ရန်အတွက်နှင့် အများလိုက်နာဆောင်ရွက်ပါဝင်နိုင်စေရန်စည်း မျဉ်းစည်းကမ်းများထားရှိရပါသည်။ ၄င်းကိုသင်းဖွဲ့စည်းမျဉ်းဟုခေါ်တွင်ပါသည်။

 အသင်းအဖွဲ့တွင်မှမဟုတ်၊ ပါတီ၊ ယုတ်စွအဆုံးနိုင်ငံတစ်ခုတွင်ဥပဒေဆိုသည် နှင့်လူသားများကို အကာအကွယ်ပြုပေးထားရပါသည်။ သို့မဟုတ်ပါကအာဏာရှိသောသူ၊ အုပ်စုများသောသူများ၏ အနိုင်ကျင့် ခြင်းကိုခံ၇ပေမည်။ ယခု၎င်းတို့MOEAFတွင်လည်းသင်းဖွဲ့စည်းမျဉ်းဆိုသည်ရှိမည်သေချာပါသည်။ ၄င်းအသင်း တွင်ပါဝင်သူများ (သို့) အသင်းကိုဦးဆောင်နေသော အလုပ်အမှုဆောင်များသည် သင်းဖွဲ့စည်းမျဉ်းကို လိုက်နာ ပါသလား။ အကယ်၍သင်းဖွဲ့စည်းမျဉ်းကိုဖောက်ဖျက်ခဲ့ပါလျှင်ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ၄င်း အဖွဲ့အစည်းနှင့် တာဝန်ရှိသူတို့ကိုအရေးယူရပါမည်။ လက်ရှိဥက္ကဌဖြစ်သူ ဦးမင်းလှိုင် သည်ပင်လျှင် သင်းဖွဲ့ စည်းမျဉ်း ဆိုသည်ဘယ်အရာဆိုတာကို သိရှိပါသလား ဆိုသောမေးခွန်းများ မေးချင်ပါသည်။

၂၀၁၄ခုနှစ်၊ဇွန်လ ( ၁၃ )ရက်နေ့ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးမှ အေဂျင်စီများလိုက်နာရန် စည်းကမ်း ချက်များဟူသော အမိန့်ကြော်ငြာစာတစ်စောင်ထုတ်ဝေခဲ့ပါသည်။ ၄င်းအမိန့်ကြော်ငြာစာတွင် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအားလုံးသည် MOEAF အသင်းဝင်ဖြစ်ရမည်ဟုပါရှိပါသည်။ ၄င်းအမိန့်ကြော်ငြာစာသည် ကျွန်ုပ်တို့နိုင်ငံဥပဒေနှင့်ကိုက်ညီမှုမရှိသည်သာမက MOEAF ၏သင်းဖွဲ့ စည်းမျဉ်း၊ မြန်မာနိုင်ငံသင်းဖွဲ့စည်းမျဉ်းဥပဒေနှင့်ပါ ကိုက်ညီမှုမရှိကြောင်းထင်ရှားနေပါသည်။

အသင်းအဖွဲ့တို့၏ဖွဲ့စည်းပုံဥပဒေတို့တွင် မိမိဆန္ဒအလျောက်ပါဝင်လိုသူများဖြင့် ဖွဲ့စည်းရမည်ဟုပါရှိမည် မှာမလွဲဧကန်ဖြစ်ပေမည်။ ထိုသို့ဥပဒေနှင့်အညီထုတ်ပြန်မှုမရှိသော အမိန့်ကြော်ငြာစာအား အဖွဲ့ချုပ်တွင်တာဝန် ယူထားသော အများကောင်းကျိုးကိုကိုယ်ကျိုးစွန့်ဆောင်ရွက်နေပါသည်ဟု ကြွေးကြော်နေသော ဦးမင်းလှိုင် နှင့် ဦးကျော်ထင်ကျော် တို့ အဘယ့်ကြောင့်မကန့်ကွက်ခဲ့ပါသနည်း။ သို့တည်းမဟုတ် ဥပဒေဆိုကိုမသိ၍ မကန့် ကွက်ခြင်းလား၊ ဥပဒေကိုသိလျက် မျက်ကွယ်ပြုခဲ့ခြင်းလားဆိုသည်မှာ ကာယကံရှင်များသာ သိပေလိမ့်မည်။


လိုင်စင်ရအေဂျင်စီအားလုံး MOEAF အဖွဲ့ဝင်ဖြစ်ရမည်။ လိုင်စင်ရအေဂျင်စီတွေကကော ဥပဒေနှင့်မညီ သောအသင်းကိုဘာ့ကြောင့်ဝင်ခဲ့သလဲဟုမေးခွန်းထုတ်စရာရှိလာပါသည်။အသင်းမ၀င်လျှင်၎င်းတို့ထံမှ ထောက် ခံစာမရ။  MOEAF ထောက်ခံစာမပါလျှင် အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ အလုပ်သမားတင်ပို့ခွင့် မပြု၍ ဖြစ်ပါသည်။ ယခင်အလုပ်သမားဝန်ကြီး ဦးအေးမြင့် လက်ထက်က အဘယ့်ကြောင့် MOEAF ကို အတိုင်းအဆ မရှိ လုပ်ကိုင်ခွင့်အာဏာပေးခဲ့ပါသနည်း။ MOEAFအဖွဲ့ချုပ်နှင့် ၀န်ကြီးဟောင်းတို့၏ မည်သို့သော ဇယားများရှိ နေခဲ့သလဲမေးခွန်းထုတ်ရပါမည်။ အဲဒီလိုအမိန့်တွေ၊ အာဏာတွေနဲ့ ထောက်ခံစာကို ဖန်ဆင်းလိုက်တာကြောင့် လိုင်စင်ရအေဂျင်စီတွေ MOEAF အဖွဲ့ချုပ်ကိုမချစ်လို့၊ မဆက်ဆံလို့မရတော့တာသေချာသွားပါပြီ။ အဖွဲ့ချုပ် အာဏာတွေ ပါဝါတွေပြကြပြီး ၄င်းတို့လက်မှတ်မထိုးရင်မဖြစ်၊ ၄င်းတို့ကို မခယရင်မဖြစ်ဆိုကာ သွေးနားထင် ရောက်ပြီး၊ အချင်းချင်းဗိုလ်ကျ စိုးမိုးမှုတွေဖြစ်ပေါ်လာပါတော့သည်။ အလုပ်သမားသံအရာရှိက မည်သို့ပင် စစ်ဆေးထောက်ခံပါစေအဖွဲ့ချုပ်က ကန့်ကွက်လျှင်အေဂျင်စီသေဖို့သာရှိပါတော့သည်။

မလေးရှားနှင့်ထိုင်းတို့တွင်ဖွင့်လှစ်ထားသော MOEAF ရုံးခန်းများဖွင့်လှစ်ကာ အလုပ်သမားအရေး ဆောင်ရွက်သလိုအရာင်ပြပြီး မိမိတို့အကျိုးစီးပွားများအတွက် ပိုမိုဆောင်ရွက်လာခဲ့ကြသည်။  မလေးရှားတွင် Demand ထောက်ခံစာရရန်အတွက် MOEAF (မလေးရှားရုံးခန်း) တွင်တင်ပြလျှင် အဆင်ပြေကြောင်း၊ အသင်း သားများနှင့် သံအရာရှိကြားတွင် ဆင်ပြေချောမွေ့မြန်ဆန်စေရန် MOEAF ကဆောင်ရွက်မည်ဟု အေဂျင်စီ များကို အသိပေးဝါဒဖြန့်ခဲ့ပါသည်။ နောက်ပိုင်းကြားရသောအတင်းအရ အေဂျင်စီများ၏ Demand များကို ဖျောက်ဖျက်သလို မလေးရင်းဂစ်ငွေ သုံးသောင်းကျော် ခိုးယူထွက်ပြေးခဲ့သည်ဟုသိရပါသည်။ ၄င်းဝန်ထမ်းကို မည်သူခန့်ထားပါသနည်း။ မည်သူကတာဝန်ယူပါမည်နည်း။ ပျောက်သွားသော ထိုဝန်ထမ်းအလွဲသုံးစားပြုသော ငွေများမှ အများပိုင်ငွေများပင်ဖြစ်ပါသည်။ ၄င်းအဖြစ်အပျက်ကို အသံမထွက်စေရန် ၄င်းတို့အာဏာပါဝါဖြင့် ဖုံးဖိ ခဲ့ပါသည်။ ထိုကဲ့သို့မတရားမှု၊မသမာမှုပေါင်းများစွာရှိခဲ့ပါသည်။ အထက်ပါ အဖြစ်အပျက်တစ်ခုကိုသာ ဥပမာအ နေဖြင့် တင်ပြရခြင်းဖြစ်ပါသည်။

MOEAF အနေဖြင့် ထိုင်းနှင့်မလေးတွင်ရုံးခန်းများဖွင့်ခြင်းအားဖြင့် အသင်းဝင်အေဂျင်စီများအကျိုးကို ဆောင်ရွက်ခြင်းလားမိမိတို့အကျိုးကိုဆောင်ရွက်ခြင်းလားဟူ၍မေးစရာရှိလာပါသည်။ အဓိကအားဖြင့်ထိုင်းနိုင်ငံ ရှိရုံးခန်း၌တာဝန်မှူးများအား ၄င်းတို့အလိုကျခန့်ထားပြီး အေဂျင်စီများ၏ပြသနာအားကူညီဖြေရှင်းပေးသည်ဟု ဗန်းပြကာ အလုပ်ခေါ်စာရှာဖွေခြင်းကို အဖွဲ့ချုပ်စားရိတ်ဖြင့် တွင်တွင်ကျယ်ကျယ်ပြုလုပ်နေသည်ကို ထိုင်းသို့ လုပ်သားပို့ဆောင်သော အေဂျင်စီများသိရှိခံစားနေရပါသည်။

နောက်တစ်ခုတင်ပြရလျှင် ၄င်းတို့သုံးချင်တိုင်းသုံးစွဲနေကြသောငွေများမှာ မည်သည့်လမ်းကြောင်းများ မှရရှိနေကြပါသနည်း။ Demand Letter ထောက်ခံစာများထောက်ခံခြင်းနှင့် မလေးရှားနိုင်ငံသို့သွားမည့် လုပ်သားများ အမှန်တကယ်အကျိုးမရှိသော လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်းမှ ရရှိသောငွေများဖြစ်သည်ကို တွေ့ရှိရပါသည်။ တနည်းပြောရသော် လုပ်သားများထံမှ အာဏာသုံးခေါင်းပုံဖြတ်ထားသောငွေများဖြစ်ပါသည်။

ထိုကဲ့သို့ရွှေ့ပြောင်းလုပ်သားများထံမှ ခေါင်းပုံဖြတ်အမြတ်ထုတ်သောလုပ်ငန်းတူအေဂျင်စီ အချင်းချင်း ဗိုလ်ကျစိုးမိုးကာ ကိုယ်ထင်ရာကိုယ်စိုင်းနေသောလူတစုကြီးစိုးသောထိုအဖွဲ့မှ အသင်းဝင်အေဂျင်စီများအနေဖြင့် မိမိတို့လွတ်လပ်သော သဘောဆန္ဒအလျောက် နှုတ်ထွက်၍ လုပ်သားများထံခေါင်းပုံဖြတ်မှု သင်းဖွဲ့စည်းမျဉ်းနှင့် မညီညွတ်မှု၊ နိုင်ငံ၏ဥပဒေကိုမျက်ကွယ်ပြု၍ မ၀င်မနေရ ဟုသတ်မှတ်ထားမှုများအားတရားစွဲဆိုသင့်ပါသည်။ ၄င်းအပြင် အာဏာရူးများ အများပိုင်ငွေများ၊လုပ်သားများထံမှ မတရားကောက်ခံငွေများအား အလွဲသုံးစား ပြုလုပ်နေမှုများကိုလည်း တရားစွဲဆိုသင့်ပါသည်ဟု အကြံပြုအပ်ပါသည်။ MOEAF ကိုအမှုဆောင်များမရှက် တတ်၍ အဖျက်သိမ်းပါက  အမှန်တရားကိုလိုလားသည့် အေဂျင်စီများက နုတ်ထွက်ကြရမည်ဖြစ်ပါသည်။

 အများအကျိုးဆောင်ရွက်နေသည်ဟု ကြွေးကြော်နေသောMOEAFအဖွဲ့ချုပ်ကို အဓိကတာဝန်ယူ မောင်းနှင်နေသည်ဟုဆိုသော အတွင်းရေးမှူး ဦးကျော်ထင်ကျော် အား မေးခွန်းတခုမေးလိုပါသည်။ နေ့မအား၊ ညမနားမိမိကိုယ်ပိုင်စီးပွားရေးကိုပြစ်၍ အဖွဲ့ချုပ်ကြီးအရေး၊အေဂျင်စီအရေးများကိုဆောင်ရွက်နေပါလျက် ဘာ ကြောင့် စီးပွားဥစ္စာတိုးတက်လာပါသနည်း။ မှန်ကန်သည့်ဝင်ငွေများဖြင့်ချမ်းသာခဲ့သည်ဆိုလျှင် အများသိအောင် ချပြသင့်ပါသည်။ အကယ်၍များအသင်းချုပ်အတွင်းရေးမှူးဆိုသောရာထူးကြောင့် တိုးတက်ခဲ့ပါလျှင် မိမိအသိ စိတ်ဖြင့် နှုတ်ထွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် ရှိသင့်သည်များမရှိပဲ မရှိသင့်သည်များရှိနေခဲ့ခြင်းများ ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာအောက်ဆုံးအဆင့်ကိုရောက်ရှိနေရခြင်းဖြစ်ကြောင်း နိုင်ငံကိုအုပ်ချုပ်နေသည့် လက်ရှိ ရွေးကောက်ခံ NLD အစိုးရသစ်အနေဖြင့် အထူးသတိပြုသင့်ပါသည်။    

        အေဂျင်စီများမှပေးပို့လာသည်ကို ရွှေလုပ်သားမှ အလုပ်သမားအကျိုးအတွက်ဖေါ်ပြပါသည်။