16 August 2016

“လူပွဲစားများ၏အကျင့်ယုတ်မဟာဗျူဟာများ”



   
                                 

                MAT အဖွဲ့နဲ့ AAC အဖွဲ့တို့ သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ  MOU အလုပ်သမားတွေ နဲ့အတူ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တယ်။ 

   သတင်းမီဒီယာတွေအမြောက်အမြားကြွရောက်အားပေးခဲ့ကြတာကြောင့် လူ ၁၂၀ ခန့်ဆန့်တဲ့အခန်းမှာ ခန်းလုံးပြည့်သွားခဲ့တယ်။ အရုပ်ဆိုးအကျည်းတန်ခဲ့တာကတော့ အလုပ် သမားဝန်ကြီးဌာနက အကျင့်ပျက် ၀န်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျွန်လူတန်းစားအလုပ်သမားတွေဆီက မတရားခေါင်းပုံဖြတ်ပြီး (အလုပ် သမားမျက်ရည်စာတွေနဲ့) လောလောဆယ် တိုက်ပိုင် ကားပိုင်တွေနဲ့ဖြစ်နေကြ တဲ့ပွဲစားကြီးငယ်မတွေနဲ့ ပွဲစားအဖွဲ့ချုပ်ဂိုဏ်းစတားတို့ လာရောက်မိုက်ရိုင်းခဲ့ကြတာကြောင့် သတင်းစာရှင်း လင်းပွဲ အချိန်မပြည့်ခင် ရုပ်သိမ်းခဲ့ရတာပါ။

        ဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင် နံနက်ပိုင်း ၁၀ နာရီက ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ ပွဲစားတွေကလည်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ မေ၀င့်ကုမ္ပဏီ ဒါရိုက်တာ ဦးနေ၀င်း က အလုပ်သုံးခုပြောင်းလဲခွင့် စာချုပ်ဖြစ်ကြောင်း ဆဲဗင်းဒေး  ရုပ်သံသတင်းမှာထုတ် လွှင့်ချက်အရMOUစည်းဘောင်တစ်ခုလုံးကို သူလုပ်ချင်တိုင်းလုပ်ခွင့်ရတာကိုပြနေတာလားလို့ ထင်မိတယ်။

                      “ဘာကြောင့်ဒီလောက်အထိ ပေါ်ပေါ်ထင်ထင်လိမ်ရဲကြပါလိမ့်”
       ထိုင်းနိုင်ငံတောင်ပိုင်း ကကျွတ်ခရိုင်က Tipco နာနတ်သီးအလုပ်ရုံက အလုပ်ထုတ်ခံရတဲ့အလုပ် သမား၂၃ ဦး တာဝန်ရှိတဲ့အေဂျင်စီက စွန့်ပစ်ခံရတာကို AAC အဖွဲ့ကစရိတ်စကတွေကို အလုပ်သမားမိဘေ တွဆီကမှာ ယူပြီး ထိုင်းလ၀က အကူညီနဲ့ မြန်မာပြည်ထဲကိုအရောက်ခေါ်ယူသွားခဲ့တယ်။ 

    ဒီအလုပ်သမားတွေနဲ့ သတင်းစာရှင်းကြတဲ့အခါ လိပ်စာကဒ်မှာ နေရာ ၂မျိုးကိုရေးသားထားတဲ့ သာမန် Demend (အလုပ်သမားခေါ်စာ) ပွဲစား Atin Sub  L.t Wirach Phandontree ဆိုတဲ့ ကုလားဆင်  ထိုင်းလူမျိုး (ထိုနေ့က အပြာရောင်တီရှပ်) ကိုဝတ် ဆင်ထားသူက နာနတ်သီးစက်ရုံပိုင်ရှင်သူဌေးအဖြစ် ၀င်ရောက် သရုပ်ဆောင်ခဲ့တယ်။ ပွဲစားမကြီး ဒေါ်သန်းသန်းမူ ကဘာသာပြန်ပေးခဲ့တယ်။


   တပြိုင်တည်းမှာပဲ အဲဒီ အလုပ်သမား   တွေကို တင်ပို့ခဲ့တဲ့ မေ၀င့်အေဂျင်စီ  ဒါရိုက်တာ ဦးနေ၀င်း က သက်သေ    တွေရှိတယ်ဒီမှာ ဆိုပြီးအလုပ်သမား  တစ်ယောက်ကိုခေါ်ထုတ်ပြတဲ့ အခါမှာ အလုပ်သမား ၂၃ဦးစလုံးတို့ က မဆိုင် သူတွေကိုခေါ် လာပြီး ထပ်လိမ်နေတာ လို့ အော်ပြောတော့မှ နောက်ဆုတ် သွားခဲ့ကြပါတယ်။   

ဒီအလုပ်သမားတွေကို ထိန်းချုပ်ပေး   နေရသူတစ်ဦးဖြစ်တဲ့ ဇော်ထိုက်အောင် ဟာ မေ၀င့်ကုမ္ပဏီ ရဲ့တရားဝင် ၀န်ထမ်းလား။  ဒီလို လိမ်စဉ်ကို  ဒီလူတွေ ဘယ်သူ့အားကိုးနဲ့ ဒီလောက်အထိ ရဲရဲတင်းတင်း   မြန်မာပြည်ကိုလာလိမ်ခွင့်ရနေကြ သလဲ။

       MOEAF အင်တာနက်စာမျက်နှာမှာတော့ အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ညွန်ကြားေ ရး မှူးချုပ် ဦးမျိုးအောင် က “အဲလိုကူညီတာကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ကူညီပုံ ကူညီနည်းက အမှန် တကယ်ထိရောက်တဲ့ကူညီမှုဖြစ်ဖြစ်ရမယ်။ မိမိသဘောနဲ့ အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေမသိပဲ    ခေါ်  လာတယ်ဆိုတာတော့ ဒါမဖြစ်ရဘူး။ အဲ့တော့ အဲ့အလုပ်သမားတွေက Black List ဖြစ်သွားပြီ။ အဲေ တာ့ အက်ိဳး မဟုတ္ဘူး။ ဒုက္ခတောင်ရောက်သွားပြီ။ ဒါ ကိုယ့်ရဲနာမည်ရအောင်လုပ်တာလား၊ အဲ့အတွက် အလုပ်သမားတွေ နစ်နာတာကအလုပ်သမားတွေဖြစ်သွားတယ်” လို့ ပြောဆို ခဲ့ကြောင်းaရးထားတယ်။ 

      အမြဲတမ်းအတွင်းဝန်ဟာ အကြောင်းရင်းမြစ်တွေဖြစ်တဲ့ (ထိုင်းမှာ ကြက်သားပေါက်ငယ်သေးတယ် ဆိုပြီး ရန်ကုန်တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင် ရဲ့လက်မှတ်နဲ့ မြ၀တီမှာ စာချုပ်ပြောင်းချုပ်တာ၊ ထိုင်းမှာ ၄လပဲ လုပ်ရပြီး အလုပ်ထုတ်ပစ်တာတွေ မသိချင် ယောင်ဆောင်ပြီး)   အခက်အခဲတွေကြားက နေရပ်ရင်းကို ပြန်
   လည် ပို့ဆောင်ပေးခဲ့တဲ့ အကူညီပေးသူတွေကို အပြစ်တင်ခဲ့တယ်။ စာချုပ်ကိုဖေါက်ဖျက်ကျူးလွန်တဲ့    မေ၀င့်ကုမ္ပဏီကို ဘယ်သောအခါမှ အရေးမယူတာကိုတော့ အေဂျင်စီလောကတစ်ခုလုံး အံ့သြမဆုံးကြ ဘူး။
 
               “ကြံဖေါ်ကြံဘက်ဤသုံးဦးအနက်တွင်မှ ကံဆိုးတဲ့ငမိုက်သားမုဆိုး AAC နဲ့MAT”
        မဟာဗုဒ္ဓ၀င်ထဲက  ဆန္ဒန်ဆင်မင်း ဇာတ်တော်ထဲကမှာ အစွယ်လိုသူက မိဖုရား၊ အသွားစေသူက မင်းဧက္ကရာဇ်၊ သတ်ရင်လည်းသေ၊ထားရင်နေဖြစ်ရသူက မုဆိုးကြီး သောနုတ္ထိုရ်ဖြစ်တယ်။ အခုလည်းပဲ လူပို့ တဲ့အေဂျင်စီပွဲစား၊ ဒုက္ခအမှန်တကယ်ရောက်နေကြတာက ထိုင်းရောက်  MOU  မြန်မာအလုပ်သမား။ တရား စွဲခံနေရတာက အလုပ်သမားအရေးဆောင်ရွက်ကြတဲ့ MAT နဲ့ AACအဖွဲ့တွေဖြစ်တယ်။ 

ထိုင်းနိုင်ငံအတွင်းမှာဖြစ် ပျက်နေသမျှ ခံနေရသူကမြန်မာတွေဖြစ်တယ်။ ထိုင်းနဲ့မြန်မာပွဲစားတွေကြားထဲမှာ ဘ၀တွေပေးဆပ်နေကြရသူ တွေက မြန်မာဆင်းရဲသားတွေ။ ဒီယန္တရားကြီးဟာ အနိုင်ကျင့် ဂုတ်သွေးစုတ်တဲ့ အမြတ်စွန်းများ တဲ့လုပ်ငန်း ကြီးဖြစ်နေတာကြောင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ နည်းမျိုး စုံနဲ့ ဖုံးဖိကာကွယ်နေကြတယ်။

           ပွဲစားတွေစုပေါင်းပြီးဖွဲ့ထားတဲ့ MOEAF ရဲ့ မတရားမှုတွေ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ အကျင့်ပျက် ၀န်ထမ်းကြီးအချို့တို့ရဲ့ မြောက်ဒဂုံက ပင်လုံခန်းမကဇာတ်ကြောင်းတွေနဲ့ ကျောက်လုံးစခန်းက သိုက်ဆရာ   တွေရဲ့ လုပ်ရပ်တွေကို အမေဒေါ်အောင်ဆန်းစုကြည် ကို ဇူလိုင်လ ကတည်းက စာရေးသူဟာ ရေးသား   ပေး ပို့ထားခဲ့ပါတယ်။ ဒီတိုင်ကြားစာဟာ လူတစ်ယောက် လူတစ်အုပ်စု နစ်နာရေးအတွက်မဟုတ်ပဲ၊ အဲဒီ လူတွေက ပြည်ပကိုကျွန်ထွက်ခံမယ့် မြန်မာအလုပ်သမားတွေ အပေါ်မှာ မတရားခေါင်းပုံ ဖြတ်မှုတွေသြာ ဖစ်ပါတယ်။ 

                                                 “လူလိမ်ဗျူဟာများ”
          ပွဲစားများအဖွဲ့ချုပ်မှာ အဓိက လှုပ်ရှားသူဗိုလ်ဟောင်းတစ်ယောက်ရှိတယ်။ ဒီလူက ပြည်တော်ပြန် အလုပ်သမားတွေ ကို စည်းရုံးရေးဆင်းတယ်။  ရိုးရိုးဆင်းတာမဟုတ်ဘူး။ ဦးကျော်သောင်း က သတင်းစာ ရှင်းလင်း ပွဲတစ်ခါလုပ်ရင် ကျပ်ငွေ သိန်းရာချီရတယ်။ မင်းတို့ ကိုဘာပေးလဲ။ ဘာကူညီလဲ။ မင်းတို့ပဲ ဘ၀ ပျက်တာ မဟုတ်ဘူးလား။ ဦးကျော်သောင်း ကြောင့်ဘ၀ပျက်ရတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲမှာပြော   ပေးပါလားလို့။ ငွေပေးပြီးစည်းရုံးတယ်။ စွတ်စွဲပြောဆိုတာမဟုတ်ဘူး။ ကုန်ခဲ့တဲ့နှစ်က မိုးမိုးမိသားစု  နဲ့လာပြီး အမှိုက်ရုံမှာ ဒုက္ခရောက်လို့ ရဲစခန်း မှာညအိပ်ခဲ့ရတဲ့ မသန်းသန်းပြုံး ကပြောပြတာဖြစ်တယ်။ 


    ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့ အောခစ် ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တုန်းကလည်း  မဟာချိုင်မှာ ထိုင်းနဲ့အိမ်ထောင် ပြုထားတဲ့ ပွဲစားမကြီးနဲ့ ဘုရားသုံးဆူက ရဲဝန်ထမ်းဟောင်း ဆိုသူတို့ကိုခေါ်လာပြီး။ သူမိန်းမတို့ ကယ်ဆယ်ရေးစခန်းထဲမှာ ကြာနေတာ ဦးကျော်သောင်း ကြောင့်ပါလို့ ပြောခိုင်းတယ်။ လုပ်အား ခ မရလို့ ဘောစကိုင်းရွက် ပြုတ်စားရတာကို စားချင်လို့ ပြုတ်စားတာပါလို့ သတင်းစာရှင်းကြပြန်တယ်။ မကြာသေးမီက ဧရာဝတီတိုင်း မြောင်းပြမြို့က မပြုံးဝင်း ကိစ္စကိုလည်း ခုပဲရုံးခန်းဖွင့်ပေးထား သလိုလို မလေးရှားကိုမိသားစု ၂ယောက်ကိုပို့ ထားပြီးလုပ်ခ ထက်ဝက်ကို  မပြုံးဝင်းကို အထောက်အပံ့ပြု ထားသ လိုလို NEWS WATCH မှာ ရေးထားတယ်။ အဖားလွန်ပြီး သတင်းခေါင်း စဉ်ကိုတောင်မှ ငါးဖမ်းလှေပေါ် တွင်ခြေထောက်ကျိုးပြီး လက်ပြတ်ခဲ့သည့်မြန်မာ အလုပ်သမား လျှော်ကြေးငွေ ဘတ်၆သိန်းခွဲရရှိ ဆိုပြီး   ရေးလိုက်သေးတယ်။ 

         အလုပ်သမားသံတမန်ကြီးနဲ့ အကျိုးအမြတ်ရထားတဲ့ အေဂျင်စီတွေ ညှိနှိုင်းပေးခဲ့တာက ဘတ်ငွေ   နှစ်သိန်းခွဲရယ်ပါ။ MAT အဖွဲ့က ဘတ်ငွေ ၆သိန်းခွဲအထိ ရရှိအောင် ကူညီပေးလိုက်တဲ့ ငွေပုံကြီးရှေ့ မှာ ဓါတ်ပုံ ရိုက်ရဲတာတော့ မအံ့သြတော့ပါဘူး။ ဘန်ကောက်က အလုပ်သမားသံအရာရှိက ကူညီသူနဲ့တွေ့ဆုံ ဓါတ်ပုံရိုက် ခွင့်မပေးခဲ့တဲ့ တာကိုတော့ ခံပြင်းဆုံးပဲ။

         ရန်ကုန်သတင်းစာရှင်းလင်းပွဲအပြန် လူပန်းစိတ်ပန်း ငွေကုန်ခဲ့ပေမယ့်   ကျေနပ်စရာ အနည်း ငယ်တော့တွေ့ခဲ့ရတယ်။ ပေါ်ပြူလာဂျာနယ်မှာ "တူးတာ ညာင်မြစ်၊ ပေါ်တော့ ပုတ်သင်ဥ” ဆိုတဲ့ေ ဆာင်းပါး။  အလုပ်သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဦးသိန်းဝင်းနဲ့ AAC ရုံးတာဝန်ခံ ကိုစောမြချို တို့ ကို MRTV4 ကမေးမြန်းထုတ်လွှင့်သွားခဲ့တဲ့အစီအစဉ်ပြီးတော့ အလဲဗင်းမီဒီယာ ကထုတ်လွှင့်တဲ့ အင်ကလူးစစ် အစီအစဉ်မှာ ဦးကျော်သောင်း နဲ ဗီဒီယိုအင်တာဗျူးထုတ်လွှင့်ချက်တွေပဲဖြစ်ပါတယ်။ မီဒီယာအတော်များ များကတော့ “မြန်မာ NGO ၂ခုကို ထိုင်းအထူးစုံစမ်းရေးDSI ကစစ်ဆေးမည်”လို့ ရေးကြသူတွေလည်း ရှိခဲ့ကြသကို။

                                        “လောလောဆယ် ရွှေဘရှုံးနေပါတယ်”

        လိမ်စားကြ၊ညာစားကြ၊ ပေါင်းစားကြ၊ ဘယ်လောက်အထိ စားခွင့်ရနေကြ အုံးမလဲ။ လောလောဆယ် ရွှေဘ တို့ MAT တော့ ရှုံးနေတယ်။ ဒါပေမယ့် အမှန်တရားပေါ်ထွက်လာတဲ့ တစ်နေ့ မှာတော့ ယုတ်မာရက်စက်ထားသမျှ၊ မတရားဝါးမြိုထားသမျှ အရာအားလုံး အံထွက်လာမှာကိုတော့ မကြာခင်   မျှော်ကြပေါ့။  

တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အရာအားလုံးတို့ ပျောက်ကွယ် သေဆုံးကြရအုံးမှာပဲလေ။ သင်္ခါရတရားက
စောင့်နေတာကိုတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။       ။

                                               မြတ်ညို(အလွတ်သတင်းထောက်)