16 August 2016

"မြန်မာအလုပ်သမားတစ်ဦးကိုလုပ်ငန်းရှင်က၀ိုင်းရိုက်သတ်"

၂၀၁၆ ခု  သြဂုတ်လ ၁၆
မြတ်ညို (အလွတ်သတင်းထောက်)


ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်မြို့နယ် သစ်စက်တစ်ခုမှ လုပ်ငန်းရှင် ၏ ယောက်ဖဖြစ်သူ အလုပ်ကြပ်ဝဏ  နှင့် အပေါင်းပါ ၄ဦးတို့ဝိုင်း ရိုက်ခံခဲ့ရသဖြင့် မြန်မာအလုပ်သမားတစ်ဦး ဦးခေါင်းတွင်   ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

          တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်။  ကဒက်ကြီး ကျေးရွာမှ အသက်  ၃၁ နှစ်အရွယ် ကိုစိုး ဆိုသူအား   ယမန်နေ့ညနေက လုပ်ငန်းရှင်၏ ယောက်ဖနှင့် အပေါင်းပါ ၄ဦးတို့ဝိုင်းဝန်းရိုက်နှက်ကြရုံသာမက ခြောက်လုံးပြူး  ဒင်ဖြင့် အထုခံရသဖြင့်ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ပြင်ထန်စွာရရှိသွား ရုံ သာမက ဦးခေါင်းပါ မူးနေကြောင်း အတူတူအလုပ် လုပ်နေကြ သူများက ပြောသည်။

       အဆိုပါ သစ်စက်မှာ တရားဝင် လုပ်နေပုံမဟုတ်ေ ကြာင်း အလုပ်သမားများကသုံးသပ်သည်။ အလုပ်သမားများက အလုပ်ပုံမှန်မရှိသဖြင့် အလုပ် ထွက်လိုကြောင်း
  ပြောကြားသဖြင့်ယခုကဲ့သို့ရိုက်နှက်ခဲ့ကြောင်းအလုပ်သမားများကပြောသည်။သစ်စက်တွင်  မြန်မာအလုပ်
သမား မ၁၅ဦးနှင့် ကျား၂၅ ဦးခန့်လုပ်ကိုင်နေကြပြီး ကြောက်ရွံ့စိုးရိမ်နေကြကြောင်း သိရသည်။

              အလုပ်သမားတစ်ဦးက " ကျနော်တို့ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ဆီကို ဖုန်းဆက်ပါ တယ်။ ရဲစခန်းကိုသွားခိုင်းပါတယ်။ ကျနော်တို့ အပြင်ကိုမထွက်နိုင်အောင် အစောင့်ချထားပါတယ်။ ကျနော် တို့ကို ကူညီပေးစေချင်ပါတယ်" ဟုပြောဆိုသည်။