17 August 2016

"CI ကဒ်နဲ့ အမျိုးသားလုံခြုံရေး"



     
 ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာပို့စ် အပါတ်စဉ်သတင်းဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်း
ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြပါသည်။
------------------------------------------------------------------------------------------------------        
   
                “ရလိုမှုတစ်ခုကို ဦးမတည်ပဲတိုင်းပြည်နဲ့လူမျိုး အမျိုးသားလုံခြုံရေးကိုဂရုစိုက်သင့်”

         ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့တဲ့၃လက ပန်းရောင်ဘတ်ကဒ်ထုတ်ပေးခဲ့တယ်။ အရေအတွက်အားဖြင့် သန်းချီရှိပါ တယ်။ ဒီအလုပ်သမားတွေကို လွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်ရရှိစေရေးအတွက် သာမ န်နိုင်ငံကူးလက် မှတ် မပြုလုပ်နိုင်မီစပ်ကြား CI (မည်သူမည်ဝါဖြစ်ကြောင်းအသိ အမှတ်ပြု အစိမ်းေ ရာင် ကဒ်ပြား) ထုတ်ပေးဖို့ အတွက် ဘန်ကောက်မြန်မာသံရုံးက စခန်း(၆)ခုစီစဉ်ပြင်ဆင်နေတယ်ဆိုတာကို ကြားခဲ့ရတယ်။ ထိုင်းဘက်က ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာလို့ သိရှိခဲ့ရတယ်။ 

            ပန်းရောင်ဘတ်ကဒ် ပြုလုပ်ပြီးသူတိုင်း မြန်မာနိုင်ငံက မိသား စုသန်ခေါင်စါရင်းနဲ့ အမျိုးသားမှတ်ပုံတင်ရှိလို့ရှိရင် ဘတ်ငွေ ၁,၆၀၀ သာကုန်ကျမည်ဖြစ်ပြီး ကိုယ်တိုင်လျှောက် ထားနိုင်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ရဲ့ မီဒီယာတွေပေါ်မှာ ပြောစကားကိုလည်း သတိပြုမိတယ်။ ဈေးနုန်း သက်သက်သာသာနဲ့ ရရှိမယ်လို့ကြားသိခဲ့ရတာကြောင့် အလုပ်သမားတွေ ၀မ်းမြောက်ဝမ်းသာမျှော် လင့်နေခဲ့ကြပါတယ်။

                            “ကျွန်တွေကိုလေလံပစ်ပြီးပွဲစားကိုအပ်ကြအုံးမတဲ့” 

      ၂၀၁၆ ခု သြဂုတ်လ ၈ ရက်နေ့မှာ အလုပ်သမား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က လက် မှတ်ရေးထိုးပြီး မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF နဲ့ ဘန်ကောက် မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် တို့ကို ပေးပို့ခဲ့တဲ့စာကို ဖတ်ရှုခွင့်ရရှိခဲ့တယ်။ 

       ကြားရကြားရ နားဝမချမ်းသာလိုက်တာ။ ကျွန်တမျှ အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာတွေကို ထပ်ပြီး အမြတ် ထုတ်ကြအုံးမလား။ တိုင်းပြည်ဝင်ငွေကိုရှာပေးနေကြ တဲ့   မြန်မာတွေအပေါ်မှာ သက်သာေ အာင် မြန်ဆန်အောင် လုပ်ပေးရမယ့်အစား ပွဲစားများအဖွဲ့ချုပ် MOEAF ကို တင်ဒါခေါ်ပေးအုံးမယ်တဲ့။

(၁)ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနက် နိုင်ငံသားအထောက်အထားမ
တင်ပြနိုင်သူများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate Identity…..CI ထုတ်ပေးနိုင်ရေး အတွက် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ စမုတ်ပရာကန်၊ စမုတ်စာခွန်(မဟာချိုင်)၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းတို့တွင် စခန်းများဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၂) အဆိုပါစခန်း(၆)ခုတွင် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းများနှင့် CI ကဒ်လာရောက်ထုတ်ယူမည့် အလုပ် သမားများအတွက် Service Providers အဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိသူများအား ၀န်ကြီးဌာန အနေဖြင့် တာဝန် ပေးအပ်ရန်ရှိပါသည်။ 

(၃) သို့ပါ၍ CI ကဒ်ထုတ်ပေးရေးလုပ်ငန်းစဉ်နှင့် ပါတ်သက်၍ ထိုင်းဘာသာစကားကျွမ်းကျင်သူ၊ ယုံကြည် စိတ်ချ ရပြီး အတွေ့အကြုံရှိ၍ စိတ်ဝင်စားသူ၊ သတ်မှတ်စည်းကမ်းလိုက်နာနိုင်သူနှင့်၊ အာမခံစပေါ်ငွေေ ပးသွင်းနိုင် သူ များအား လူတွေ့စိစစ်ခြင်း၊ တင်ဒါစနစ်ဖြင့်ရွေးချယ်ခြင်း၊ရွေးချယ်သူများအား ခံဝံကတိပြုခြင်း များ၊ ပြုလုပ်မည် ဖြစ်ပြီး၊ စိတ်ပါဝင်စားသူများသည် ၁၂.၈.၂၀၁၆ ရက်နေ့အရောက် ပူးတွဲပါ စည်းကမ်း စည်းမျဉ်းများအတိုင်း လျှောက်ထားနိုင်ကြောင်း အကြောင်းကြားပါသည်။ 

      ပူးတွဲပါ အချက်အလက်တွေကို ခြုံပြောရရင် ထိုင်းဘာသာစကားကျွမ်းကျင်ခြင်း၊ရိုးသားဖြောင့်မတ်ခြင်း၊ လုံခြုံမှုနှင့်သန့်ရှင်းရေးတို့ကို ဆောင်ရွက်နိုင်ခြင်း၊ အာမခံစပေါ်ငွေပေးသွင်းနိုင်ခြင်း၊ ၀န်ဆောင်မှု အနည်း ဆုံးဖြင့် လုပ်ကိုင်ပေးနိုင်သူကိုဦးစားပေးခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိလူမျိုးများကို ကူညီစောင့်ေ ရှာက်တတ်သူ များဖြစ်ခြင်း စသည်တို့နှင့်ပြည့်စုံသူတို့ကို ဦးစားပေမယ်လို့ရေးထားပါတယ်။ စည်းကမ်း ချက်တွေကိုဖေါက်ဖျက် လို့ရှိရင် စပေါ်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်လို့ အပြီးသတ်မှာ   ရေးထားပါတယ်။


                                    “ကတွတ်ပေါက်ကစောင့်နေတဲ့အခွင့်ထူးခံများ”

       ၂၀၁၂-၁၃ ခုနှစ်မြန်မာဗိုလ်မှူးဟောင်းတစ်ဦးဟာ  ထိုင်းနိုင်ငံအတွင်းအလုပ်သမား နှစ်သန်းနီး ပတ်စပို့ လုပ် ခဲ့စဉ်က အလုပ်သမားအချက်အလက်များအား စကင်ဖတ် (ကွန်ပျူတာစနစ်) နဲ့ မှတ်တမ်းတင် ခအတွက် မြန်မာ အလုပ်သမားတစ်ဦးထံမှ ကျပ်ငွေ ၁,၅၀၀ စီပေးသွင်းဖို့ မြန်မာအစိုးရနှင့် သဘောတူလုပ် ကိုင်ခဲ့တယ်ဒါပေမယ့် ဘိုင်အိုဒေတာ (အလုပ်သမား အချက်အလက်များ) အရေ တွက် အကန့်အသတ်မရှိ စီးပွားဖြစ်လုပ် ကိုင်ခဲ့ကြောင်းမဲဆောက်မှာလုပ်တဲ့ ပတ်စပို့တွေကို  မြ၀တီကျောက်လုံး  ကြီးမှာ ဘိုင်အိုဒေ တာဖတ်ကြောင်း ပတ်စပို့လုပ်ပေးခဲ့တဲ့ ထိုင်းမြန်မာကုမ္ပဏီတွေက ပြောကြပါတယ်။
 
   အဲဒီကာလတုန်းက မဲဆောက်ကထိုင်းရဲတစ်ဦးမြန်မာ မှတ်ပုံတင်အတုလုပ်ပေးခဲ့တယ်။ ဘတ်ငွေ ,၀၀၀ နဲ့ ဓါတ်ပုံပေးလိုက် ညနေဆိုရင်မြန်မာမှတ်ပုံတင်ရပြီး၊ ဒီကိစ္စအချက်အလက်တွေမြ၀တီ ဘက်မှာတာဝန်ကျ ခဲ့တဲ့ အလုပ်သမားအရာရှိဆီမှာရှိနေပါတယ်။ ပတ်စပို့အတုတွေဖမ်းမိတယ်။ ဘာမှအရေးမယူဘူး။ အနာ ဂတ်မှာနိုင်ငံသားဖြစ်ရေးနဲ့ပါ ပြဿနာတက်လာနိုင်တဲ့ နိုင်ငံသားစီစစ်ခြင်းအလုပ်ကို မလေးရှားမှာလို တစ်ဦး တည်း မူပိုင်ရချင်တာ။ မလေးရှားမှာ ကုလားတွေအများကြီး ဗမာနိုင်ငံကူးလက်မှတ်တွေရသွားကြပြီ။ လက်ဗွေစကင်ဖတ်ပြီးပိုင်လော့ပရောဂျက်လုပ်ခွင့်လျှောက်ထားတယ်ဆိုတော့၊တိုင်းပြည်ကိုရောင်းစားတာပဲ။

        ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင် စိစစ်ခြင်းလုပ်ငန်းကို အွန်လိုင်းစနစ် ကို အကြောင်းပြပြီး တစ်ဦးတည်းလုပ်ကိုင်ခွင့်ရရှိအောင် ကြိုးပမ်းခဲ့သူရှိတယ်။ နမူနာဇယားတွေထည့်သွင်း ထားတဲ့ ကွန်ပျူတာပေါင်းများစွာထဲမှာထည့်ပြီး ဘတ်ငွေ သိန်းချီ ရောင်းစားခဲ့တယ်။  

 စူရတ်ဌာနီမှာ နေရာတွေခွဲပြီး  အချက်အလက်ကောက်တဲ့အခါ အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ ၁,၀၀၀ -၂,၀၀၀ စီကောက်ခဲ့တယ်။ မဟာချိုင်နယ်မြေ အုန်းနွဲ့ဘက်မှာ  မြန်မာမိန်းမချောလေးတစ်ယောက် ရုံးဖွင့်ပြီး အကြီးအကျယ်လုပ်ကိုင်ခဲ့ တယ်။ ကာလအားဖြင့် ၂လ လောက်ကြာခဲ့တယ်။ အဲဒါကိုMAT အဖွဲ့က စုံစမ်းဖေါ်ထုတ်ရေးသားခဲ့တယ်။ နောက်ပိုင်းမှာ ထိုင်းဘက်အခြမ်းက ဒီအစီစဉ်ကိုရပ်နားခိုင်းခဲ့တယ်။

                               “ရှိခဲ့ဖူးတဲ့ အမျိုးသားလုံခြုံရေးတာဘောင်ကျိုးပေါက်မှု”

         ၂၀၀၈ ခုနှစ်က ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးမိခဲ့တဲ့ ဘင်္ဂါလီရာပေါင်းများစွာကို ကယားပြည်နယ်၊ နယ် စပ်မှာ ထိုင်းအစိုးရက သွန်ခဲ့တယ်။ ဘယ်ကိုရောက်သွားကြမလဲ မသိနိုင်။ ၂၀၁၂-၁၃ ကာလက မဟာချိုင် ပတ်စပို့ထုတ်ပေးတဲ့စခန်းမှာ မြန်မာနိုင်ငံကို မြင်လည်းမမြင်ဖူး၊ သိလည်းမသိတဲ့ ဘင်္ဂါလီတွေ၊  ကမ္ဘောဒီ ယား တွေကအစမြန်မာပတ်စပို့ ၀င်လုပ်သွားခဲ့ကြတယ်။ 

         ယခုအခါ ထိုင်းနိုင်ငံအတွင်းမှာ ပန်းရောင်ဘတ်ကဒ် သန်းချီပြီး လုပ်ကိုင်ထားကြပြီဖြစ်တယ်။ ဒီလူေ တွ ဟာ ထိုင်းအလုပ်ရှင်ရှိတာမို့ CI ထုတ်ပေးကြရတော့မှာဖြစ်တယ်။ ဘင်္ဂါလားဒေ့ခ်ျက ရောက် လာသူ အတော်များ များတို့ ထိုင်းတောင်ပိုင်းမှာ  ပန်းရောင်ဘတ်ကဒ် အတော်များများကိုင်ဆောင် ထားကြပြီးဖြစ်  ပါတယ်။ ဒီလူတွေ က CI ရရှိပြီးတာနဲ့ မာမက်ဟူစိန်(ခ) မြတ်ထင် ဖြစ်အဖြစ် ထုတ်ယူပါမယ်။ အဲဒီက တစ် ဆင့် မာမက်ဟူစိန် ကို ဖြုတ်ပြီး မြန်မာအမည် မြတ်ထင်နဲ့ မြန်မာပတ်စပို့ ကိုင်ဆောင် ကာ နေပြည်တော် အထိ ဥဒဟို ချောင်းပေါက် အောင် သွားရောက်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

                “တင်ဒါဆိုတာ အမြတ်အစွန်နဲ့ ပွဲစားတွေလုပ်ကြမှာမို့ ကုလားလည်းလူပါပဲ”

 
         သတင်းသန့်သန့်ကြားရ တာက  မကြာမီဖွင့် လှစ်တော့မယ့် CI ထုတ်ပေးရေးစခန်းတစ်ခုကို ဘတ်ငွေ ၂သန်း ထက်မနည်း စပေါ်ငွေတင်ရမှာဖြစ် ပါ တယ်။ ပတ်စပို့ထုတ်ပေးရေး စခန်းတစ်ခုလည် ပတ်ဖို့ဆိုတာ အကုန်အကျ အလွန်များပြားပါတယ်။  ကဏ္ဍတွေကလည်းစုံလင်ပါတယ်။ 

   ဒီလောက်ငွေတွေကို ရင်းပြီး နှစ်လတာရှည်လုပ် ကြရမယ့် လုပ်ငန်းရှင်တွေအနေနဲ့လည်း အကျိုး အမြတ်အတွက် ကောက်ခံရမှာဖြစ်ပါ တယ်။ 

တင်ဒါ အောင်လို့ ကန်ထရိုက်ရသူဟာ အစိုးရကို စပေါ်တင်ရမှာကော အခြားသော ကုန်ကျငွေများေ ရာ၊ အမြတ်တွေပါဆိုလို့ရှိရင် တော့ ကုလားမကလို့ တရုတ်ပဲလာလာ ကြိုက်တဲ့သူလာခဲ့ ပွဲစားတွေကတော့ CI ကိုထုတ်ပေးမှာ မြေကြီးလက် ခပ်မလွဲပါဘူးလို့ အမျိုးသားရေးရှုထောင့်အမြင်ဘက်က ရေးသားလိုက်ရ ပါတယ်။ အမောင်အလုပ်သမားများ  ကြောကော့အောင်ခံပေတော့လို့သာ။   

                                         ကျော်သောင်း  (ဘန်ကောက်)