၂၀၁၆ ခု သြဂုတ်လ
၂၁
ကိုတီး
နေပြည်တော်ကောင်စီနယ်မြေ၊
လယ်ဝေးမြို့နယ်၊ကျောက် အိုးရွာမှ ချင်းတိုင်းရင်းသား၈ဦးနှင့် ဗမာတစ် ဦးတို့ လူကုန်ကူးခံ ရသည်ကို
MAT အဖွဲ့ နှင့် နယ်မြေရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကယ် တင်နိုင်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအောက်ပိုင်း
အစွန်အဖျားနယ်မြေတစ်ခု အပါအ၀င် ဖြစ်သော လယောင်မြို့နယ်သို့ နေပြည် တော်နယ်မြေမှအလုပ် သမား
၉ဦး လူကုန်ကူးခံနေရကြောင်း ဘန်ကောက်မြို့
ဝတ်တလုံးကျောင်းမှ ကူညီ ရေးဆရာတော် ဦးဇောတိက က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများ အဖွဲ့ MAT
သို့ သြဂုတ်လ ၁၉ ရက်နေ့က လူကုန်ကူးခံနေရ
သည့် အလုပ်သမားများ၏ ဓါတ်ပုံများနှင့် ဆက်သွယ်ရန်
ဖုန်းနံပါတ်တို့ကိုပေးပို့ အကူညီတောင်းခံလာခဲ့သည်။
လိုအပ်သည့်
သတင်းအချက်အလက်များကို စုဆောင်ပြီး ယမန်နေ့နေ့လည်ပိုင်းကတည်းက ခရီးထွက်ခွာ သွားခဲ့သည့်
MAT အဖွဲ့သည် ညဥ့် ၈နာရီခန့်တွင် လယောင်နယ်မြေ ရဲစခန်းသို့ ရောက်ရှိသွားခဲ့ပြီး အကူညီ
တောင်းခံခဲ့သည်။ ရာဘာတောထဲတွင် ပုန်းရှောင်နေကြသည့် အလုပ်သမားများအား ရှာဖွေကြရာ၊ ညဥ့်နက်
နေပြီဖြစ်သဖြင့်အခက်အခဲရှိနေခဲ့ကြပါသည်။ သို့ရာတွင် ဆာဗာနည်းပညာနှင့် အခြားသောနည်းပညာ
အထောက်အကူ များ အသုံးပြု၍ နယ်မြေခံရဲ တပ်ဖွဲ့ဝင်များနှင့်အတူ
ခက်ခက် ခဲခဲရှာဖွေခဲ့ကြရသည်ဟု MAT အဖွဲ့မှ ကိုစိုင်းအေး က ပြောသည်။
အလုပ်သမားများသည် ၃၀၊ ၆၊ ၂၀၁၆ နေ့က နေရပ်ရင်းမှ ထွက်ခွာလာခဲ့ကြပြီး လယောင်သို့ ၃၊၇၊ ၂၀၁၆ နေ့ကရောက် ရှိခဲ့သည်ဟု အလုပ်သမားများကဆိုပါသည်။

နေပြည်တော်
တပ်ကုန်းမြို့နယ်၊ ကျောက်ကုန်းကျေးရွာမှ ချင်းတိုင်းရင်းသားများဖြစ်ကြသည့် (၁) သီတာ
ထွန်း၊၂၆ နှစ်၊ ဘ- ဦးအောင်ဒင်၊ (၂) မစန်းငွေ၊၂၅နှစ်၊ ဘ-ဦးလှရွှေ၊(၃) အေးအေးဝင်း၊
၂၀နှစ် ဘ-ဦးစိုးဝင်း၊ (၄) သန်းသန်းမြင့်၊ ၂၀နှစ်၊ ဘ-ဦးသောင်းရွှေ၊ (၅) နန္ဒာကျော်၊၂၀နှစ်၊ဘ-ဦးကျော်ဝင်း၊
(၆) မေယုခင်၊၂၃နှစ်၊ ဘ-ဦးကျော်အောင်၊ (ရ) မစိန်အေး ၂၂နှစ်၊ ဘ-ဦးအောင်တင်အေး၊ (၈)
ကိုချစ်စမ်းအောင် ၂၄နှစ်၊ ဘ-ဦးသန်းငွေ နှင့်
ဗမာလူမျိုး (၉) မောင်ကိုလင်း ၂၃ နှစ်၊ ဘ-ဦးရွှင်
တို့ဖြစ်ကြပါသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ဒီအလုပ်သမားတွေဟာ
ထိုင်းနိုင်ငံအထဲကို တရားမ၀င်လာခဲ့ကြပေမယ့်မလေး ရှားနယ်စပ် လယောင်အထိ ရောက်အောင် ကားနဲ့ပို့နိုင်တဲ့ဂိုဏ်းဖြစ်တယ်။
မော်လမြိုင်က ပွဲစား မတစ်ယောက် ပါတယ်။ အလုပ် သမားတွေ အကုန်လုံးမှာ ပန်းရောင်ဘတ်ကဒ်တွေလုပ်ထားကြတယ်။
တချို့ကအိမ်ကို ပြန်ချင်တယ်။ တချို့က အလုပ်လုပ်ချင်နေကြ သေးတယ်။ လောလောဆယ်တော့ ကျနော်တို့
ကျွေးမွေးစောင့်ရှောက်ထားပါတယ်” ဟုပြောသည်။
MAT အဖွဲ့သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ၊မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ၊
မြန်မာ သံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီတို့နှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း
၅၀ဦး၊ ၂၀၁၂ ခုနှစ် တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့်
၂၀၁၅ ခုနှစ်တွင် အကြိမ်၂၃ ကယ်တင် မှုတွင် ၁၇၄ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း
၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
၂၀၁၆
ခုနှစ်တွင် MAT အဖွဲ့ ၈ လအတွင်း လူကုန်ကူးမှု ၂၃ကြိမ် နှိမ်နင်းရာတွင် လူကုန်ကူးခံရသူပေါင်း
၃၂၀ ဦးနှင့် လူကုန် ကူးသည့်ဂိုဏ်းသား ၉ဦးတို့ကိုဖမ်းဆီးတရားစွဲဆိုထားပြီဖြစ်ပါသဖြင့်ယခင်နှစ်များကထက်
လူကုန်ကူးမှုများပိုမိုများပြားနေကြောင်း ပြောနိုင်ပါသည်။