29 August 2016

"သြဂုတ်လ ၂ရက်နေ့ရန်ကုန် ယုဇနဟိုတယ် MOU အလုပ်သမား သတင်းစာရှင်းလင်းပွဲနောက်ပိုင်း ဂယက် (၃)"



“မြန်မာပြည်သူ ပြည်သားအပေါင်းတို့ခင်ဗျာ…ပြည်ပထွက်ခွာ ကျွန်ခံကြမယ့် မြန်မာအလုပ်သမားတွေဆီက မတရားကောက်ခံပြီး ချမ်းသာလာခဲ့ကြတဲ့ MOEAF ဂိုဏ်းစတားကြီးတွေက တဖြည်းဖြည်း ဇာတ်တူသားကို စားဖန်များလာတဲ့အခါ။

     MOEAFအဖွဲ့၏ အတွင်းစည်း ငွေစါရင်းများ အပြင်ကို ခုံကျော်ထွက်လာခဲ့သည်။ သို့ကြောင့် ပွဲစားများအဖွဲ့ ချုပ် MOEAF သည် အလုပ်သမားလူတန်းစားများအပေါ်တွင် မတရားခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများပေါ် ပေါက်လာရကာ အလုပ်သမားခေါ်စာထောက်ခံစာ (အလုပ်သမားတစ်ဦးအတွက် ကျပ်ငွေ ၁,၀၀၀စီ) ကောက် စားနေရခြင်းများကို အလုပ်သမားဝန်ကြီးဌာနက ရပ်ဆိုင်းစေခဲ့သည်။

    လက်ရှိ ပွဲစားများအဖွဲ့ချုပ်ရုံးခန်း နှင့် သင်တန်းကျောင်းတို့ကိုလည်း နိုင်ငံတော်အစိုးရထံသို့ ပြန်လည်ပေး အပ်ရတော့မည်ဖြစ်ပါသည်။

     များမကြာမီအချိန်တွင် ၎င်းတို့၏ မတရားမှုကြီးများပေါ်ပေါက်လာပြီး MOEAF မှာ အများပြည်သူကို နှိပ်စက်ကလူ အမြတ်ကြီးစား လိမ်လည်လှည့်ဖြားသည့်အသင်းဖြစ်ခြင်းကြောင့် အမှုဆောင်များထောင်ကျ ခြင်းများအပြင် MOEAF ကို မတရားအသင်းအဖြစ်ပင် ကြေငြာလာနိုင်ကြောင်း၊ ပွဲစားမောင်မယ်များက ရွှေလုပ်သားထံသို့ မင်္ဂလာသတင်းပေးပို့လာခဲ့ပါသည်။