ပွဲစားခကို အယင်အစိုးရလက်ထက်က သတ်မှတ်ခဲ့တယ်။ အခု လူထု ရွေးချယ်တင်မြှောက်ထားတဲ့ NLD
အစိုးရသစ်လက်ထက်မှာ ဒီကောက်ခံကြေးကို ထားသင့်သလား မထားသင့်လားဆိုတာ ၀န်ကြီး ဦးသိန်းဆွေ
စဉ်းစားဖို့လိုပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ တိုင်ကြားသူမရှိသေးဘူးဆိုတာ အလုပ်သမားဝန်ကြီးဌာန
အပေါ်မှာ အလုပ်သမားတွေ ဘာကြောင့် အယုံအကြည်မဲ့နေရတာလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့
လိုမယ်ထင်ပါတယ်။ မဟုတ်ရင်NLD အစိုးရကို လူထု နှစ်သက်မှု လျှော့နည်းသွားနိုင်ပါတယ်။
အလုပ်သမားအကျိုးကိုမျှော်ကိုးလို့  MRTV4 သတင်းကို ကူးယူဖေါ်ပြတာပါ။
ရွှေလုပ်သား (ဘ၀တက္ကသိုလ်) ထိုင်းနိုင်ငံ ဘန်ကောက်