07 November 2014

မြန်မာသံရုံးမှ အထူးဖွဲ့စည်းထားသော ကော့တောင်(လိပ်ကျွန်) အထူးစုံစမ်းစစ်ဆေးရေး ကော်မတီမှ ဦးကျော်သောင်း နှုတ်ထွက်တော့မည်......



ယနေ့ညနေ ၄:၃၀မှ ၆:၃၀ကျော်အထိ ဘန်ကောက်မြို့ ရှေ့နေများကောင်စီရုံတွင်မြန်မာသံရုံး မှ ဖွဲ့စည်းထားပေးသော ကော့တောင်(လိပ်ကျွန်)စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့ခေါင်းဆောင်များနှင့် ကော့တောင်(လိပ်ကျွန်)လူသက်မှုအတွက် စွတ်စွဲဖမ်းစီခံနေသူနှစ်ဦးဖက်မှ အခကြေးငွေမယူပဲ လိုက်ပါ ကူညီဆောင်ရွက်ပေမည့် ထိုင်းရှေ့နေများကောင်စီမှ အလုပ်ဖွဲ့တို့အစည်းဝေးလုပ်ကြသည်။


ထို့သို့အစည်ဝေးလုပ်ကြစဉ် ထိုအလုပ်အဖွဲ့တွင်ဥက္ကဌဖြင့် တာဝန်ယူထားသော Surapong Kongchantuk က အစည်းဝေးထဲတွင် (မြန်မာ့သံရုံးမှဖွဲ့စည်းထားသော အထူးစုံစမ်း စစ်ဆေးရေး
ကော်မတီမှပုဂ္ဂိုလ်တစ်ဦးသည် Black list အသွင်းခံထားရကြောင်း ယမန်နေ့ကသိရှိခဲ့ရသည်ဟု မေးမြန်ပါသည်။)


ထိုသူသည် မည်သူနည်းဟု မေးမြန်ရာ ဦးကျော်သောင်းအား မတ်တပ်ရပ်ပြခဲ့ရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှ လ၀က ၀န်ထမ်းများသည် ယခုတိုင် တရားဝင်အဖွဲ့ စည်းမဖြစ်သေးသော ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် (MOEAF) မှ အတွင်းရေး မှူးဖြစ်သူ ၏ တိုင်ကြားချက်ကြောင့် ဦးကျော်သောင်းအား Black list သွင်းခဲ့သည်။


ထို့ကြောင့် မြန်မာသံရုံအထူးစုံစမ်းစစ်ဆေးရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးကျော်သောင်းကြောင့် စေတနာထက်သန်စွာဖြင့် ကူညီဆောင်ရွက်ပေးကြမည့် ထိုင်းရှေ့နေ
ကောင်စီသည်လည်ကောင်၊ မြန်မာအစိုးရ၏ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံထားရသော ဘန်ကောက်မြို့ မြန်မာသံရုံးမှသံအမတ်ကြီး ဦးဝင်းမောင်သည်လည် မြန်မာနိုင်ငံတော်မှ အပြစ်တစုံတရာထောက်ပြ လာ မည်ကို မလိုလာသဖြင့် Black list အသွင်းခံထားရသော ဦးကျော်သောင်းသည် အထူးစုံစမ်းစစ်
ဆေးရေးကော်မတီမှ နှုတ်ထွက်ရန် သံအမတ်ကြီးထံသို့ တင်ပြထားကြောင်းသိရှိရသည်။