01 November 2014

ထိုင်းအစိုးရရှေ့နေက ကော့တောင်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ပြည့်စုံသောအထောက်အထားများထပ်မံပေးရန် ရဲများအား တတိယအကြိမ်မြောက်တာင်းဆို


Prosecutor demand more evidences from the police handling Koh Tao case
October 31, 2014 (Thai PBS) ကို ကိုဇော်မှဘာသာပြန်ဆိုသည်

ပုံစာ - ကော့စမွိပြည်သူ့ရှေ့နေက ကော့တောင်ကျွန်းလူသတ်မှု အမှုတွဲကိုလက်မခံပဲရဲကိုပြန်အပ်လိုက် ပါတယ်၊ ရဲတွေခန့်အပ်ခဲ့တဲ့ ရိုဟင်ညာစကားပြန်ရဲ့ စွပ်စွဲခံနှစ်ဦးအပေါ် စစ်ဆေးမေးမြန်းချက်အသေးစိတ် ကိုပေးအပ်ရန် ရဲတွေကိုတောင်းဆိုလိုက်ပါတယ်/

ပြည်သူ့ရှေ့နေရဲ့နောက်ဆုံး အရေးယူဆောင်ရွက်မှုအနေနဲ့ ဖမ်းဆီးစွပ်စွဲခံမြန်မာနှစ်ဦးရဲ့ မိဘတွေက စက်တာဘာလလယ်ကဖြစ်ပွါးခဲ့တဲ့ ကော့တောင်ကျွန်းလူသတ်မှုမှာ အဆိုပါသံသယတရားခံနှစ်ဦးအား ထိုင်းရဲများခန့်အပ်ထားသော ဘင်းဂလီမူဆလင်(မိမိကိုယ်ကို ရိုဟင်ညာဆိုသူ) စကားပြန်မှ အတင်းအကြပ်ဝန်ခံစေရန် ၄င်းတို့သားများအား ရိုက်နှက်စစ်ဆေးမှုများရှိခဲ့သည်ဟု တိုင်းတန်းချက်ကိုလက်ခံကာ ဆက်လက်စစ်ဆေးဆောင်ရွက်ကြမည်ဖြစ်ပါသည်၊



သူတို့ကိုယ်သူတို့ ရိုဟင်ညာလူမျိုးများဖြစ်သည်ဟုတောင်းဆိုနေကြသော ရခိုင်-ဘင်းဂလားနယ်စပ်မှ ဘင်းဂလီမူဆလင်များနှင့် ဒေသခံရခိုင်လူမျိုးတို့သည် အရင်ကတည်းကအစေးမကပ် ဆက်ဆံရေးအဆင်မပြေကြပါ၊ စကားပြန်မှာ ဘင်းဂလီမူဆလင်ဖြစ်ပြီး စွပ်စွဲခံနှစ်ဦးမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များဖြစ်သည်။(မှတ်ချက်- ၀င်းဇော်ထွန်း၏ ဘခင်ဦးထွန်းထွန်းထိုက်မှာ ဗမာလူမျိုးဗုဒ္ဓဘာဝင်ဖြစ်ပါသည်)

ကော့စမွိတရားရုံးမှ ယခုအမှုနဲ့ပတ်သက်၍ ရဲများ၏ကိုင်တွယ်ဆောင်ရွက်ပုံ မပြည့်စုံ၍ ပိုပြီးပြည့်စုံအောင်သက်သေစုဆောင်းပြီးတင်ရန် နှစ်ကြိမ်တိုင်တိုင်တောင်းဆိုခဲ့ပြီး ယခုတကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပါသည်။

Tags: additional evidences, case file, Koh Tao case, Prosecutor, Rakhine State, Rohiya interpreter.

source: English News Thai PBS