07 November 2014

မြန်မာလူငယ် ၂ယောက်ရဲ့ မိဘဆွေမျိုးတွေ အိမ်အပြန် ဘာတွေထူးခဲ့သလဲ


ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်နိုင်ငံသားနှစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ စွပ်စွဲခံထားရတ့ မြန်မာလူငယ် ၂ယောက်ရဲ့ မိဘဆွေမျိုးတွေဟာ နိုဝင်ဘာ ၄ရက်နေ့မှာတော့ ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ပြန်ရောက် လာခဲ့ပါတယ်။ သူတို့နှစ်ဦးအမှုကိစ္စ ဘာတွေဖြစ်လာဦးမှာလဲ။

အမှုမှန်ပေါ်ပေါက်ဖို့အတွက် ထိုင်းနိုင်ငံကို သွားရောက်ချိန် ထိုင်းရှေ့နေများကောင်စီက အတွေ့အကြုံရင့် ကျက်တဲ့ ထိုင်းရှေ့နေ ၂ဝနဲ့ တွဲဖက်လုပ်ဆောင်ခဲ့သလို မတရားစွပ်စွဲခံထားရတဲ့ လူသတ်မှုနေ လွတ်မြောက်နိုင်ဖို့ အချက်အလက်တွေ တော်တော်လေး စုမိနေပြီလို့ ဦးကျော်သောင်းက ပြောပါတယ်။


ထိုင်းနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က အမှုမှန်ပေါ်ပေါက်ဖို့ အမှုအပ်တာကို လိုလိုချင်ချင် လက်ခံပေးတာ ကလည်း အလားအလာကောင်းတဲ့ အခြေအနေတစ်ခုပါလို့ ဆိုပါတယ်။လာမယ့် သီတင်းပတ်ထဲကျရင် ထိုင်းရှေ့နေ ၂ဝနဲ့ လူ့အခွင့်အရေးကော်မရှင်တို့နဲ့အတူ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ဖို့ရှိပြီး အချုပ်ထောင်ကိုလည်း သွားဖို့ရှိတယ်လို့ ဆိုပါတယ်။


မောင်ဝင်းဇော်ထွန်းရဲ့ဖခင် ဦးထွန်းထွန်းထိုက်ကတော့ အမှန်တရားသာလိုချင်တဲ့ ထိုင်းမြန်မာပြည် သူတွေက ဒီအမှုနဲ့ပတ်သက်ပြီး မခ့မရပ်နိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။ အမှုမှန် ပေါ်ပေါက်ဖို့အတွက် ၅ဝရာခိုင်နှုန်းလောက် အချက် အလက်တွေကို စုဆောင်းထားမိပြီးပြီလို့ ဆိုပါတယ်။

Kamayut Media