25 November 2014

လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA အင်တာဗျူ

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့က ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

 အဲဒီအဖွဲ့က ထိုင်းအစိုးရလူ့အခွင့်အရေးကော်မရှင်ကတာဝန်ရှိသူတွေနဲ့ အမှုအခြေအနေတွေကို ဆွေးနွေး ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့လူငယ်နှစ်ဦးကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ အတူ လိုက်ပါကူညီနေတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။