22 November 2014

ထိုင်းပုလိပ်မှ မတရားဖမ်းစီးခံရသော မြန်မာအလုပ်သမားတစ်ဦးအား MATအဖွဲ့မှ ကယ်တင်


သတင်း= သားကြီး

ယနေ့ နေ့လည်ပိုင်းက စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ၊ ထိုင်းယူနစ်အလုပ်ရုံတွင် ညဂိုဏ်းအလု ပ် လုပ်နေသော မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရွှေချောင်ကျေးရွာနေ မောင်အောင်သူဖြိုး အား မဟာချိုင်မြို့ရှိ ပုလိပ်များမှ မြင်းဆေး(ရာဘ) သုံးစွဲသည်ဟု အကြောင်းပြချက်ဖြင့် မတရားဖမ်းစီးမှုဖြစ်ပွား ခဲ့ပါသည်။

အဖမ်းစီးခံရသူ မောင်အောင်သူဖြိုး၏ အစ်မဖြစ်သူမှ MATအဖွဲ့သို့ ဆက်သွယ် အကူ ညီတောင်းခံလာ သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT မဟာချိုင်ရုံး)မှ သတင်းလက်ခံရတာနဲ့ အချိန် မဆိုင်းပဲလိုက်လံကူညီ ဆောင်းရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။



“ကျနော်က ညဂိုဏ်သမားဆိုတော့ မနက်အလုပ်ပြန်တာနဲ့ အခန်းမှာ အိပ်နေတုန့် နေ့လည် ၁၂နာရီလောက် အခန်းတံခါးကို ခပ်ပြင်းပြင်းလာခေါက် တယ် ကျနော်လည်သွားဖွင့်ပေးလိုက်တယ်. အခန်းထဲဝင်လာပြီးမွှေနှောက်ပြီး ဘာတွေရှာမှန်းမသိဘူး လိုက်ရှာတယ် နောက်တော့ အခန်းထဲက မီးခြစ်အပျက်တွေ ၃လုံးလောက်ယူပြီး ကျနော်ကို မြင်းဆေး(ရာဘ)ရှုတယ်ဆိုပြီး အတင်းဓမ္မဖမ်းခေါ်တယ် အဲဒါနဲ့ ကျနော်ဘာမှမလုပ်ဘူး ကျနော်ကိုမဖမ်း နဲ့ပြောတာ ကျနော်ကို ခေါင်းကို ဓာတ်မီးနဲ့ရိုက်ပြီး အတင်းဖမ်းခေါ်သွားတယ်. ..ကားပေါ်ရောက်တော့ ကျနော်ကို ဘတ်ငွေငါးထောင်(၅၀၀၀Bhat)တောင်း တယ် ကျနော်ကဘာလို့ပေးရမှာလည် ကျနော်ဘာမှမလုပ်တာ ကျနော်မပေးနိုင် ဘူးပြောတယ်..အဲဒါနဲ့ မဟာချိုင်ဈေးက ပုလိပ်ရုံရောက်တော့ ကျနော်ကို အချုပ်ထဲသွားနေရမယ်ပြောပြန်တယ်.. ကျနော်ဘာအပြစ်မှမရှိပဲ ကျနော် ဘာလို့နေရမှာလည် ပြောတယ် အဲဒါနဲ့ ကျနော်ကိုပုလိပ်ရုံက ၄ထပ်မှာ ထားပြီး ကျနော်အစ်မကို ဖုန်းဆက်ခေါ်တယ် ငွေတောင်းမလို့...ကျနော်အစ်မက MATအဖွဲ့ကို ဖုန်းဆက်အကူညီတောင်းလိုက်တာ MATအတွင်းရေးမှူး ကိုခိုင်ကြီး၊ကိုအောင်ဆန်းဦး၊ ကိုစောမောင်တို့ရောက်လာပြီး ကူညီဖြေရှင်းပေးလို့ ကျနော်ပိုက်ဆံမကုန်ပဲနဲ့ ပြန်လွှတ်လာခဲ့ရပါတယ် ကျနော် မတရားအဖမ်းခံရတာကို လိုက်လံကူညီပေးတဲ့ MATအဖွဲ့သားတွေ အားလုံးကို ကျေးဇူးတင်ပါ တယ်”” ဟုပြောဆိုခဲ့ပါသည်။

ယခုဖြစ်စဉ်ကဲ့သို့ ဖြစ်ရပ်မျိုးသည် အဆိုပါဒေသ၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်တစ်ခုကဲ့သို့ဖြစ်နေကြောင်း ကို ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးမှ ..............
“ထိုင်းတစ်နိုင်ငံလုံးမှာ မဟာချိုင်ဒေသက အဆိုးဆုံးပြောရမှာပဲ ဒီကပုလိပ်တွေက နည်းအမျိုးမျိုး နဲ့ မြန်မာ အလုပ်သမားတွေကို ဖမ်းစီးနေတာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီး ဥပမာ ဈေးဝယ်တဲ့ စာရင်းတွေ စာအုပ်ကိုလည် ချဲစာအုပ်ပါလို့ ဖမ်းလိုဖမ်းနဲ့ ကျနော်တို့ သိရတဲ့အမှုတွေတောင်အမတန် များနေပြီး ဆိုတော့ ကျနော်တို့မသိတဲ့ နေရာတွေမှာ မတရားသဖြင့် အဖမ်းစီးခံနေရတဲ့ မြန်မာအလုပ် သမားတွေ ဘယ်လောက်တောင် များ နေမလည် ဆိုတာ မခန့်မှန်နိုင်အောင် ပါပဲဗျား.. ကျနော်တို့အဖွဲ့မှာ လာရောက် အကူညီတောင်းတယ်ဆို ကျနော်တို့ ချက်ချင်းလိုက်လံကူညီဆောင် ရွက်ပေး ပါတယ် အခုကိစ္စမှာလည် ကျနော်တို့ သိရတာနဲ့ချက်ချင်း ပုလိပ်ရုံကိုလိုက်သွားတယ် အမှုဖြစ်စဉ် ကို မေးမြန်တယ်... ပုလိပ်က သူ့အခန်းကနေ မြင်းဆေး(ရာဘ)ရှုတဲ့ စက္ကူပိုက်နဲ့ မီးခြစ်၃လုံးလောက်တွေ့ တယ်ပေါ့ အဲဒါနဲ့ ကျနော် လည် ကောင်လေးကို မေးမြန်တယ် မင်း မြင်းဆေး (ရာဘ) ရှုသလားပေါ့.. ကောင်လေးက ကျနော်မလုပ်ပါ ဘူး ဦးရယ်တဲ့ ဒါဆိုလည် ပုလိပ်ကို ကယ် သူကတော့ ဘာမှမလုပ်ဘူး သိလည်မသိဘူးပြော တယ် အဲဒီတော့ ကောင်လေး တကယ်သုံးလား မသုံးလားဆိုတာ သိအောင် ဆီးစစ်လိုက်ဗျား တကယ် လို့ သုံးတယ် ဆို ဥပဒေအတိုင်းဆောင်ရွက်ပါ ဘာမှအပြစ်မရှိဘူးဆို အခုချက်ချင်းလွှတ်ပေးပါ လို့ ကျနော်ပြော လိုက်တယ်... ပထမတော့ ဆေးရုံမှာသွားစစ်မယ် ဘာညာနဲ့ပြောနေ တယ် နောက်တော့ သူ့အိတ်ထဲက ဆီးစစ်တဲ့ ဟာနဲ့ စစ်လိုက်တာ ဘာမှမတွေ့ရ ဘူး.... . အဲဒီတော့ကောင်လေးလည် ချက်ချင်းလွှတ်ပေး လိုက်ရတယ်” ဟု ပြောကြား ခဲ့ပါ သည်။

စမွတ်ဆာခွန်ခရိုင်၌ မြန်မာအလုပ်သမား ၄သိန်းခန့်ရှိသည်ဟုသိရပြီး အဆိုပါဒေသ၌ နေထိုင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းပုလိပ်များမှ မတရားဖမ်းစီးခြင်းခံနေရ သည့်အပြင် ဒေသအခေါ် နက်ကလိန် (ခ) လမ်းဓားမြများမှ အုပ်စုဖွဲ့လုယက်ခြင်းများ သက်ဖြက်ခြင်း များကိုလည်နေ့စဉ်နဲ့အမျှ ခံနေ ရသည်ဟု သတင်းရရှိပါသည်။