22 November 2014

ဆိုင်ကယ်လမ်းကွေ့သူ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်ခံရသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ


သတင်း-စောမောင်

၁၄.၁၁.၂၀၁၄ရက်နေ့ ညနေ၅နာရီအချိန် စမွတ်စာခွန်ခရိုင်၊ စမွတ်ဆုံခါ (မယ်ခေါင်)မြို့ နေမညိုနှင့် မလဲ့လဲ့ဝင်းတို့မှ အလုပ်မှပြန် နေအိမ်သို့ပြန်လာစဉ် ဘန်ကောက်-မယ်ကောင် လမ်းမကြီး၌ ထိုင်းအမျိုးသမီးတစ်ဦးမောင်းလားသော ကားမှ အဆိုပါ မြန်မာအလုပ်သမား၂ဦးအား ၀င်ရောက်တိုက် မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းသူ မညိုမှာ အခင်ဖြစ်ပွာရာနေရာ၌ သေဆုံးခဲ့ပြီး အတူပါ သူမလဲ့လဲ့ဝင်းမှာ ညာခြေထက်ပိုင်းကျိုး၊ ညာဘက်ကျိုး၊ ခါးကျိုး၊ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဇတ်တို့ တွင်ပြင်းထန်းစွာ ဒဏ်ရာရှိရခဲ့ရာ မယ်ကောင်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသခဲ့ရပါသည်။



ယခုဖြစ်စဉ်နှင့်ပက်သက်၍ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ...........

“အခုဖြစ်စဉ်မှာ သေဆုံးသူအတွက်ရော လက်တလောဆေးရုံမှာ အတွင်းလူနာဖြင့်
ပါ ဆေးကုသခံ ယူနေရ သူနှစ်ဦးစလုံးအတွက် နစ်နာကြေးတွေကို ၀င်တိုက်တဲ့ ကားသမားလည် မကြည့်သလို နောက်ပြီး သူတို့နှစ်ယောက်လုံးရဲ့ ဆွေးမျိုးတွေက
လည်းမရှိကြဘူးလေး ဖြစ်ဖြစ်ခြင်းနေ့ကဆုံးသွားတဲ့ကောင်မလေးမှာဆို သားသမီး၂ယောက် ကျန်ခဲ့တယ်။လက်ရှိဆေးရုံမှာအတွင်းလူနာဖြင့်ကုသနေတဲ့ မလဲ့လဲ့ဝင်းလည် ပြင်းပြင်းထန်းထန်း ထိသွားလို့ အသက်ရှုတာတောင် စက်အကူညီ နဲ့ရှုနေရတယ် စက်ကို ဖြုတ်လိုက်တာနဲ့ သူ သေပြီးလို့ အရေးပေါ်အခန်းမှာ တာဝန် ကျနေတဲ့ ဆရာမတစ်ဦးက ရှင်းပြပါတယ် အခုသူ ရဲ့ ဆေးကုသစရိဟာ ဘတ်ငွေ ခုနှစ်သောင်း(၇၀၀၀၀ Bhat) တိတိကုန် ကျနေပြီးလို့ပြောတယ် သူဆက်ပြောတာက ယနေ့အထိ လူနာ ဆေးကုသစရိတ်လာရောက်ပေးသွင်းသူတဲ့ သူလည် မရှိသေ ဘူးပေါ့ အဲဒီတော့ သူမှာ ပိုင်ရှင်မဲ့ လူနာလိုဖြစ်နေတယ်ပေါ့ဗျား။ အဲဒီတော့ခြေထောက်အရိုးကျိုးသွားတဲ့အတွက် စတီရိုး ထည့်ရမယ့်အရေးတောင် မထည့်ပဲ အချိန်ဆွဲနေတဲ့အတွက် ဒီနေ့ အဲဒီဆေးရုံမှ တာဝန်ရှိ လူကြီးနဲ့တွေ့ဆုံပြီး ကျနော်တို့ လူနာကို သက်သာပျောက်ကင်းတဲ့ အနေထားထိကုသမို့အတွက် မေတ္တာရပ်ခံပါတယ် တကယ်လို့ လူနာအတွက် လိုအပ်မယ်ဆို မြန်မာသံရုံမှာပါ အကူညီတောင်းခံသွားပါ မည်““ ဟု ပြောကြားခဲ့ပါသည်။



ယင်းကဲ့သို့ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သူအတွက်နှင့် လက်ရှိဆေးရုံ၌ အတွင်း လူနာဖြင့် ဆေးကုသခံနေရသူတို့သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့ ကြံခင်ရပ်ကွက် ကရင်စာပေအစည်းရုံးအနီး၌ နေထိုင်ကြသူများဖြစ်သည်ဟု သိရပါ သည်။

ဆက်လက်၍ အဆိုပါ မြန်မာအလုပ်သမားနှစ်ဦးအတွက် ရသင့်ရထိုက်သော နစ်နာမှု အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။