23 November 2014

အစွပ်စွဲခံအလုပ်သမားနှစ်ယောက်အတွက် အားတက်စရာ သတင်းကောင်း


အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ခေါင်းဆောင်သော ဥပဒေပညာ ရှင်များ အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)တို့နှင့် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)တို့သည် ယနေ့ညနေပိုင်း၌ ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ပါသည်။


ထိုင်းပြည်သူ့လွှတ်တော်ဥက္ကဌ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့သော အမျိုးသားလွှတ်တော်ဥက္ကဌ ဦခင်အောင်မြင့်သည် မြန်မာသံရုံးမှ ဖွဲ့စည်း ထားသော အထူးစုံစမ်းရေးကော်မတီနှင့် သီးသန့်တွေ့ ဆုံခဲ့သည်။

ထို့သို့ဆွေးနွေးကြရာတွင်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် ၊ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်၊MATဒါရိုက်တာ ဦးကျော်သောင် ၊ FED ဒါရိုက်တာ ဦးထူးချစ်တို့က အမှုနှင့်ပက်သက်၍ တွေ့ရှိချက်များ လိုအပ်ချက်များ လုပ်ငန်းအစီစဉ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြဆွေးနေွးကြသည်။




အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးခင်ရွှေ ( ဇေကမ္ဘာ) နှင့် ကျောက်မျက်လုပ်ငန်းရှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းထွန်းတို့  အသီးသီးထည့် ဝင်လှူဒါန်း ထားသော ကျပ်ငွေသိန်းသုံးရာအား လက်ခံထားသည့် ကြာခံ အဖွဲ့စည်း တစ်ခုဖြစ်သော ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ  အထွေထွေအတွင်းရေးမှုးဦးကျော်အေးမောင် သည် မြန်မာကျပ်ငွေသိန်းသုံးရာထဲမှ ဒေါ်လာတစ်သောင်းငါးထောင်(15000 Dollar)အား ဦးထူးချစ်ထံသို့ အပ်နှံခဲ့သည်။ ကျန်ရှိနေသေးသည့် ငွေကြေးများကိုလဲ အထူးစုံးစမ်းရေးကော်မီတီသို့  လွဲပြောင်းပေး ရန်၊ အမျိုးသားလွတ်တော်ဥက္ကဌမှ ညွန်ကြားခဲ့သည်

ထို့နောက်  မြန်မာအစိုးရအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဘန်ကောက်မြန်မာသံရုံးမှ ဖွဲ့စည်းထားသော ကော့တောင်အမှု အထူး စုံစမ်းရေးကော်မတီ အတွက် လိုအပ်သည်များကို ဆက်လက်ပံ့ပို ကူညီသွား မည်ဖြစ်ကြောင်းအမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်မှ ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်မှ.........
““ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် သက်သေကို အဓိကမထားပဲ  ဖြစ်စဉ် အမှန်ပေါ်မူတည်ပြီးမှ အပြစ်ကျူးလွန်သူကိုယ် အပြစ်ပေးနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း””  သြ၀ါဒပြောကြားခဲ့ပါသည်.။