03 November 2014

“ရှယ်ယာအလိမ်ခံရသည့်အလုပ်သမားများအားထိုင်းရှေ့ နေများကောင်စီကူညီမည်”


၂၀၁၄ ခု  နိုဝင်ဘာလ ၃ မြတ်ညို(အလွတ်သတင်းထောက်)


          စံကျောင်းပင်ကုမ္ပဏီတွင်ရှယ်ယာအလိမ်ခံခဲ့ရသည့် မြန်မာအလုပ်သမားများ၏ ဆုံးရှုံးငွေများပြန် လည်ရရှိရေးအတွက် ထိုင်းရှေ့ နေများကောင်စီက ကူညီဆောင်ရွက်မည်ဖြစ်သည်။  
             ယမန်နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATအတွင်းရေး မှူး နှင့်အဖွဲ့ဝင်များသည် အလုပ်သမား ခြောက်ရာကျော်တို့၏ စါရင်းဇယားများအား စုဆောင်၍ ထိုင်းရှေ့ နေ များကောင်စီသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။


     MATအတွင်းရေးမှူးကိုခိုင်ကြီးက“၀တ်တလုံးကျောင်းမှာကျနော်တို့စုကြပါတယ်။ ရှေ့ နေများကောင်စီက
 ရှေ့နေ ၇ဦးလာတယ်။ အလုပ်သမားခြောက် ရာကျော်ရောက်ပါတယ်။ နောက်ထပ်ရောက် လာမယ့်သူတွေ ကိုလည်း ကူညီပေးအုံးမှာဖြစ်ပါတယ်။ ရက်ပေါင်း ၉၀ လွန်မှ ရောက်လာတဲ့စါရင်းကိုတော့ လက်မခံတော့ ပါဘူး။ အယင်ကတည်းကချမ်းသာသူဆိုရင် ဆုံးရှုံးသမျှ ပြန်ရမယ်။ သူဌေးက ခုငွေတွေနဲ့ ချမ်းသာသူသာ   ဖြစ်သွားရင် ထက်ဝက်ခန့်ပဲရလိမ့်မယ်လို့ ရှေ့ နေတွေကပြောပါ။ ကုမ္ပဏီမှာ အဓိကကျတဲ့ ကိုသိုက် နဲ့ ကိုလေး(ခ) ကျော်ဝဏ္ဏ တို့ မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေကိုလည်း မြန်မာအစိုးရဘက်က စုံစမ်းပေးဖို့လိုပါ တယ်လို့ ရှေ့နေတွေကတောင်းဆိုပါတယ်”ဟု ပြောသည်။




၅လအတွင်း  အကျိုးအမြတ်ဖြစ်မည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မြန်မာအလုပ်သမား ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများထံမှ ဘတ်ငွေ ဘတ်ငွေ ငါးဒဿမ ငါးဘီလီယံခန့်လိမ်လည်ထားသည့် ကုမ္ပဏီအား ပူးပေါင်း အဖွဲ့များက အောက်တိုဘာလ ၂၄ရက်နေ့က  ယနေ့ နှိမ်နင်းခဲ့သည်။





         ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော ဆဲဗင်းအလဲဗင်း ဈေးဆိုင် အနီးတွင်ရှိသော စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltdအားထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက်  နှိမ်နင်း   ရေးအထူးရဲတပ်ဖွဲ့ Economic Crine Suppression Division  မြန်မာသံရုံးအလုပ်သမားကူညီစောင့်  ရှောက် ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
စံကျောင်းပင်ကုမ္ပဏီတွင် အလိမ်ခံထားရသည့်မြန်မာအလုပ်သမားများအနေဖြင့် ၀၈၅ ၃၄၁ ၅၆၁၁ နှင့် ၀၉၀ ၆၆၇၇ ၉၁၃ တို့သို့ ရက်ပေါင်း ၉၀ မတိုင်မီ စာရွက်စာတမ်းအထောက်အထားများနှင့် အမြန်ဆက် သွယ်ရန်လိုအပ်မည်ဖြစ်သည်။