07 November 2014

လိပ်ကျွန်းလူသတ်မှုအတွက် ဦးခင်အောင်မြင့် ဦးဆောင်သောအဖွဲ့ ထိုင်းသို့သွားမည်


ထိုင်းရှေ့နေများကောင်စီသို့ လုပ်သားနှစ်ဦး၏ ထွက်ဆိုချက်များ မိဘနှစ်ဦးက အပ်နေစဉ်(ဓာတ်ပုံ - ငြိမ်းချမ်း)

ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦး၏အမှုကို တရား မျှတစွာစစ်ဆေးပေးရန်နှင့်  အမှု မှန်ပေါ်ပေါက်ရေး စုံစမ်းမှု များပြု လုပ်ရန် ထိုင်းနိုင်ငံလွှတ်တော်ထံလာရောက်တင်ပြရန်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ဦးဆောင်သောအဖွဲ့ ထိုင်းနိုင်ငံသို့လာရောက်မည်ဟု သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ် သားနှစ်ဦးအား ဖမ်းဆီးထားပြီး လူသတ် တရားခံဟု  စွပ်စွဲထား သည်။  ထိုသို့ပြုလုပ်ခြင်းကြောင့် မြန်မာသံရုံးအထူးအဖွဲ့က စုံစမ်း စစ်ဆေးမှု များပြုလုပ်ရာ လူသတ် တရားခံသည် မြန်မာလုပ်သားနှစ် ဦးမဟုတ်ကြောင်း အချက်အလက်များတွေ့ရှိ၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ  သံအမတ်ကြီးသို့ တင်ပြခဲ့သည်။


ယင်းတင်ပြမှုကို သံအမတ်ကြီးမှတစ်ဆင့် မြန်မာအစိုးရသို့တင် ပြပြီးနောက် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် စုံစမ်းရေးအဖွဲ့စေလွှတ်ရန် ပြောကြားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံထပ်သီး အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံသို့လာရောက်မည်ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။


 ‘‘သံအမတ်ကြီးနဲ့အစည်း အဝေးလုပ်ပြီးပါပြီ။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနဲ့  အလှူရှင် လွှတ်တော် အမတ်တွေပါတဲ့အဖွဲ့ လာမယ်လို့ပြောပါတယ်။ သူတို့ အဖွဲ့လာဖို့လည်း ထိုင်းမှာရှိတဲ့ လွှတ်တော်ကို စာပို့ထားတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရဘက် က   ဒီလိုမျိုးအဖွဲ့စေလွှတ်တာ ကောင်းပါတယ်။ လာကိုလာရမှာ ပါ’’ဟု ဦးကျော်သောင်းကပြော သည်။

သံအမတ်ကြီးဦးဝင်းမောင် ကလည်း မြန်မာဘက်မှ အထူးစုံစမ်းရေးအဖွဲ့ လာရောက်မည်ဖြစ်ပြီး ထိုအဖွဲ့ တွင် အထူးစစ်ဆေးရေးများနှင့် မှုခင်းကျွမ်းကျင်အရာရှိ များပါလာမည်ဟု ထိုင်းနိုင်ငံရှေ့ နေများကောင် စီနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦး၏  အမှုတွဲအား ထိုင်းအစိုးရရှေ့နေများထံသို့ သုံးကြိမ်တိုင်တိုင် စွဲချက်တင်ပို့ ရာ အစိုးရရှေ့နေများက စစ်ဆေး ချက်မပြည့်စုံသေးဟုဆိုကာ ပြန် လည်စစ်ဆေးရန်  ပယ်ချထား သည်။

  မြန်မာလုပ်သားနှစ်ဦး၏ အမှုကို  ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့် အရေးကောင်စီတို့က မြန်မာလုပ် သားနှစ်ဦးဘက်မှ ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ လိပ်ကျွန်း လူသတ်မှုကို ဗြိတိန်စုံထောက် အဖွဲ့က အခင်းဖြစ်ပွားရာလိပ် ကျွန်းသို့ လျှို့ဝှက်လာရောက်စုံ စမ်းခဲ့သော်လည်း အမှုနှင့်ပတ် သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှု မရှိသေးပေ။

7Day News Journal