၂၀၁၅ ခု ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့်ဆောင်းပါးအား အွန်လိုင်း စာဖတ်ပရိတ်သတ်များအတွက် တင်ပြလိုက်ပါတယ်........
မလေးရှားမှာ ပုလိပ်ဖမ်းလို့ မလေးရှားထိုင်း နယ်စပ်က
လူပွဲစားဂိုဏ်းတွေရဲ့ အချုပ်ခန်းထဲကို ရောက်နေ ကြသူတွေနဲ့ တစ်ခါ ထိုင်းက အဖမ်းခံရပြီး မြ၀တီဘက်ကို ပြန်ရောက်တဲ့အခါ
ဒီကေ ဘီအေ ၉၉၉သုံးလုံးဂိတ်ထဲ မှာ အချုပ်ခန်းထဲ မှာနေ ရပြန်တယ်ဆိုတာတွေဟာ တကယ်ရှိခဲ့တဲ့
ဖြစ်ရပ် တွေပါ။ ဒီလူတွေကိုထမင်း၀၀လင်လင် မကျွေးေ မွး ပါဘူး။ ငွေပေးတဲ့သူရှိမှ ရွေးထုတ်ပေး ပါတယ်။
မရွေးနိုင်သူကိုတော့ ငါးဖမ်းလှေပေါ် ကို ပြန်လည် ရောင်းချပါတယ်။ ဒါတွေကိုကျနော်တို့
VDO ရအောင်ရိုက်ပြီးတင်ပြခဲ့ဖူးပါတယ်။ ထိုင်းရောမြန်မာပါ အရေးယူ ဆောင်ရွက်မှုမရှိခဲ့ကြပါဘူး။ ထိုင်းနဲ့မြန် မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဟာ ပြတ်သား ထိ ရောက်မှုမရှိတာကြောင့်
လူကုန်ကူး မှုအနိမ့်ဆုံးအဆင့်ဆိုပြီး ၂၀၁၄ နှစ်မှာ အမေရိကန်အစိုးရက သတ်မှတ် လိုက်တယ်ထင်ပ။
သန်းချီရှိတဲ့မြန်မာနိုင်ငံက လူငယ်တွေဟာ ထိုင်းနိုင်ငံအထဲကို
ပွဲစား(လူကုန်ကူးသူတွေ)နဲ့ လာခဲ့ ကြတာပါ။ နေ့တိုင်းလည်းလူကုန်ကူးသူတွေနဲ့လာနေကြဆဲဖြစ်ပါတယ်။
အလုပ်မရှိတဲ့တိုင်းပြည်နဲ့ အလုပ် သမားအလိုရှိတဲ့တိုင်းပြည်တို့အကြားမှာ ဖြစ်လေ့ရှိတာသဘာဝဆိုပြီး
နိုင်ငံတကာကဘယ်တုန်းကမှ မြန်မာ
တွေ လူကုန်ကူးခံရတာကို
အလေးနက်မထားခဲ့ကြပါဘူး။
မေလဆန်းပိုင်းကစပြီး ထိုင်းတောင်ပိုင်း
လူကုန်ကူးစခန်းတွေမှာ လူသေအလောင်းတွေ အမြောက် အ မြားတွေ့ရှိမှု။ အန်ဒမန်ပင်လယ်ပြင်ထဲမှာ
ဘင်္ဂါလီတွေ ၇,၀၀၀ ထက်မနည်း ကမ်းကိုကပ်ခွင့်မရဖြစ်နေ တယ်။ သူတို့ကိုကယ်ကြပါ။ လူသားချင်းစာနာကြပါဆိုပြီး
ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အီးယူက ထပြီးအော် ပါလေရော။ ကမ္ဘာ့သတင်းကြီးဖြစ်သွားတယ်။ ဒီသတင်းဟာ
ပြီးခဲ့တဲ့အပတ်မှာ လူပေါင်းရှစ်ထောင်ကျော်ေ သကျေခဲ့တဲ့ နီပေါ မြေငလျှင်သတင်းထက် ကြီးလာတယ်။
နိုင်ငံတ၀က်ကျော်လောက်ပျက်စီးသွားတဲ့ အမှိုက် ပုံဖြစ်နေတဲ့ နီပေါနိုင် ငံပြန်လည်ထူထောင်ရေး
ကူညီရေးကိစ္စတွေထက် အရေးပိုကြီးသွားတယ်။
တကယ်အရေးကြီးလို့လား၊ အရေးကြီးအောင်လှုံ့ဆော်မှုကောင်းနေကြလို့လားဆိုတာ
ကျနော်တို့ ဆန်း စစ်ဖို့လိုအပ်ပါမယ်။ ဒီလူတွေဟာ လှေစီးပြေးဒုက္ခသည်တွေလား၊ လှေကိုပြေးစီး
ကြသူတွေလား၊ တရားမ၀င် လမ်းကြောင်းနဲ့ ပြည်ပကိုထွက်ခွာပြီးအလုပ်လုပ်ဖို့သွားကြတဲ့ လူကုန်ကူးခံရသူတွေလား ဆို တာပါပဲ။
“မြန်မာနိုင်ငံထဲသို့ ဘင်္ဂါလီများဝင်ရောက်ပုံ အဆင့်ဆင့်”
ရခိုင်ဘင်္ဂလားဒေ့ခ်ျနယ်စပ်ဟာ အင်္ဂလိပ်ခေတ်ကတည်းက
လယ်ကူလီလုပ်ဖို့၊ အိမ်သာတွေကို သန့်ရှင်းဖို့ ဘင်္ဂါလီလူမျိုးတွေကို သွင်းခဲ့တာပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရလာပြီးနောက်ပိုင်းကစပြီး
ယနေ့ အထိနယ်စပ် ကို စောင့်ကြပ်တဲ့ နိုင်ငံဝန်ထမ်းတွေဟာ လာဘ်ငွေယူပြီး ဘင်္ဂါလီကိုတင်သွင်းနေခဲ့ကြတာပါ။
လက်တွေကြုံဖူး တာကိုပြောရမယ်ဆိုရင်၊ စာရေးသူဟာ ၁၉၉၀ ပြည့်လွန်ကာလက ဘူသီးတောင်နဲ့မောင်ေ တာ ကို
နေလှမ်းဆား ကြမ်းတွေပို့ဖို့ ၁၁ ခေါက်တိတိရောက်ဖူးပါတယ်။ မောင်တော ကိုရောက်လာတဲ့ ဘင်္ဂါလီတွေကို
မောင်တောက ဘင်္ဂါလီသူဌေးကြီးတွေက ညနေ ၆နာရီလောက်မှာ ကားနဲ့တင်ပြီး ထွက်လာ ပါ တယ်။ မြို့အထွက်လ၀ကဂိတ်မှာ
ငွေ အိပ်တွေကိုတပည့်တွေက ထမ်းပြီး ဆင်းသွားပါတယ်။ သာမန် ၀န်ထမ်းက ဘင်္ဂါလီတွေကိုဓါတ် မီးနဲ့ထိုးပြီး
ရေတွက်ပါတယ်။ ပြီးရင် ရုံးထဲကိုဝင်သွားပါတယ်။ ကြားမှာ တစ်ခါနဲ့ ဘူးသီးတောင် အ၀င် လ၀က
ဂိတ်မှာတစ်ခါ စောစောကလိုပဲ ရှင်းလိုက်ကြပါတယ်။
နောက်နေ့ မိုးလင်းတဲ့အခါ အဲဒီ ဘင်္ဂါလီတွေဟာ
စစ်တွေကို ထွက်ခွာမယ့် ရွှေဟင်္သာ၂ထပ် သင်္ဘော ပေါ်ကိုလွယ်ကူစွာရောက်ရှိသွားခဲ့ပါတယ်။ နိုင်ငံသားတွေကတော့ မှတ်ပုံတင်တွေပြပြီး လက်မှတ် ၀ယ်ပြီးမှ
သင်္ဘောပေါ်ကို တက်ရပါတယ်။ ဒီသဘောင်္ဟာ ညနေ၆နာရီလောက်မှာ စစ်တွေဆပ်ရိုးကျချောင်း ကိုဝင်ပါတယ်။
ဘူးသီးတောင် နဲ့ မောင်တောက ပါလာတဲ့ ဘင်္ဂါလီတွေဟာ သင်္ဘောဆိပ်က မတက်ရပဲ သဗ္ပာန်ငယ်တွေနဲ့
နာဇီ ရွာဆိုတဲ့စစ်တွေမြို့ စွန်ကရပ်ကွက်ကိုလိုက်ပါသွားခဲ့ကြပါတယ်။ ဒီအထဲက တချို့ ဟာ
စစ်တွေမှာ ကျန်ခဲ့ပေမယ့် အတော်များများ တို့ဟာ ရန်ကုန်ကို ကြယ်ငါးပွင့်သင်္ဘောတွေနဲ့ဖြစ်စေ၊
ကုန်တင်သင်္ဘောကြီးတွေနဲ့ဖြစ်စေ၊ ငါးဖမ်းသင်္ဘောကြီး တွေနဲ့ဖြစ်စေ ရောက်အောင်သွားကြပါတယ်။
အတော်များများကတော့ စစ်တွေကတစ်ဆင့် ကျောက်ဖြူ၊
ထိုမှတစ်ဆင့် ကျောက်နီမော် ကိုရွှေ့ပါ တယ်။ အဲဒီကမှ ပုသိမ်နဲ့ရန်ကုန်တို့ကိုခရီးဆက်ကြပါတယ်။
ငွေကြေးတတ်နိုင်တဲ့ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား တစ်ယောက် ဟာ အကျင့်ပျက်မြန်မာဝန်ထမ်းတွေကိုပေးကမ်းရင်း
ရက်ပိုင်းအတွင်း ရန်ကုန်မြို့မက တောင် ပိုင်းအစွန်ဆုံး ကော့သောင်း အထိခရီးဆန့်ပါတယ်။
နိုင်ငံသားတွေကိုမှ ထုတ်ပေးတဲ့ မှတ်ပုံတင်ဆိုတာ မြန်မာနိုင်ငံမှာ တရုတ် နဲ့ကုလားအတွက်
ငွေပေးရင် အချိန်မရွေးထုတ်လုပ်လို့ရတဲ့ ပစ္စည်းတစ်ခုပါ။
ဘူးသီးတောင်နဲ့မောင်တောကို ဥဒဟိုသွားလာနေကြတဲ့
ယူအင်ကားကို မောင်းနှင်သူက ဘင်္ဂါလီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းကို ၀င်ကြမယ့်
ဘင်္ဂါလီတွေကို ခေါက်တုန့်ခေါက်ပြန် သယ်ပို့ပါတယ်။
ရေကြောင်းမှာမောင်းတဲ့ အမြန်စပီးဘုတ်မှာလည်း ထိုနည်းအတိုင်း ရသမျှကို သယ်ပို့ကြ ပါတယ်။
ယူအင် အဖွဲ့စည်းတွေ အကာအကွယ်နဲ့ ဘင်္ဂါလီလူမျိုးတွေအတောမသတ်တင်သွင်းလိုက်တာ ကျနော်တို့
မျက်မြင် အများကြီးဖြစ်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တော ဆိုတာ ဘင်္ဂါလီနယ်မြေလိုဖြစ်နေ ခဲ့တာမို့
အပြောသာပေ မယ့် စစ်တွေ၊ ပုသိမ်၊ ရန်ကုန်မြို့မှာရှိတဲ့ ဗလီတွေမှာ ဘင်္ဂလားဒေ့ခ်ျက ရောက်လာ သူတွေ
အစုလိုက်အပြုံ လိုက် ခိုအောင်နေတာကို အာဏာပိုင်တွေ မသိမဟုတ်။ သိမည်ပင်။
နှစ်ပေါင်းခြောက်ဆယ်လောက်မှာ မြန်မာအာဏာပိုင်တွေဟာ
မြန်မာ့အရေးလှုပ်ရှားသူတွေကို မျက် ခြေမပြတ်စောင့်ကြည့်တာ၊ တရားဟောရဟန်းတော်တွေကို စောင့်ကြည့်ပိတ်ပင်တာတွေလုပ်ပေမယ့်
အမျိုး သားလုံခြုံရေးအရ မြန်မာနိုင်ငံအနှံ့ ဗလီတွေထဲမှာ ဘာလုပ်နေကြသလဲဆိုတာကိုတော့
ဘာလုပ်ရမ လဲ ဆိုတာ ခုထိ စဉ်းစားကြတာမတွေ့ရသေးတာဟာ စိုးရိမ်စရာဖြစ်ပါတယ်။
“အသံကြောင့်ဖါးသေ၊
နာမည်ကြောင့်အခက်ပွေ”
ဘင်္ဂါလားဒေ့ခ်ျနဲ့နယ်စပ်ခြင်းထိစပ်၊
တမြို့တည်း နှစ်ပေါင်းများစွာအတူနေထိုင်ပေမယ့် ရခိုင်အမျိုး သမီးတွေဟာ ဘင်္ဂလီလူမျိုးတွေ
ကိုလက်မထပ်ကြပါဘူး။ သွေးနှောမခံပါဘူး။ ယခုနောက်ပိုင်းမှာ လူအင် အား လည်းနည်း၊ ဆင်းလည်းဆင်းရဲတဲ့
မိသားစုအင်အားလည်းမရှိတဲ့ ဘူးသီးတောင်၊မောင်တောနယ်စွန် နယ်ဖြားက တစ်ချို့တလေသော ရခိုင်အမျိုးသမီးငယ်အချို့ကို
ဒေသမှာသြဇာညောင်းနေတဲ့ ဘင်္ဂါလီအချို့က အဓမ္မသိမ်း ပိုက်ထားတာရှိကောင်းရှိနိုင်ပါတယ်။
ရခိုင်နဲ့ ဘင်္ဂါလီကုလားတွေဟာ ရခိုင်တွေနဲ့
အတူနေလာခဲ့ကြတာ နှစ်ပေါင်းရာချီရှိခဲ့ပြီး ဘာမှအေ ထွ အထူးပြဿနာမရှိခဲ့ကြဘူး။ ဒါပေမယ့်
၁၉၅၈ ၀န်းကျင် ဖဆပလ ၀န်ကြီးချုပ်ဦးနုလက်ထက်က ပြဿ နာစခဲ့ တယ်လို့ သမိုင်းတွေအရသိရတယ်။
ဦးနုဟာ သူမဲအနိုင်ရဖို့အတွက် ဘင်္ဂါလီတွေကို
ရိုဟင်ဂျာ ဆိုတဲ့ အမည်ကိုခေါ်တွင်စေခဲ့ပြီး ရိုဟင်ဂျာအသံဆိုပြီးမြန်မာ့အသံကအချိန်ပိုင်းလွှင့်စေခဲ့တယ်။
တက္ကသိုလ်တွေ မှာလည်း အသင်းအဖွဲ့တွေတည်ထောင်ခွင့်ပြုခဲ့တယ်။ အနာဂတ်ကို အမြော်အမြင်နည်းပါး တဲ့
နိုင်ငံ့ ခေါ င်းဆောင် တစ်ယောက်လုပ်ရပ်အမှားကြောင့် မြန်မာနိုင်ငံဟာ ခုထိပြဿ နာမရှင်းနိုင်ဖြစ်နေတယ်။
ဂမ်းဖါး ဆိုတဲ့ လွှတ်တော်အမတ်က ဂါးဒီယန်းသတင်းစာမှာစတင်ပြီး ရိုဟင်ဂျာ ဆိုတဲ့အမည်ကိုကမ္ဘာ့ စာမျက်နှာမှာ
မိတ်ဆက် ပေးခဲ့တယ်။ အဲဒီကတည်းက ရခိုင်သမိုင်းပညာရှင်တွေတောက်လျှောက်ဖြေရှင်း လာလဲ့ကြရတယ်။
ဦးနု နိုင်ငံရေးအကျိုးအမြတ်အတွက်လုပ်သွားခဲ့တဲ့ ရိုဟင်ဂျာ
ဆိုတဲ့လူမျိုးတစ်မျိုး သီးသန့်တီထွင် ချင်နေတဲ့ ဘင်္ဂါလီတွေရဲ့အကြံအစည်ကို သိရှိကြတဲ့ရခိုင်နဲ့
မြန်မာအစိုးရအစဉ်အဆက်တို့ လက်မခံခဲ့ကြ ဘူး။ နိုင်ငံတကာက လူနည်းစုရိုဟင်ဂျာတွေကို ရခိုင်နဲ့
မြန်မာအစိုးရတို့ လူမျိုးတုန်းလုပ်နေကြတယ်ဆိုပြီး ဟစ်အော် နေကြပေမယ့် တကယ့်လက်တွေ့မှာ
မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် တို့မှာ ဘင်္ဂါလီ တွေက ရာခိုင် နုန်းပြည့်နီးပါးဝါးမြိုသွားခဲ့ပြီဖြစ်ပါတယ်။
မူဂျာဟစ်ထ၊ အကြမ်းဖက်မှုတွေကြောင့် မနေနိုင်ေ တာ့တဲ့ရခိုင်တွေဟာ နေရပ်ရင်းကိုစွန့်ခွာခဲ့ရတာကြောင့်ရခိုင်ရွာပေါင်းများစွာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်
ပါတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့အကျယ်အ၀န်းဟာ မြန်မာနိုင်ငံရှမ်းပြည်နယ်
အကျယ်အ၀န်လောက်သာရှိပါ တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ သန်းခြောက်ဆယ်မပြည့်ပေမယ့်
ဘင်္ဂလားဒေ့ခ်ျနိုင်မှာ လူဦးရေ သန်း ၁၂၀ ကျော်ရှိပါတယ်။ ရခိုင်ပြည်နယ် ဘူသီးတောင်နဲ့မောင်တောဆိုတာ
ဘင်္ဂါလီလူမျိုး ၉၈ရာခိုင်နုန်း ရှိပါတယ်။ ကြောက်ခမန်းလိလိ
တိုးပွားနေတဲ့ ဘင်္ဂါလီတွေအတွက် အမျိုးတူ ဘာသူတူ ရှိတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို
နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်ရောနှောဖို့ လွယ်ကူပါတယ်။
“ကမ္ဘာကြော်အောင်ညာခဲ့ကြတဲ့ဒေါ်လာကြော်ညာ”
ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ မူဆလင်ကမ္ဘာဟာ
သူတို့ဘာသာနဲ့သူတို့လူမျိုးကို အမှန်တ ကယ်ကာ ကွယ်စောင့်ရှောက်ပေးပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့အမည်တစ်လုံးမိုးသို့ဟိန်းအောင် ပေါက်ရမယ်လို့ ဘန်ကောက်အခြေစိုက် ရိုဟင်ဂျာ အသင်းအဖွဲ့က
ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲလုပ်ပြီးကြွေးေ ကြာ် ပါတယ်။ နိုင်ငံတကာမီဒီယာတွေကလည်း
အဲဒီနာမည်ကို တွင်တွင်ကြီးသုံးပါတယ်။ ဘက်လိုက်ရေး သားကြပါတယ်။ မှတ်မှတ်ရရ ၂၀၁၃ ခုနှစ်က
BBC သတင်းဌာနက ရခိုင်ပြည်နယ်နေရာမှာ ဘင်္ဂါလီတွေ ပုံနဲ့ ဖေါ်ပြတာကို မကျေနပ်ကြလို့ ရာပေါင်းများစွာသော
ရခိုင်နဲ့တိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံတွေ ဟာ ဘန်ကောက်မြို့ နိုင်ငံ ခြား သတင်းထောက်များကလပ်ရုံးကြီးအောက်မှာ
ဆန္ဒပြခဲ့ကြတာကို ဘယ်မီ ဒီယာ ကမှ သတင်းမထုတ်လွှင့်ခဲ့ကြပါဘူး။
ပြည်ပအခြေစိုက်
မြန်မာမီဒီယာတွေဟာလည်း နိုင်ငံခြားအလှူရှင်တွေက ရိုဟင်ဂျာလို့ သုံးမှ ပိုက်ဆံရတာမို့
သုံးဖြစ်အောင်သုံးရပါတယ်။ ရိုဟင်ဂျာနာမည်ပေါက်အောင် ကြော်ညာပေးဖို့ကတိပြုရပါတယ်။ ရိုဟင်ဂျာလို့
မရေးတဲ့သတင်းထောက် အလုပ်ပြုတ်ပါတယ်။ အဲဒါကြောင့် ပြည်ပအခြေစိုက်မြန်မာသတင်းဌာနတွေမှာ
ရခိုင် မရှိသလောက် ရှားပါတယ်။
ဘင်္ဂါလီတွေဟာ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ
စတဲ့ နေရာတွေကို ပေါက်အောင် ထိုးဖေါက်နိုင် ပါတယ်။ ထိုင်းလိုနိုင်ငံမှာ လူ့အခွင့်အရေးနဲ့
နာမည်ရနေတဲ့ …ထိုင်းအမျိုးသမီးကြီးကိုချဉ်းကပ်ပြီး အကူညီ ရယူတယ်။ သက္ကရာဇ်၂၀၀၈-၂၀၀၉က ထိုင်းက အာဆီယံအတွင်းရေးမှူးချုပ်လုပ်ခဲ့တဲ့
ဒေါက်တာ ဆူရင် ပစ်ဆူဝန် ဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တယ်။
ဘင်္ဂါလီတွေဟာ အတိုက်အခံအဖွဲ့အစည်းတွေဆီမှာလည်း သူတို့လူကို ရင်းနှီးမြှုပ်နှံပါတယ်။
ထိုင်းရောက်ဘင်္ဂါလီတွေဟာ ထိုင်းသတင်းမီဒီယာတွေကိုလည်း
ထိုင်းဘာသာ စကားနဲ့ ပေါက်ေ ရာ က် အောင် ပြောဆိုနိုင်စွမ်းကြပါတယ်။ မြန်မာနဲ့ရခိုင်တို့မှာ
ဘင်္ဂါလီတို့လို မစွမ်းဆောင်နိုင်ကြ။ လုပ်ရ ကောင်းမှန်းသိ ကြဟန်မတူ။ လုပ်ရန်မလိုဟုလည်းသတ်မှတ်ထားကြဟန်တူပါတယ်။
ဘင်္ဂါလီတွေဟာ အချိန်ကြာလာတာနဲ့အမျှသူတို့ရည်မှန်းချက်တွေ ပြည့်သွားကြတယ်။ မြန်မာက
နောက်ကလိုက်ရှင်းနေကြရ
ဆဲဖြစ်တယ်။ ငိုတတ် တဲ့သား နို့စို့ရတယ်ဆိုတဲ့ ဆိုရိုးစကားလို
ငိုယိုပြောတတ် သနားစရာပြင်တတ်တဲ့ ဘင်္ဂါလီတွေကို မြင်ရ သူတိုင်း က သနားစရာ သတ္တ၀ါအဖြစ်မြင်သွားခဲ့ကြပြီဖြစ်တယ်။
၁၉၈၈ နောက်ပိုင်းကနေ နှစ်ပေါင်း ၂၀ကျော်လောက်အတွင်းမှာ
မြန်မာ့ အရေးလှုပ်ရှား သူတွေ နဲ့ ပြည်ပ ကို ထွက်ခွာလာခဲ့ကြတဲ့ ၁၉၉၀ ပြည့်ရွေးကောက်ခံအမတ်တွေ၊
ပြည်ပရောက် ညွန့်ပေါင်း အစိုး ရအဖွဲ့တို့က ကုလ သမဂ္ဂနဲ့ အာဆီယံနိုင်ငံအစည်းဝေးတွေမှာ မြန်မာ့အရေးကို
လူ့အခွင့်အရေး ချိုးဖေါက် ခံနေရတဲ့ တိုင်းပြည်တစ်ခု အဖြစ် ပြောဆိုတာကလွဲရင် ဒေသတွင်းပြဿနာအဖြစ်
လုံးဝအသိအမှတ် မပြု ခဲ့ကြဘူး။ ဒီနေ့ဒီအချိန်မှာ ပြည်ပ ကို အလုပ်လုပ်ဖို့ လူကုန်ကူးသူတွေနဲ့ထွက်လာကြတဲ့
ဘင်္ဂါလီ လှေပြေးစီးဒုက္ခသည်တွေအရေးဟာအာဆီယံ ဒေသတွင်းအရေး၊ နိုင်ငံတကာအရေးလို့ ပြောနေကြပါ
တယ်။
ဒါတွေဟာ နိုင်ငံတကာရဲ့ အမြင်အယူ အဆတွေ ကို ကျနော်တို့ အထူးဂရုပြုကြရမယ့် ကိစ္စ ဖြစ်ပါ တယ်။
“နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုဆိုတာ”
အထက်ကတင်ပြခဲ့သလို မြန်မာနိုင်ငံအတွင်းပိုင်းက ဘင်္ဂါလီတွေဝင်ရောက် ထိုးဖေါက်ပြန့်နှံ့တာ က
တစ်မျိုး။ နောက်တစ်မျိုးက ပင်လယ်ရေကြောင်းလမ်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကထွက်တာနဲ့ ဆင်မဖြူ ကျွန်း၊ စစ်တွေရေတပ်၊ အငူမော်ရေတပ်၊
ဟိုင်းကြီးကျွန်းရေတပ်၊ မြိတ်၊ ကော့သောင်း ရေတပ် တွေ ထိုင်းရေတပ်၊ မလေးရေတပ်တွေကို ငွေပေးပြီး
ထိုင်းနဲ့မလေးရှားကို လာကြတာပဲလေ။ လူပေါင်း ရာထောင်ချီပြီး ငပိသိပ်၊ငချဉ် သိပ်တင်လာတဲ့လှေကို
ခေတ်မီရေဒါနဲ့ကိရိယာတွေတင်ဆောင်ထားတဲ့ ဒီရေတပ်သင်္ဘောတွေမမြင်ပဲရှိမလား။
လူအရေအတွက် အကန့်အသတ်မရှိ၊ ငွေကြေးအကန့်
အသတ်မရှိအရလွယ်တဲ့လူကုန်ကူးမှုဆိုတာ သာမန်ပွဲစားအဆင့်လူတွေလုပ်ကိုင်ကြတဲ့လုပ်ငန်းမဟုတ်ဘူး။
နိုင်ငံတိုင်းမှာ သြဇာရှိတဲ့လူတွေနဲ့ တနည်း မဟုတ်တနည်းပတ်သက်နေကြတာပဲလို့ ကျွမ်းကျင်သူတွေကဆိုတယ်။
ဒီလိုဧရာမ နိုင်ငံဖြတ်ကျော် လူကုန် ကူးမှုကြီးကို မြန်မာအစိုးရနှိပ်စက်လို့၊ မြန်မာနိုင်ငံက
ရိုဟင်ဂျာတွေ ပါတယ်ဆိုတာ ကမ္ဘာ့သတင်းမီဒီယာေ တွ က ကော ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကပါစဉ်ဆက်မပြတ် ကြော်ညာပေးထားကြပါတယ်။ ကုလားကိုမြင်လိုက်တာနဲ့မီဒီယာတွေကရိုဟင်ဂျာဆိုပြီးကြေညာပြီးသားဖြစ်သွားတယ်။ထိုမျှလောက် ကြော်ေ
အာင် ညာနိုင်ကြသူများဖြစ်ကြပါတယ်။
မေလ၂၉ ရက်နေ့မှာ ထိုင်းမှာကျင်းပမယ့်
နိုင်ငံပေါင်းစုံ လူကုန်ကူးမှုတိုက်ဖျက်ရေးအစည်းဝေးမှာ အမေရိကန်နိုင်ငံကလာမယ်ဆိုပြီးသတင်းကြီးနေချိန်မှာ
မေလ၂၂ရက်နေ့က ဘင်္ဂါလီ ၂၀၈ ဦးကိုမြန်မာ ရေပိုင်နက်မှာဖမ်းမိလိုက်တယ်။ ဒီဖမ်းဆီးမှုဟာ
မြန်မာအစိုးရအတွက် အလွန်ကောင်းတဲ့ လက်ဆုတ် လက်ကိုင် ပြစရာ အချက်အလက်တစ်ခုခြစ်သွားခဲ့ပါတယ်။
နိုင်ငံအတွက် ကံကောင်းတယ်ဆိုရပါမယ်။ ဒီလူတွေဟာ အန်ဒမန်ပင် လယ်(ထိုင်းအနီး)မှာ ဖမ်းမိလို့ကတော့
ရိုဟင်ဂျာဖြစ်သွားမှာကိန်းသေပါပဲ။ ဗမာပြည်ကလာတာဖြစ်သွားမှာမုချ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအကြံပေး
ဗီဂျေနမ်ဘီးယားက၂၃ ရက်နေ့မှာ သူတို့ ကိုလာတွေ့ခဲ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်လို့
ဧရာဝတီတိုင်းက လူပေါင်း တစ်သိန်းခွဲ ကျော်လောက် သေကျေ ပျက်စီးခဲ့တာ ဘယ် လောက်အကြာမှာ
ကုလသမဂ္ဂက ရောက်ခဲ့သလဲ။ ကျနော် တို့ စဉ်းစားကြရပါမယ်။
“အထူးသတိပြုရမယ့်နိုင်ငံတော်ပြဿ နာကြီးအဖြစ်
အမြဲနှလုံးမူပါ”
နိုင်ငံတော်အစိုးရက ဘင်္ဂါလီတွေကို ၁၉၈၂ ခုဥပဒေအရ ပြည်စုံသူတွေကို
နိုင်ငံသားအဖြစ် အသိ အမှတ်ပြု ပေးသင့်သလို မဖြစ်သင့်သူတွေကိုလည်းအလျှင်အမြန်ရဲရဲရင့်ရင့်ဆုံးဖြတ်ဖို့လိုပါတယ်။
ဒီပြဿ နာဟာ ရခိုင်နဲ့ ဘင်္ဂါလီအရေး အဖြစ်မမြင်ပဲ နိုင်ငံနဲ့လူမျိုးအတွက် အလွန်အရေးကြီးတယ်ဆိုတာ
ဂရုစိုက် ရပါမယ်။ ကမ္ဘာနဲ့နိုင် ငံတကာ အသိုင်းအ၀ိုင်းဟာ အဆမတန်ပေါက်ပွားနုန်းမြန်တဲ့
ဘင်္ဂါလီတွေရဲ့ ပကတိ အခြေအနေကို မသိချင် ယောင်ဆောင်ပြီး ထွက်ပေါက်ကို နိုင်အောင်ပိတ်ဖို့မစဉ်းစားပဲ
လူကုန်ကူးသူတွေ ခေါ်လာတာကို အားလုံး က လက်ခံရမယ်ဆိုတာဟာ ဘယ်လို ရည်ရွယ်ချက်တွေလည်းဆိုတာ
အထူး သတိပြုကြရပါမယ်။
မြန်မာအစိုးရကောင်းမွန်ကြောင်း၊ ပြောင်းလဲနေကြောင်း
အမေရိကန်လော်ဘီကုမ္ပဏီကို ငှါးရမ်း အသုံး ပြုသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူး။
လူမျိုးအသစ်ထွင်ပြီး ၀ါဒမှိုင်း ပယောဂ၀င်ပူးနေတာ ဖြစ်တယ် ဆိုတာ ရခိုင်နဲ့ မြန်မာသမိုင်းကျွမ်းကျင်သူတွေကို
ထိုက်ထိုက်တန်တန် ဉာဏ်ပူဇော်ခပေးပြီး တော့ ကမ္ဘာကသိအောင် စဉ်ဆက်မပြတ် အင်တိုက်အားတိုက်လုပ်ဆောင်သင့်ကြောင်း
တင်ပြအပ်ပါ တယ်။
မောင်ပေါ်ထွန်း