၂၀၁၅ ဇွန်လ
၂၅
မင်းဘခက်

အလုပ်သမား၁၃၀ဦးတို့သည် အဆိုပါ ကုမ္ပဏီသို့
ကျပ်ငွေ လေးသိန်းနှင့်အချို့အလုပ်သမားများမှာ ငါးသိန်း အထိပေးခဲ့ရပြီး ၅၊ ၁၊၂၀၁၅ နေ့က ထိုင်းနိုင်ငံသို့လာခဲ့ကြသည်။ အလုပ်သမားများအား
နေရာပေါင်းစုံသို့ အုပ်စုခွဲပို့ဆောင်လိုက်သည်။ ယခုဖမ်းဆီးခံရသည့် အလုပ်သမား ၁၀ဦးတို့မှာ
ကျော်နိုင်ဦး၊ ရဲလင်းထွဋ်၊
ရဲထိုက်အောင်၊ ကြည့်လွင်၊
တင်မျိုးနိုင်၊ ဦးသန်းဝင်း၊
နိုင်ဦး၊လှဦး၊ ၀င်းကိုကိုနိုင် နှင့် ဝေယံစိုးတို့ဖြစ်ကြသည်။
၎င်းတို့ ၁၀ဦးသည် စူရတ်ဌာနီတွင် ၃လကျော် နှင့် ဥဒုန်းဌာနီမြို့တွင် ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်ခဲ့ကြသည်။ ဥဒုန်းဌာနီတော့ထဲ ရော်ဘာခြံတွင် ၁၅ ရက်အလုပ်လုပ်ခိုင်းခဲ့သည်။ လုပ်အားခ မမှန်သဖြင့် အလုပ်သမားများက အလုပ်မလုပ်လိုကြတော့ကြောင်းပြောသည်။
၎င်းတို့ ၁၀ဦးသည် စူရတ်ဌာနီတွင် ၃လကျော် နှင့် ဥဒုန်းဌာနီမြို့တွင် ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်ခဲ့ကြသည်။ ဥဒုန်းဌာနီတော့ထဲ ရော်ဘာခြံတွင် ၁၅ ရက်အလုပ်လုပ်ခိုင်းခဲ့သည်။ လုပ်အားခ မမှန်သဖြင့် အလုပ်သမားများက အလုပ်မလုပ်လိုကြတော့ကြောင်းပြောသည်။
MYANMAR RXPRESS LINK CO,LTD အေဂျင်စီကို ဆက်သွယ်ရာမရရှိသဖြင့် ဘန်ကောက်မြန်မာသံရုံး
အလုပ်သမားသံအရာရှိထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြသည်ဟု အလုပ်သမားများကပြောသည်။ ၃ရက်မြောက်လာသည့်တိုင်အောင်
အခြေအနေမထူးခြားသဖြင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန နှင့် Complaints Mechanism
Centreဖုန်းများ ကို အလုပ်သမားများဆက်သွယ် အကြောင်းကြားခဲ့သည်။
အလုပ်သမားတစ်ဦးက “မြန်မာအက်စပတ်လင့်က
ပွဲစား ကိုမင်းမင်းနဲ့ ဒေါ်သန်းသန်းမူ
တို့ကို
ဖုန်းဆက်ခဲ့ ပေမယ့်အကြောင်းမထူးဘူး။ အလုပ်သမားသံအရာရှိကလည်း
အေဂျင်စီတွေကိုပြောထားတယ်လို့သာပြော ပါတယ်။ နေပြည်တော်ကို လှမ်းတိုင်တော့မှ
ကျနော်တို့ကို ရာဘာတောထဲက မန်နေဂျာလာခေါ်ပါတယ်။ ပတ်စပို့မပါလို့ ဆိုပြီး ကျနော်တို့ကို
ပုလိပ်ဖမ်းထားပါတယ်။ အချုပ်ခန်းထဲမှာတော့မဟုတ်ဘူး။ ကျနော်တို့ ကြိုက်တဲ့နေရာကိုပို့
အလုပ်လည်း မှန်မှန်လုပ်တယ်။ ပတ်စပို့ဖိုးလည်းဘတ်ငွေ ၁၀,၅၀၀ဖြတ်ပြီးပြီ၊ ပတ်စပို့ကို
ကျနော်တို့ကိုပေး မကိုင်သေးဘူး” ဟုပြောသည်။
နေ့လည်ပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများညဥ့် ၁၁ နာရီတိတိတွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က
“အစိုးရချင်းပို့တဲ့MOU
ဆိုပြီး အလုပ်သမားတွေရဲ့ကံကြမ္မာက ထိုင်းနဲ့ မြန်မာပွဲစား အေဂျင်စီတွေလက်ထဲမှာပဲရှိ
နေပါတယ်။ နေရာအတော်များများမှာ MOU အလုပ်သမားတွေ အခက်အခဲနေ့တိုင်းရှိနေပါတယ်။ အလုပ်
သမားသံအရာရှိတို့လည်း မရှင်းနိုင်ဘူး။ အလုပ်သမားတွေကတော့ အခံဘက်ကပဲ။ MOUအလုပ်သမားတွေ
ခံမြဲခံနေကြရအုံးမှာပဲ” ဟုပြောသည်။