03 June 2015

“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”

ဦးမင်းလှိုင်- ဥက္ကဌ (မြန်မာပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ရှင်များအဖွဲ့ချုပ်)၊ ဦးကျော်ထင်ကျော် အထွေထွေ အတွင်းရေးမှူး( မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်) ရန်ကုန်မြို့


“MOU အလုပ်သမားများ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ”
မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြရာတွင် စာချုပ်ပါ စည်းကမ်း စည်းမျဉ်းများနှင့် မကိုက်ညီခြင်း တို့ကြောင့် MOU အလုပ်သမားများစွာ အခက်အခဲများကြုံ လာခဲ့ကြ ပြီးဖြစ်ပါသည်။

အလုပ်သမားများအနေဖြင့်မြန်မာနိုင်သို့ပြန်လာ၍ အဖြစ်မှန်ကိုတင်ပြနိုင်ရန် အခက်အခဲများစွာရှိပါသည်။
ဖြစ်ရပ်မှန်အခြေနေမှန်များကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ သိရှိနိုင် ကြစေရန်အတွက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT မှ,ကမကထ ပြုလုပ်၍ MOU အလုပ်သမားများကိုယ်တိုင် ရန်ကုန်မြို့ ကို လာရောက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပမည်ဖြစ်ပါသည်။


အစီအစဉ်
နေရက်။ ။ ၂၀၁၅ ခု ဇွန်လ (၄) ရက်
အချိန်။ ။ နေ့လည် ၁၂နာရီ မှ ၂ နာရီထိ။ 

နေရာ။ ။ MJN မြန်မာဂျာနယ်လစ်ကွန်ယက်

ဆက်သွယ်ရန်။ ။ ကိုစောမြတ်ချို
09 7990 359 29

MOEAF မှ ဥက္ကဌ (သို့) ဒုဥက္ကဌ တစ်ဦး နှင့်အထွေထွေ အတွင်းရေးမှူး တို့ မဖြစ်မနေ တက်ရောက်
 ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ဟောပြောကြမယ့် MOU အလုပ်သမား များရဲ့ ဒါရိုက်တာများကိုလည်း ဇွန်လ ၂ရက်နေ့မှာ လူကြီးမင်းတို့ ထံက တစ်ဆင့် ဖိတ်ကြားပါမယ်။

လေးစားစွာဖြင့်
ဦးကျော်သောင်း
ဒါရိုက်တာ
MAT