19 June 2015

“ဒေါ်စုအသက်၇၀နှစ်ပြည့်ပြီ”

                                        

















ပျိုမြစ်နုနယ် ချစ်စဖွယ် ဒေါ်စု အသက် ၇၀ပြည့်ပြီတဲ့။
ရင်နှစ်သားကိုဖယ်ခွာ ချစ်လင်ကိုကြောခိုင်းပြီး တိုင်းပြည်ကိုမျက်နှာမူခဲ့သူ။
သူမ နှင်တဲ့ခရီးက မချောမွေ့ခဲ့ဘူး။ ရေမပါ ဖိနပ်မရှိပဲ အာဏာရှင်လမ်းခရီးကြမ်းမှာဒီမိုကရေစီပန်းခင်းဖြစ်အောင် ပြုစုပျိုးထောင် နေလေရဲ့။

၁၉၉၀ ပြည့်ရွေးကောက်ပွဲ ၀က်ဝက်ကွဲခဲ့ပေမယ့် အစိုးရမဖွဲ့နိုင်ခဲ့။
၂၀၀၃ ခု မေ ၃၀ ဒီပဲယင်း ကျီရွာအနီးမှာ အသေသတ်ခံခဲ့ရပေမယ့် သူမ,မသေ။
ယက်တော ကို အင်းယားကန်ကူးစေတဲ့ ဖန်တီးမှုတွေနဲ့လေ။

တူတာတွဲလို့ လွှတ်တော်နိုင်ငံရေးလုပ်မယ်ဆိုပြီး အသစ်တစ်ကွက်ရွှေ့ခဲ့။
၄၃၆လည်းမပြင်၊ ၅၉ စလုံးလည်းမပြင်တဲ့ ထာဝစဉ်အာဏာယူချင်သူတွေနဲ့၊
အရက်ကိုးမောင်း သောက်ထားတဲ့ အာဏာရှင်ဆင်ရိုင်းတွေကို၊
ဒေါ်စု အောင်ခြင်းဘယ်နှစ်ပါးနဲ့ တုနှိုင်းအောင်ပွဲဆင်မလဲ???.....


အသက် ၇၀ ဇရာဆိုတာ အရေပြားတွန့်လိမ်၊ ဆံပင်မွေးဖြူရုံသက်သက်မဟုတ်ဘူး။
နှလုံးသွေးခုန်နုန်းနဲ့ ဥဏှောက်ကြွက်သားရုန်းထမှုတွေကအစ နှေးကွေးလာတယ်။
ရှင်းသန့်လတ်ဆတ်တဲ့ ဒေါ်စုရဲ့ဉာဏ်ပညာအမြော်အမြင်တွေကို 
တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးပြုခွင့်မရလိုက်တာကိုတော့ နှမြောမဆုံးဘူး။

အာဏာရှင်ကြီး ဦးသန်းရွှေဟာ အကြံအစည်ရှိရှိနဲ့ တိုင်းပြည်ကိုရော နိုင်ငံရေးကိုပါ နင်းချေထားတာ။
ဒေါ်စုရဲ့နိုင်ငံရေးနဲ့ အောင်ဆန်းသမိုင်း သာမက ဒေါင်းတွေကိုပါ အမွေးစင်အောင်နုတ်နေတာ။
ဦးနေ၀င်း စဉ်းလဲပက်စက်ခဲ့တာက တစ်မျိုး …ဦးသန်းရွှေ ကောက်ကျစ်ယုတ်မာတာနေတာကတစ်သွယ်နဲ့..
တိုင်းပြည်ဘဏ္ဍာ သယံဇာတတွေကိုဖြုန်းပြီး အခွင့်ထူးခံလူတစ်စုနဲ့ အင်အားတည်ဆောက်ထားတာ။
အားလုံးပြုန်းအောင် ရောင်းစားနေတာကြောင့် တိုင်းပြည်လည်းငို..ဒေါ်စုလည်းအိုပေါ့။    ။

ဒေါ်စုသက်တော်ရာကျော်ရှည်ပါစေ။

ကျော်သောင်း (ဘန်ကောက်)