22 June 2015

“နိုင်ငံကူးလက်မှတ်အတုပြုလုပ်၍ ထိုင်းသို့ကူးလာသည့်မြန်မာအလုပ်သမား၈ဦးဖမ်းဆီးခံရ”

                
၂၀၁၅ ခု ဇွန်လ ၂၁
    ဆန်းဦး


         ပတ်စပို့စာအုပ်အဟောင်းများတွင် ဓါတ်ပုံများကပ်၍ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ရန်ဝင်ရောက် လာသော မြန်မာအလုပ်သမား ၈ဦးအား ထိုင်းစစ်တပ်ကဖမ်းဆီး၍ လ၀က သို့ပို့ဆောင်ထားကြောင်း သိရှိရ သည်။

           ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းနိုင်ငံရနောင်သို့ လှေဖြင့်ဖြတ်ကူးစဉ် ရေလယ် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများ၏ ပတ်စပို့နှင့် မှတ်ပုံတင်များအရ  ရခိုင်လူငယ် ၁။ထွန်းနိုင်ဦး ၂။ထွန်းထွန်းနိုင် ၃။သန်းထွန်း ၄။ဇော်မျိုးသန့်  ၅။မောင်မောင်သန်း၊ ၆။ဝင်းနိုင်စိုး၊ ၇။ဝင်းနိုင်စိုး နှင့် ဗမာလူငယ်  ၈။ဇော်မျိုးထက်တို့ဖြစ်ကြသည်။

            အလုပ်သမားများအား မြန်မာပွဲစားများက စာအုပ်ဖြင့် ထိုင်းသို့ အလုပ်သွားလုပ်ရမည်ဟုဆိုကာ ထိုင်း ဘတ်ငွေ ၁၂,၀၀၀  စီပေးခဲ့ကြရသည်ဟုဆိုသည်။ ရခိုင်မှ၊ ရန်ကုန်မှ ထားဝယ်မှ ကော့သောင်း သို့ ခေါ်လာခဲ့ သည်။ ဗမာလူငယ်မှာ မအူပင်မှဖြစ်ပြီး ရွှေပြည်သာမှ လိုက်ပါလာခြင်းဖြစ်သည်။ ၎င်းတို့ ကော့သောင်းတွင် ၄ ရက်စောင့်ခဲ့ရသည်ဟု အလုပ်သမားများက ထွက်ဆိုသည်။

               အလုပ်သမား ၈ဦးတို့သည် ကော့သောင်းမြို့အေးရိပ်မွန်တည်ခိုးခန်း၊ ငွေလရိပ်တည်းခိုခန်း၊နှင့် အောင်ဓမ္မရိပ်သာ ရခိုင်ဘုန်းတော်ကြီးကျောင်းတို့တွင်နေထိုင်ခဲ့ပြီး ပတ်စပို့အတုလုပ်ပေးသည့် ပွဲစားများဝင်ထွက်သွားလာခဲ့သည်ဟုဆိုသည်။  


      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း 
က“ အဓိကပြဿ     နာကအရင်းခံကတော့ ကိုယ့်တိုင်းပြည်မှာ လုပ်စရာအလုပ်မရှိတာကြောင့် ရတဲ့နည်းလမ်းနဲ့ ပြည်ပကိုထွက်ခွာအလုပ်လုပ်ဖို့ကြိုးစားကြတာကြောင့်ဖြစ်တယ်။ ထိုင်းနဲ့ မြန်မာအစိုးရတို့ လုပ်တဲ့ MOU လုပ်ငန်းစဉ်ကလည်း ကြားပွဲစားတွေကြောင့် ပြဿ     နာတွေရှုပ်ထွေးနေတယ်။ အလုပ်မရှိပဲ အလုပ်သမားတွေ တင်သွင်းနေတဲ့ အေဂျင်စီတွေအတော်များများရှိနေတယ်။ လက်ရှိ ပြဿ     နာတက်နေတာကို  မြန်မာအလုပ် ၀န်ကြီးဌာနနိုင်နိုင်နင်းနင်းဖြေရှင်းနိုင်တာကို သတိပြုမိတယ်”ဟုပြောသည်။

        ဖမ်းဆီးခံရသည့် အလုပ်သမား၈ ဦးတို့အား ခြုံဖွန်ခရိုင် အကျဉ်းထောင်သို့ပို့ဆောင်ထားပြီး။ ပွဲစားများ ၏အလိမ်ခံရကြောင်း စီစစ်ပေါက်သဖြင့် အသက်ညှာဆုံး အပြစ်ပေးမည်ဖြစ်ကြောင်း ထိုင်းနယ်စပ် အာဏာ ပိုင်ကပြောသည်။