27 June 2015

“၃လခန့် အလုပ်မလုပ်ရ၊စိတ်ဓါတ်ကျ၍MOU အလုပ်သမား၉ဦး ပတ်စပို့ရွေးပြီးအိမ်ပြန်”

        

၂၀၁၅ ဇွန်လ ၂၇

ကိုခွန်
             မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမားများအလုပ်အကိုင်မရှိပဲဖြစ်နေကြရာမှ စိတ်ဓါတ်ကျ၍ အလုပ်သမား ၉ဦး ပတ်စပို့ကို ဘတ်တစ်သောင်းပေး၍ ရွေးကာ မြန်မာပြည်သို့ယမန်နေ့ညနေက ပြန်သွားခဲ့ကြောင်း သိရှိရသည်။

        ပြန်သွားကြသူများမှာ ဇွန်လ ၁၈ ရက်နေ့က ထိုင်းနှင့်မြန်မာအေဂျင်စီပွဲစား များရိုက်နှက်ခြင်းကိုခံခဲ့ကြ ရသော ကိုယမင်း၊ ကိုသိန်းကြည်၊ ကိုထွန်းထွန်းမင်း နှင့်၊ မြင့်စိုင်း၊ ဖိုးကော်၊ မြတ်စိုး၊ အောင်တင်စန်း၊ ကျော်ကျော် နှင့် ဘိုရွှေ (၉)ဦးတို့ဖြစ်ကြသည်။ ၎င်းတို့သည် မြန်မာပြည်တွင် မိမိငွေကြေးဖြင့်လုပ်လာသည် နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့)ကို ဘတ်ငွေ တစ်သောင်း ပေး၍ အေဂျင်စီပွဲစား ဒေါ်သန်းသန်းမူ ထံမှရွေးယူသွားခဲ့ကြခြင်းဖြစ်သည်။   
  
ယခုပြဿ     နာတက်ကြသည့်အလုပ်သမားများသည် ၄၊ ၂၊ ၂၀၁၅ နေ့ကကန်ချနဘူရီခရိုင်၊ VITA နာနတ်သီး စက်ရုံ တွင်ထိုင်းပွဲစားများစုပေါင်းဖွဲ့စည်းထားသော VV Group နှင့် မေ၀င့်ကုမ္ပဏီတို့သည် ရန်ကုန်မြို့ ပင်လုံ ခန်းမတွင် သစ်သီးဖျော်ရည်အလုပ်လုပ်ရမည်ဟုဆိုကာ၊ ရန်ကင်းကျောက်ကုန်း တွင် အလုပ်သမား၂၀၀ ဦး စာချုပ်ချုပ်ဆိုလာခဲ့ပါသည်။ အလုပ်သမားများသည် တစ်ဦးလျှင်ကျပ်ငွေ ၆သိန်း/၇သိန်းအထိ ကုန်ကျခဲ့ကြ ကြောင်းပြောပါသည်။


      အဆိုပါနေရာတွင် အလုပ်သမား ၅၂ဦးတို့ အလုပ်အကိုင်မလုပ်ရပဲ ၃လ ကျေ်ကြာနေသည့်အပြင် ထိုင်းနှင့်မြန်မာ အေဂျင်စီတာဝန်ရှိသူများကပါ ရိုက်နှက်ကြပါသည်။ ထို့ကြောင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT မှ အဖွဲ့ဝင်တစ်ဦးက လျှို့ဝှက်သွားရောက်၍ ဓါတ်ပုံနှင့်အချက် အလက်အပြည့်အစုံရယူပြီး နေပြည်တော် အလုပ်သမားဝန်ကြီးဌာန နှင့် ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိတို့ထံသို့ စာရေးတင်ပြခဲ့ပါသည်။  အလုပ်သမားသံအရာရှိ ဦးလှထွန်း သည် အဆိုပါ  အလုပ်သမား များထံအေဂျင်စီ တာဝန်ရှိသူ ဒေါ်သန်းသန်းမူ တို့နှင့် ညနေ ၃နာရီတွင် ဘော်ဖွယ်ဆ၀ါဒီကန် ရုံးသို့ သွားရောက်ရှင်းလင်းခဲ့သော်လည်း ကိစ္စမပြီးစီးခဲ့ပါ။

  ဇွန်လ၂၁ ရက် တနင်္ဂနွေနေ့တွင် VV Group အလုပ်သွင်းသည့်အေဂျင့် ဒါရိုက်တာ ရှိုင်းလတ်က လုပ်မည်သူလုပ်မလုပ်သည့်လူကို မြန်မာပြည်ကို ပြန်ပို့မည်ဟု ခြိမ်းခြောက်သဖြင့် ပွဲစား ဒေါ်သန်းသန်းမူ အား MAT က ဖုန်းဆက်၍ ပြောဆိုခဲ့ရပါသည်။

        ဇွန် ၂၂ ရက်နေ့တွင် အလုပ်သမားများအား ရိုက်သတ်ခံရသည့်အမှုကိစ္စနှင့် လုပ်အားခများအား ရှင်းပေး ခြင်းမရှိပဲ အလုပ်ရုံ၏ အနီးပတ်ဝန်ကျင်တွင် ထိုင်းရဲနှင့်လ၀က ကားများ စောင့်ကြည့်နေခဲ့ပါသည်။ ညဥ့်တွင် ဒေါ်သန်းသန်းမူ က အလုပ်သမားများအား ဘန်ကောက်မြို့ ဖလန်းဆောင် လမ်း ၅၀ ရုံးသို့ ခေါ်ဆောင်လာ ခဲ့ပါသည်။
       
         ၂၅၊ ၆၊ ၂၀၁၅ နေ့တွင်  မေ၀င့်ကုမ္ပဏီ ဒါရိုက်တာဦးမြင့်အောင် ရောက်လာပြီး အလုပ်သမားများအား ဟိုတိုင်ဒီတိုင် လုပ်ကြသူတွေလာရှင်းကြသလား၊ အလုပ်ပြောင်းခ ဘတ်ငွေ ၃,၀၀၀ ပေးရမည်ဟုပြောဆို
 ကြောင်း အလုပ်သမားများကပြောပါသည်။ မပေးနိုင်ကြောင်း အလုပ်သမားများကငြင်းဆန်ခဲ့ကြပါသည်။

      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံအတွင်းကို  MOU နဲ အလုပ်သမားတင်သွင်းတာကို သွေးရိုး သားရိုးမလုပ်ကြပဲ တရားဝင် လူကုန် ကူးနေသလိုဖြစ်နေတယ်လို့ ကျနော်ပြောဖူးပါတယ်။ မေ၀င့်ကုမ္ပဏီက သွင်းထားတဲ့အလုပ်သမားတွေ လက်ရှိ စူရတ်ဌာနီမှာ၊ ကော့စမွေးကျွန်းမှာ၊ VITA နာနတ်သီးစက်ရုံမှာ စူဖန်ဘူရီက F&Fကြက်သားစက်ရုံမှာအလုပ် မလုပ်ရတဲ့ အလုပ်သမားတွေ ရာချီပြီးရှိနေပါတယ်။ အလုပ်မရှိပဲ အလုပ်သမားခေါ်စာအမျိုးမျိုးနဲ့ သွင်းနေတာ ကြာပြီ၊ မြန်မာအစိုးရ မေ၀င့်ကုမ္ပဏီကို ဘာမှအရေးမယူဘူး။ မေ၀င့်ကုမ္ပဏီကသာ ကျနော့် ကို ထိုင်းစစ်တပ်မှာ အမှုဖွင့်တယ်။ ကျနော်ဖြေရှင်းဖူးတယ်” ဟုပြောသည်။

       ၂၀၁၄ ခုနှစ် စက်တင်ဘာလက MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား မေ၀င့်ကုမ္ပဏီမှ ဦးဝင်းမြင့် ဆိုသူ လက်မှတ်ရေးထိုး၍ (ထိုင်းဘုရင်မင်းမြတ်ကြီး…အစချီ၍ MOU စနစ်ကိုပျက်စီးအောင်ကြံဆောင်နေသော တရား မ၀င်အဖွဲ့အစည်း MAT နှင့် ဦးကျော်သောင်း အား ပြင်းပြင်းထန်ထန်အရေးယူပေးရန်) တိုင်ကြားခဲ့ဖူးသည်။

         ဆက်လက်၍“မြန်မာအလုပ်သမားတွေ ထိုင်းကိုလာဖို့အတွက် ငါးသိန်းခြောက်သိန်းကုန်တယ်။ ကိုယ့် ပိုက်ဆံနဲ့လုပ်ထားတဲ့ ပတ်စပို့ကိုသုံးသိန်းလောက်ပေးပြီးရွေးရတယ်။ ဒီအလုပ်သမားလူတန်းစားတွေ ဘ၀ ပျက်ပြီပေါ့။ ထိုင်းကိုရောက်လာတဲ့အလုပ်သမားတွေကို ပတ်စပို့ရွေးခိုင်းတယ်ဆိုတာ။ MOU နဲ့လာတဲ့အလုပ်သမားတွေ အခြားနေရာမှာလုပ်လို့ရသလား၊ မရဘူးလားဆိုတာ မြန်မာအလုပ်သမားဝန်ကြီးဌာနရော အေဂျင်စီတွေပါသိကြပါတယ်။ သိလျှက်နဲ့ ကိုယ်ကျိုးတစ်ခုတည်းအတွက် အလုပ်သမားတွေကို ဘာကြောင့် ဒီလိုရွေးခိုင်းကြသလဲဗျာ” ဟုပြောသည်။

        
            မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်( ပွဲစားများအဖွဲ့ချုပ် MOEAF)  တရား ၀င် လူတင်ပို့ခွင့်လိုင်စင်ခွင့်ပြုချက်မရမီ ၂၀၁၄ ခု နိုဝင်ဘာ ၆ ရက်နေ့က လိပ်ကျွန်လူသတ်မှုစွပ်စွဲခံ မြန်မာအလုပ်သမားမိဘများအားလိုက်ပို့၍ အပြန်တွင် ရန်ကုန်မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဦးကျော်သောင်း အား အမည်ပျက်စါရင်းတင်သွင်းထားသဖြင့် ၁နာရီနီးပါးရှင်းလင်းခဲ့ရသည်။ မြန်မာလ၀က ၀န်ကြီးဌာနက အမည်ပျက်စါရင်းထည့်သွင်းထားခြင်းမရှိကြောင်း ငြင်းဆိုထုတ်ပြန်ကြေညာခဲ့သည်။

         ပြဿ     နာပေါင်းသောင်းခြောက်ထောင်ဖြစ်နေသည့် ထိုင်းရောက် MOU အလုပ်သမားများ၏ ဖြစ်စဉ်ဖြစ်ရပ်အမှားအမှန်များကို စုံစမ်းစစ်ဆေးခြင်းတစ်စုံတစ်ခါမပြုလုပ်ပဲ  မြန်မာအလုပ်သမားဒုဝန်ကြီး ဦးထင်အောင် က ဧပြီလ ၂၇ ရက်နေ့တွင် မက်ဆင်ဂျာသတင်းဌာန အင်တာဗျူးတွင် MAT အဖွဲ့သည် အစိုးရကိုစော်ကားနေကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။

        ပွဲစားများအဖွဲ့ချုပ်  MOEAF  ကဦးဆောင်၍ ၂၀၁၅ ခုမေလ ၃၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာတွင် အလုပ်သမားများကို မတရား မှုများကျူးလွန်နေသော အေဂျင်စီ ၁၁ ခု တို့လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ  သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာဟူ၍ ဦးကျော်သောင်း အား ပုတ်ခတ်စွတ်စွဲ  ထုတ်ပြန်ခဲ့သည်။ အလားတူ MAT အဖွဲ့ဝင်များသည် ၀ရမ်းပြေးများ၊ စစ်ပြေးများဖြစ်ကြောင်း ယုတ်ညံ့စွာရေးသားထားပြန်ပါသည်။

     ၂၀၁၅ ခု ဇွန်လ၂၆  ရက်နေ့ထုတ်ပြည်မြန်မာသတင်းစာ နှင့်  ပွဲစားများအဖွဲ့ချုပ် MOEAF အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင်ကျော် က (အဲဒီလိုတောင်းခံလာတာရှိတယ်လို့သိရပါတယ်။ တချို့ကာယကံရှင် ကုမ္ပဏီတွေက လာပြောတာကြောင့် သိရတာပေါ့နှော်၊ တချို့ကလည်း သူတိုဘာသာပေးလိုက်တာလည်း ရှိတယ်။ အပြင်ကိုတော့ထုတ်မပြောဘူး။ ဘာကြောင့်ဒီလိုတောင်းရတာလဲဆိုတာ အေဂျင်စီအတော် များများက အနည်းနဲ့အများပြဿ     နာရှိကြတာပါ။ ပါတနာအေဂျင်စီဆိုရင် MAT ကပြဿ     နာမရှိဘူး။ ပါတနာအဟုတ် တဲ့အေဂျင်စီတွေကိုတော့ ပြဿ     နာရှာတယ်” ဟု MAT အဖွဲ့အား စွတ်စွဲဖေါ်ပြထားသည်။


         MATအဖွဲ့သည် ငွေကြေးအခက်အခဲများစွာရှိသော်လည်း ကိုယ်တိုင်ခံစားနေကြရသည့် MOU အလုပ်သမား ၆ဦးတို့အား ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၄ ရက်နေ့တွင်မြန်ဂျာနယ် လစ်များကွန်ယက် ခန်းမထဲတွင် သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါသည်။
     သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်သောင်း က“MOEAF ဟာ မဟုတ်တာကိုသေချာအောင် သတင်းလိမ်ရှင်းပြီး၊နိုင်ငံတော်လူကြီးတွေနဲ့ မြန်မာနိုင်ငံသားတွေကိုလိမ်နေတာပါ။ ထိုင်းကိုပို့နေတဲ့အေဂျင်စီလေးငါးခြောက်ဆယ်ထဲက  မိမိတို့လုပ်ရပ် မှန်ကန်တယ်၊ တိကျတယ်လို့အာမခံရဲတဲ့  အေဂျင်စီတစ်ခု က အလုပ်သမားခေါ်စာတစ်စောင်ကိုင်ပြီး မြန်မာသတင်းထောက်တွေနဲ့ လာခဲ့စမ်းပါထိုင်းကို။ အဲဒီအချိန်ခါ ကျနော်မှားရင် ကျနော့်ကို ဥပဒေအရ အရေးယူပါ။ အေဂျင်စီမှားရင် အေဂျင်စီကိုယူပါ” ဟု စိန်ခေါ်ခဲ့သည်ဟု ဆိုသည်။

          ယမန်နေ့က ပြန်သွားသည့် အလုပ်သမား ၉ဦးနှင့် အတူတူ လာခဲ့ကြသည့် အလုပ်သမားများသည်
ဘန်ကောက်မြို့ ဖလန်းဆောင် လမ်း၅၀ တွင်ရှိသည့် ဒေါ်သန်းသန်းမူ ၏ ရုံးတွင်အလုပ်မရသေးပဲ ရှိနေကြဆဲဖြစ်ပါသည်။  မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားပြီး အလုပ်မရှိပဲ ရာချီရှိနေသည့်အလုပ်သမားများရှိနေသည့်နေရာများသို့ MAT အဖွဲ့က လိုက်လံပြရန်အဆင်သင့်ရှိကြောင်း ပြောသည်။