၂၀၁၅ ဇွန်လ ၂၈
မြတ်ညို( အလွတ်သတင်းထောက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းနိုင်ငံဘန်ကောက်မြန်မာသံရုံး (လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ) နာယက
သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ အမေရိကန်ဒေါ်လာ ၅,၀၀၀ ပေးပို့လှူဒါန်းကြောင်း သိရှိရသည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတည်ရှိရာ
ထိုင်းနိုင်ငံတောင်ပိုင်း တောင်တရုတ်ပင်လယ်ပြင်ထဲမှ (လိပ်ကျွန်း
(ခ) Koh Tao) မှာ၂၀၁၄ ခု နှစ် စက်တင်ဘာလ ၁၅ ရက်နံနက်ပိုင်းက အင်္ဂလန်နိုင်ငံသား
အသက် ၂၃ နှစ်အရွယ် David William Miller အသက် ၂၄ နှစ်အရွယ် Hannah Witheridge တို့
၂ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရသည်။ နိုင်ငံတကာ မီဒီယာများ၏ အင်တိုက်အားတိုက်ဖေါ်ပြလာမှုကြောင့်
ထိုင်းအစိုးရသည် မြန်မာအလုပ်သမား ၀င်းဇော်ထွန်းနှင့် ဇော်လင်း တို့အား အောက်တိုဘာလ
၁ ရက်၌
ဖမ်းဆီး၍ ၃ရက်နေ့က နိုင်ငံတကာသတင်းမီဒီယာများရှေ့တွင်
လူသတ်တရားခံအဖြစ် စွတ်စွဲကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဘန်ကောက်မြို့မြန်မာသံရုံးမှ
သံအမတ်ကြီးဦးဝင်းမောင်သည် အောက်တိုဘာ ၄ ရက်နေ့တွင် အထူးစုံစမ်းရေးကော်မတီကို ချက်ခြင်းဖွဲ့စည်းလျှက်
အမှုမှန်ပေါ်ပေါက်ရေးအတွက် စိုက်လိုက်မတ်တပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယမန်နှစ်က အမျိုးသားလွှတ်တော်
ဥက္ကဌ ဦးခင်အောင်မြင့်ဦး
နှင့် ဒေါက်တာ ခင်ရွှေနှင့်အခြားအလှူ ရှင်၁ဦးတို့က ကျပ်ငွေသိန်း၃၀၀ အား ရခိုင်ကူညီရေးအဖွဲ့တစ်ခုသို့လှူဒါန်းခဲ့သည်။
ရခိုင်ကူညီရေးအဖွဲ့က အထူးစုံစမ်းရေးကော်မတီထံသို့ ဒေါ်လာ ၁၇,၀၀၀ (ကျပ်ငွေ သိန်း၁၇၀ခန့်) လှူဒါန်း ခဲ့ပါသည်။
လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင်
ဦးကျော်သောင်း က“နိုင်ငံတော်အကြီးအကဲတွေက စွတ်စွဲခံနေကြရတဲ့ အလုပ်သမား၂ ယောက်အတွက်
ထောက်ပံ့ကူညီပေးတာကို အတိုင်းထက်အလွန်ဝမ်း
မြောက်ပါတယ်။ ကလေး၂ယောက်ကံကောင်းပါစေဗျာ။
ဒီလိုကူညီထောက်ပံ့ပေးတဲ့အတွက် အလုပ်သမားတွေကိုယ်စား အထူးစုံစမ်းရေးကော်မတီကိုယ်စား
ဗိုလ်ချုပ်မှူးကြီး ကျမ္မာပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ နောက်ထပ် လှူဒါန်းလိုသူတွေအနေနဲ့လည်း
မြန်မာသံရုံးကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်” ဟုပြောသည်။
လိပ်ကျွန်းလူသတ်မှုအား လာမည့် ဇူလိုင်လ
၈၊ ၉၊ ၁၀ ရက်တို့တွင် တရားလိုပြသက်သေများအား ကော့စမွေတရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။
ယမန်နှစ် တရားခွင်တွင် လိပ်ကျွန်းကော်မတီဝင် ရှေ့နေကြီး ဦးအောင်မျိုးသန့်က အမှုဖြစ်ပြီး
ပြန်သွားခဲ့သည့် သေဆုံးသူတို့၏ သူငယ်ချင်း ၂ဦးဖြစ်သော ဒဏ်ရာများဖြင့် ပြန်သွားခဲ့ကြသည့်
Sean-McAnna နဲ့ Cristofar alan-ware- တို့အား
သက်သေထွက်ဆိုရန် ခေါ်ပေးဖို့ ကော့စမွေတရားရုံးတွင် တင်ပြခဲ့သည်။
ဧပြီလကုန်တရားရုံးချိန်းတွင် ရှေ့နေများကောင်စီမှ
မျိုးရိုးဗီဇ DNA အားပြန်လည်စစ်ဆေးခွင့်ပြုရန်တောင်း ဆိုခဲ့သဖြင့် ခွင့်ပြုခဲ့သည်။
အမှုရင်ဆိုင်နေကြရသော ကော့စမွေကျွန်းသည် ဘန်ကောက်မြို့မှ
ခရီးကွာ ဝေးလွန်းသဖြင့် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီတို့တွင်စရိတ်စက
များစွာကုန်ကျကြောင်း သိရှိရသည်။ ထို့ကြောင့် အထူးစုံစမ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများကောင်စီတို့က
ထိုင်းအစိုးရထံသို့ အမှုတွဲအား ဘန်ကောက်မြို့တွင် ရုံးတင်စစ်ဆေးရန်အတွက် တရားရုံးသို့တင်ပြတောင်းဆိုခဲ့ရာ ပယ်ချခံခဲ့ရသည်။
စုံစမ်းစစ်ရေးအဖွဲ့မှ ရရှိထားသည့် မြန်မာသက်သေများ
သက်သေထွက်ဆိုနိုင်ရေးအတွက် လောလော ဆယ်တွင်အခက်အခဲရှိနေသော်လည်း အမှုလိုအပ်ချက်အရ လုပ်ဆောင်သွားမည်ဟု စုံစမ်းရေးတာဝန်ယူ ထားသူ ဦးကျော်သောင်း
က ဆက်လက်ပြောဆိုသည်။
လူသတ်မှုဖြင့် စွတ်စွဲဖမ်းဆီးချုပ်နှောင်ခံနေရသည့် ကိုဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက်သည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာတွင် ကွယ်လွန်သွားခဲ့သည်။
လူသတ်မှုဖြင့် စွတ်စွဲဖမ်းဆီးချုပ်နှောင်ခံနေရသည့် ကိုဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက်သည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာတွင် ကွယ်လွန်သွားခဲ့သည်။