18 June 2015

“ဖြစ်စဉ်အမှန်ကိုပြောပြချင်းကြောင်း MOU အလုပ်သမ တစ်ဦးကတောင်းဆို”

                  
၂၀၁၅ ဇွန်လ ၁၈ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

             မိုးမိုးမိသားစု အေဂျင်စီ နှင့် ထိုင်းနိုင်ငံသို့လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်သွားခဲ့သော MOU အလုပ်သမ မသန်းသန်းပြုံးက  ဖြစ်စဉ်အမှန်ကို သိရှိလိုသူများအနေဖြင့် သူမကို ဆက်သွယ်နိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

           ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့၏ကူညီပေးမှုဖြင့် မြန်မာနိုင်ငံသို့ပြန်သွားခဲ့ပြီး ဇွန်လ ၄ရက်နေ့က ရန်ကုန်မြို့ သတင်းထောက်များခန်းမတွင်သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သော အလုပ်သမ မသန်းသန်းပြုံး က ဆယ်သွယ်ပြောဆိုလာခဲ့ပါသည်။

“မိုးမိုးမိသားစု အေဂျင်စီက ဘန်ကောက်က ပရိဘောဂ အလုပ်ရုံမှာ ကျန်နေခဲ့တဲ့ အလုပ်သမားတွေထဲက မသန်းသန်းနွယ် ဆိုတဲ့ အမျိုးသမီးကို ကျပ်ငွေ၆သိန်းပေးခဲ့ရတာကို တစ်သိန်းခွဲပဲပေးခဲ့ရတယ်ဆိုပြီး ဗွီဒီယို အင်တာဗျူးလာရိုက်သွားတယ်လို့သိရတယ်။ အဲဒါ မကြာခင် ရန်ကုန်ကိုလာပြီးတော့ သူတို့မှန်ပါတယ်။ ကောင်းပါတယ်ဆိုပြီး သတင်းစာရှင်းပွဲလာလုပ်လိမ့်မယ်။ မြန်မာသတင်းထောက်တွေကို ကျမမျက်နှာချင်းဆိုင်ပဲ ရှင်းပြချင်ပါတယ်၊ ကျမဖုန်းနံပါတ် 097 939 03265  ကို ကျေးဇူးပြုပြီး ဆက်သွယ်ကြပါ” ဟုပြောသည်။

          မသန်းသန်းပြုံးသည် မိုးမိုးမိသားစုကုမ္ပဏီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ MOU ဖြင့်လာခဲ့သော အလုပ်သမဖြစ်သည်။ သူမသည် မူလစာချုပ်ပါ အလုပ်မဟုတ်သဖြင့် ရဲစခန်းသို့လမ်းလျှောက်ခိုလှုံခဲ့ပြီး ပွဲစားအဖွဲ့ချုပ် MOEAF ဘန်ကောက်ရုံး တာဝန်မှူးတို့ ကဖြေရှင်းပေးခဲ့သော်လည်း မပြေလည်ခဲ့သဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ၏အကူညီဖြင့် နေရပ်ရင်းသို့ ပြန်သွားခဲ့သည့် အလုပ်သမဖြစ်သည်။ သူမသည်ရန်ကုန် မြို့လှိုင်သာယာတွင်နေထိုင်သူတစ်ဦးဖြစ်သည်။

                MAT အဖွဲ့ ဒါရိုက် တာ ဦးကျော်သောင်း     က 
“ထိုင်း ကအလုပ်သမားတွေရဲ့အခြေအနေ မှန်တွေကို ကျနော်တို့က ဖေါ်ထုတ်တင်ပြတယ်။ တတ်နိုင်သမျှဖြေရှင်းပေးတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဖေါ်ထုတ်မှုတွေကိုမြန်မာအလုပ်သမားဝန်ကြီးဌာနကစုံစမ်းစစ်ဆေးတာတို့  အရေးယူဆောင်ရွက်တာမျိုးမလုပ်ပဲ ပွဲစားများအဖွဲ့ချုပ် MOEAF ကသတင်း မှားတွေထုတ်ပြန်ပြီး မြန်မာတစ်နိုင်ငံလုံးကို လှည့်ဖြားတယ်။ မီဒီယာကျင့် ၀တ်ကိုမသိတဲ့ သတင်းဌာန အချို့ကလည်း ကျနော့်ကိုပြန်မေးတာမျိုးမလုပ်ပဲ  ရေးချင်သလိုရေးတာတွေရှိတယ်။ ကျနော်လိုချင်တဲ့အဓိ အဖြေက တော့ ပြည်ပကိုထွက်ခွာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ကြ စေချင်တာတစ်ခုတည်းပါပဲ” ဟုပြောသည်။