27 December 2015

“တရားစီရင်မှုကိုလက်ခံသည်ဟုပြောဆိုခဲ့ခြင်းမရှိဘဲ စကားပြန်လွဲမှားခြင်းဖြစ်ကြောင်း သံအမတ်ဆို”



လိပ်ကျွန်းလူသတ်မှုအတွက်မြန်မာလုပ်သားနှစ်ဦးကိုတရားစီရင်မူအား လက်ခံသည်ဟု ဘန်ကောက်ပို့စ်သတင်းစာအား ပြောကြားခြင်းမရှိဘဲ စကားပြန်လွဲမှားခြင်းသာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဝင်းမောင်က 7Day သတင်းစာသို့ပြောကြားသည်။
"ကျွန်တော်ဘန်ကောက်ပို့စ်ကို မပြောခဲ့ပါဘူး။ဘန်ကောက်ပို့စ်က ဘာသာပြန်လွဲမှားခြင်းသာ ဖြစ်ပါတယ်။ကျွန်တော်ချက်ချင်းပဲ လှမ်းပြောတယ်။သူတို့က တောင်းပန်ပါတယ်တဲ့။နောက်နေ့ အမှန်ကိုပြန်ထည့်ပေးပါမယ်လို့ ပြောပါတယ်။ကျွန်တော်အရမ်းစိတ်ဆိုး တယ်။မြန်မာပြည်သူတွေကျွန်တော့် အပေါ်ကို နားလည်မူလွဲကုန်တယ်။ဒီနေ့ထုတ်တဲ့ ဘန်ကောက်ပို့စ် သတင်းစာရေးသားတာက ကျွန်တော်ပြောတာ အမှန်ပါ။ပထမဆုံးသုံးပိုဒ်ကိုဖတ်ကြည့်ရင် သိပါတယ်"ဟု သံအမတ်ကြီးဦးဝင်းမောင်က ပြောသည်။