21 December 2015

“ပွဲစားမတစ်ဦး ငွေယူပြီးအလုပ်မသွင်းပေးလို့MATနဲ့ပူးပေါင်းအဖွဲ့များကဖြေရှင်း”


၂၀၁၅ ဒီဇင်ဘာ ၂၁
ကိုခွန်+လွမ်းသူ

    မြန်မာအလုပ်သမား၇ဦးထံမှ အလုပ်သွင်းပေးခငွေယူပြီး အလုပ်မသွင်းပေးသည့်အပြင် အ၀တ်အထည်များကိုသိမ်းယူထားလိုက်ပြီး ကြိုက်သည့်နေရာသို့သွားတိုင်ဟူ၍ ပြောဆိုသည့် မြန်မာပွဲစားမ တစ်ဦးအားနယ်မြေရဲတပ်ဖွဲ့နှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက ယနေ့ ညှိနှိုင်းဖြေရှင်းပေး
ခဲ့သည်။


                 ဘန်ကောက်မြို့ ဖလန်ဆောင်နယ်မြေ စင်ထလေ၂၆/၇ တွင်နေထိုင်သော ပွဲစားမစန္ဒာအေး ဆိုသူက အလုပ်သမားတစ်ဦးထံမှ အလုပ်စမတ်ခ(အလုပ်သွင်းပေးခ) တစ်ဦးလျှင် ဘတ်ငွေ၅၅၀ နုန်းဖြင့်ဘတ်ငွေ ၃၈၅၀ အား ယူခဲ့သည်။

   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုခင်မောင်သန်း က “အလုပ်မသွင်းပေးနိုင်တဲ့အပြင် ကျတော်တို့ ပတ်စပို့တွေ၊ အ၀တ်အစားအထုတ်အပိုးတွေကို သိမ်းထားတယ်။တိုင်ချင်တဲ့အဖွဲ့မှသွားတိုင် စောက်ဂရု မစိုက်ဘူးလို့ပြောတယ်။ ကျနော်တို့လည်း ကြံရာမရဖြစ်နေတယ်။ အသိတစ်ယောက်က MAT အဖွဲ့ ကို အကူညီတောင်းလို့ပြောလို့ အခုလိုအဆင်ပြေသွားတာပါ။ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။

အလုပ်သမားများကယနေ့နံနက်ကတည်းက MAT ရုံးသို့ဆက်သွယ်အကူညီတောင်းခံလာခဲ့ပါသည်။

            ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ရုံးတာဝန်ခံကိုစိုင်းအေး က “မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး ကိုသတင်းပို့ ပါတယ်။ ပြီးတော့ စင်ထလေ ရဲစခန်းကိုသတင်းပို့တယ်။ အထုတ်အပိုးတွေရော ငွေတွေပါ ပြန်ရသွားပါပြီ”ဟုပြောသည်။