09 December 2015

“MOU အလုပ်သမားပြဿနာဘယ်လိုရှင်းလိုက်သလဲ”

 

၂၀၁၅ ခု ဒီဇင်ဘာ ၉ ရက်
စိုင်းခွန်လွမ်း
 
စာချုပ်ပါစည်းကမ်းနဲ့လည်းမညီညွတ်၊ အစိုးရနှင့်အေဂျင်စီတို့သဘောတူညီချက်ကိုလည်းချိုးဖေါက် နေသည့် MOU အလုပ်သမားပြဿနာတစ်ခုကိုယမန်နေ့က မြ၀တီကျောက်လုံးကြီးစခန်းတွင်ဖြေရှင်းခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားတင် ပို့နေကြသည့် တိုးတက်ချမ်းသာအေဂျင်စီ၊
 ကောင်လတ်စံအေဂျင်စီနှင့် စတားပိုင်အိုးနီးယားအေဂျင်စီတို့ မှတင်ပို့ထားသည့် အလုပ်သမားများ အခက် ကြုံနေကြသဖြင့် ထိုင်းနှင့်မြန်မာအစိုးရတို့ထံသို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT က တင်ပြ၍ ကူညီဆောင်ရွက်ခဲ့သည်။

၇.၁၂.၂၀၁၅ ရက်နေ့က မြ၀တီကျောက်လုံးကြီးတွင် ကော်မတီဖွဲ့၍ အလုပ်သမားများကျေနပ်သည် အထိဖြေရှင်းပေးရန် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှ ညွန်ချက်အရ ဖြေရှင်းကြရာ။ အလုပ်သမား များက ပွဲစားများသို့ပေးခဲ့ရသည့် ငွေကို ပြန် လည်ပေးဆောင်စေ လျှက် နေရပ်သို့မိမိစရိတ်ဖြင့် အလုပ်သမား များ ပြန်သွားခဲ့ကြရသည်။
 
 

မြ၀တီလူကုန်တား တာဝန်ခံအရာရှိ က”ကလေးမတွေမှာ အိမ်လည်းမပြန်ရဲကြတော့ဘူး။ တစ်ယောက် ကို ကိုးသိန်းအထိကုန်လာခဲ့တယ်။ ပြန်ရတာက သုံးသိန်းခွဲ။ ကျနော်တို့ အရေးယူမယ့်အပိုင်းကလည်း လူကုန်ကူးမှုနဲ့တိုက်ရိုက်မငြိစွန်းတော့ လုပ်ရတာခက်နေတယ်။ မှားတာတော့မှားနေတယ်။ ဒါပေမယ့် ပွဲစား နဲ့ အေဂျင်စီတွေအတွက်က ဘာမှမဖြစ်နိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့က ကလေးတွေမဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျွေးမွေးစောင့်ရှောက်ရုံပဲရနိုင်တဲ့သဘောဖြစ်နေတယ်” ဟုပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT က အလုပ်သမားများ အခြေအနေမှာ စိုးရိမ်စရာဖြစ်သဖြင့် ဘန်ကောက်အလုပ်သမားသံအရာရှိနှင့်ဖြေရှင်းသော်လည်း အဆင်မ ပြေဖြစ်နေပါသည်။ အေဂျင်စီပွဲစားများသည် အလုပ်သမားများအား နေရာပြောင်းရွှေ့ပေးခြင်း၊ နေရပ်သို့ အတင်းအဓမ္မပြန်ပို့ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါသည်။ အလုပ်သမားသံအရာရှိနှင့် အေဂျင်စီများသည် အလုပ်သမားများအား အတင်းအကြပ် လက်မှတ်ထိုးစေလျှက် အားလုံးကောင်ပါသည်ခင်ဗျားဟု နေပြည် တော်သို့စာတင်ပြီး နိုင်ငံတော်ကိုလိမ်လည်ဦးမည်ဖြစ်ပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့ ယခုလက်ရှိ ပြဿနာတက်နေတဲ့ အလုပ်သမားအနည်းငယ်ကို အလုပ်ပြောင်းရွှေ့ပေးတာ၊ နေ ရပ်ပြန်ပို့ တာတွေ၊ ပွဲစားကိုပေးခဲ့တဲ့ငွေတွေကိုပေးပြီး ကျေအေးစေ တာတွေ က ပြဿနာအရင်းမြစ်မဟုတ် ဘူး။ ထိုင်းကို ခေါ်လာတဲ့ အခြားအလုပ် သမားတွေ ဘယ်ရောက်သွားပြီလဲ။ ပြည့်တန်ဆာရုံ နဲ့ ပြန် လမ်းမရှိတဲ့အင်ဒိုငါးဖမ်းလှေကို ရောက်သွားပြီလား အသေချာ စစ်ဆေးဖို့လိုအပ် ပါတယ်။ ကျနော်တို့ လိုက်ပြနိုင်တဲ့ အထောက်အထားတွေရှိနေပါ တယ်။ မြန်မာနိုင်ငံက အရွယ်ရောက်ပြီး ပြည်ပကိုထွက်ခွာနေ တဲ့ လူငယ်တွေ အတွက် အလွန်စိုးရိမ်စရာဖြစ်နေလို့ ဖြစ်ပါတယ်” ဟုပြောသည်။
 

MAT အဖွဲ့က ယခု အေဂျင်စီ၃ခု ပို့ထားသည့် အလုပ်သမား များအား စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ထိုင်းနိုင်ငံသို့လာရောက် စစ်ဆေးသင့်ကြောင်း စာတစ်စောင်အား ယနေ့နေ့စွဲဖြင့် ပြည်ပအလုပ် အကိုင်ကြီး ကြပ်မှုစီမံခန့်ခွဲမှုကော်မတီဥက္ကဌ အားလိပ်မူတပ်၍၊ သမ္မတရုံး ဦးဝင်းမောင် (မြန်မာသံ အမတ်ကြီး) ဘန်ကောက်၊ အလုပ်သမားသံအရာရှိ ဘန်ကောက်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူးနေပြည်တော်၊ပြည်ထဲရေးဝန်ကြီးဌာန၊ ကျမ္မာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လ၀က ၀န်ကြီးဌာန တို့သို့ ပို့ဆောင်ထားကြောင်း mat အဖွဲ့ပြန်ကြားရေးတာဝန်ခံကိုစောမောင်ကပြောသည်။