09 December 2015

“ကျွန်တော်တို့အိမ်ပြန်ချင်လှပြီ”


 ၂၀၁၅ ခု  ဒီဇင်ဘာ ရက်နေ့ "တို့ခေတ်" အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြသော ဆောင်းပါး ကို ရွှေလုပ်သား အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါ။
 
         နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲပြီး ဒေါ်အောင်ဆန်းစုကြည်NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့လို့ ဆယ် စုနဲ့ချီပြီးပြည်ပမှာအလုပ်လာလုပ်နေကြရတဲ့ငါးသန်းထက်မနည်းတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်ပြန်ကြရ တော့မယ်ဆိုပြီးမျှော်လင့်ချက်နဲ့ပျော်နေကြပါပြီ။ 

         အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့၊ အစိုးရဖွဲ့နိုင်အောင် လူကို မကြည့်ပဲ ပါတီကိုကြည့်ပြီးမဲထည့်ကြပါ။ အခုထက်တော့ပိုကောင်းလာပါလိမ့်မယ်လို့ အမေပြောခဲ့ တဲ့စကားတွေ ဟာ မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားကိုသိမ်းကြုံးယူငင်နိုင်ခဲ့ပါတယ်။ ၁၉၉၀ပြည့်မှာရော ၂၅နှစ်အကြာပါတီစုံ ရွေးကောက်ပွဲမှာ မြန်မာတွေတာဝန်ကျေခဲ့ကြပါတယ်။ မြန်မာပြည်သူတွေဟာ ဒေါ်စု
ကို အားကိုးယုံကြတာ လည်ဖြစ်နိုင်သလို တစ်သက်လုံးကိုဖိနှိပ်လာခဲ့တဲ့ အာဏာရှင်စနစ်ကိုရွံ့မုန်း လို့ လည်းဖြစ်နိုင်ပါတယ်။ NLD တခဲ နက်အနိုင်ရခဲ့လို့ အဖိနှိပ်ခံမြန်မာနိုင်ငံသားတိုင်း အားရပျော်ရွှင်ခဲ့ကြ တာတော့အမှန်ပဲ။  အဖိနှိပ်ခံ မြန်မာနိုင်ငံ သားတွေရဲ့နိုင်ငံရေးရေချိန်ကိုပြသခဲ့ကြပါပြီ ။ ရွေးကောက် ပွဲရလဒ်တွေအရ NLD အစိုးရဖွဲ့နိုင်မှာ သေချာသွားပြီ။


         အာဏာရှင်နေမ၀င်အင်ပါယာချုပ်ငြိမ်းသွားတဲ့အခါ၊ ကမ္ဘာ့မှာအရှည်ကြာဆုံး ပြည်တွင်း စစ်ကို အကြောင်း ပြုပြီး၊ တစ်သက်လုံး ကိုယ်ကျိုးရှာခဲ့ကြတဲ့လူယုတ်မာတွေရဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် စစ်တပ်ကို အာဏာအပ်ထားတဲ့ ဒီမိုကရေစီမဆန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ တကမ္ဘာလုံး ကလက်ရှောင်နေကြတဲ့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့နဲ့ ဧရာဝတီမြစ်ကြီးတို့ကို လက်ညှိးထိုးပြီးရောင်းစား ခဲ့တဲ့ပြဿနာတွေအပြင် သခွပ်ပင်က မီးတကျည်ကျည်ဆိုသလို လူ့အခွင့်အရေး အရေခြုံ ဘင်္ဂါလီပြဿနာတွေ အားလုံးကို အမေ့ ပခုံနဲ့ ခေါင်းပေါ်သို့ကျရောက်လာခဲ့ပြီ။ ဒီအလုပ်တွေကို လုပ်ကိုင် တွယ်ဖို့အတွက် လူကောင်း လူတော်တွေလိုအပ် မှာဖြစ်သလိုကျွမ်းကျင်သူတွေ ကလည်း ဒေါ်စု နဲ့တိုင်းပြည်အနာဂတ်အတွက် ၀ိုင်းရံပေး ကြဖို့လိုအပ်ပါတယ်။ ၀ိုင်းရံခွင့်ရရှိဖို့လည်းလိုအပ်ပါမယ်။


                                            “ပြင်ကိုပြင်ရမယ့်၂၀၀၈ဖွဲ့စည်းပုံ”
           တိုင်းပြည်အတွက် ကောင်းပါတယ်လို့ ပြောစရာ ပြစရာမရှိအောင် ဘက်စုံယိုယွင်းပျက်စီးနေ တဲ့ မြန်မာ နိုင်ငံမှာ အားလုံး ပြင်ကြရမှာချည်းပါပဲ။  ဘယ်အခန်းကဏ္ဍတွေကို တပြိုင်းတည်းလုပ်မလဲ။ ပထမနှစ်၊ ဒုတိယ နှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် တွေမှာ ဘာလုပ်မယ် စသည်ဖြင့် စီမံခန့်ခွဲမှု လိုအပ်မှာပါ။
          ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီစနစ်အတွက်ရေးဆွဲ ထားတာ မဟုတ်ပဲစစ်အာဏာရှင်တစ်စုလက်ထဲမှာ ထာဝရအာဏာရှိနေအောင်ရေးဆွဲထားတာဖြစ်တယ်။ သန်းငါးဆယ် ကျော်မြန်မာတွေအားလုံးက စားရမဲ့သောက်ရမဲ့ လူမွဲဖြစ်ကြရပြီး မြန်မာနိုင်ငံ က မြေပေါ်
မြေအောက် ရေပေါ်ရေ အောက်ထွက်ရှိသမျှသဘာဝသယံဇာတတွေနဲ့ မြေဟူသမျှ စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေလုပ်ချင်တိုင်းလုပ်လို့ ရအောင်ရည်ရွယ်ချက်ရှိရှိနဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ 

           ထပ်ရှင်းရရင် မြန်မာပြည်က ကျောက်စိမ်းနဲ့သယံဇာတတွေကို ကိုယ်ကျိုးအတွက် ယူငင်သွား ခဲ့တဲ့ ကျောက်စိမ်းတွင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ ဟာ၊ တိုင်းပြည်ကို အခွင့်ထူးခံချင် အောင် စစ်ဗိုလ်ချုပ်ကြီးတွေဆီကို အပ်ထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်း လဲရေးအတွက် ဒေါ်စု ကိုင်တွယ်ဖို့ ခက်ခဲရုံသာမ နက်နဲသိမ့်မွေ့လွန်းပါတယ်။ ဒါပေမယ့် ကမ္ဘာကရော
 မြန်မာနိုင်ငံသားတွေကပါက လုံးဝလက်မခံတဲ့ ဒီမိုကရေ စီကျင့်စဉ်နဲ့မညီညွတ်တဲ့ ဒီဥပဒေကို ပြုပြင် မယ်ဆိုပြီး ဒေါ်စုက ကတိက၀တ်ပြု ထားပြီးလည်းဖြစ်ပါတယ်။
         
                                         “နိုင်ငံရေးပါးနပ်စွာနဲ့အသွင်းကူးပြောင်းရမယ်”
         ဦးနေ၀င်း မဆလ တစ်ပါတီစနစ်ဘုန်းဘုန်းလဲပြိုကျပြီး ၁၉၉၀ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့တဲ့ အာဏာ သိမ်းစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ အနိုင်ရNLD ပါတီကို အာဏာ လွှဲ မပေးခဲ့ဘူး။ အဲဒီ အချိန်က ဦးစောမောင် နောက်မှာ ဦးသန်းရွှေတို့ ဦးမောင်အေးတို့၊ ဦးခင်ညွန့် ဦးအောင်
သောင်း တို့ရှိနေတယ်။ အခု၂၅နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ NLD ပါတီက ရှစ်ဆယ်ရာခိုင်နှုန်းကျော်
 တောင်ပြို ကမ်းပြို ထပ်ပြီးနိုင်ပြန်ပြီ။ ကာချုပ် မင်းအောင်လှိုင်က အသိအမှတ်ပြုကြောင်း ကမ္ဘာကိုကြေ ညာခဲ့ပါတယ်။ အယင် ကာချုပ်တွေနဲ့ လက်ရှိ ကာချုပ်လုံးဝမတူပါဘူး။ လက်ရှိအခြေအနေအရ ကာချုပ်ရဲ့ အမြော်အမြင်ကြီးမားမှုဟာ မြန်မာနိုင်ငံ အနာဂတ် ကောင်းရေးအတွက်အရေးအကြီးဆုံးဖြစ်ပါတယ်။

          ကာချုပ်ဦးမင်းအောင်လှိုင်ဟာ ကျောက်စိမ်းတွင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ နဲ့  မတူညီပဲ သစ်လွင် ခေတ်မီတဲ့ ကာကွယ်ကွယ်ရေးဦးစီးချုပ် တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ အခြေအနေနဲ့မြန်မာ့ အခြေအနေကိုလည်း  ထဲထဲဝင်ဝင်သိရှိနေတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်မှုကို လည်းအမှန်တကယ်လိုချင်သူတစ်ဦးဖြစ်နေဟန်ရှိတယ်။ နှစ်ပေါင်း၅၀ကျော် စီမံအုပ်ချုပ်လာခဲ့တဲ့ တပ်ရဲ့အခြေ အနေတွေကိုလည်းသိပြီးသားဖြစ်ကောင်းဖြစ်ပါမယ်။

         ၂၀၀၈ ဖွဲ့စည်းပုံအရ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး စတဲ့ အရေးကြီးတဲ့ ၀န်ကြီး ဌာနကို ကာကွယ်ရေးဦးစီးချုပ်(စစ်တပ်) ကယူထားပါတယ်။ နှစ်ပေါင်း၆၀ လောက် ဗမာလူမျိုးကြီး ၀ါဒီနဲ့ စစ်ဝါဒီ တွေရဲ့ ဖိနှိပ်မှုကိုခံနေခဲ့ကြရတဲ့ တိုင်းရင်းသားဒေသမှာ NLD အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဘယ်လိုပုံစံနဲ့ဖွဲ့မ လဲ။ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာNLD အနေနဲ့ ကွင်းလုံးကျွတ်အနိုင်မရရှိခဲ့ပါဘူး။ သမ္မတရွေးတဲ့အခါ ဒုတိယသမ္မတ တစ်ဦးဦးကို (ရခိုင်နဲ့ရှမ်း) ဦးအေးသာအောင် တို့လို ဦးခွန်ထွန်းဦး တို့လို အထင်ကရ နိုင်ငံရေးသမားတစ်ဦးဦးကို ရွေးပေးရမယ့်အခင်းအကျင်းကလည်းရှိနေပြန်ပါတယ်။ ခြုံပြောရရင် စုတ်ပြတ်သတ်နေခဲ့တဲ့မြန်မာနိုင်ငံကို ပြန် လည်ထူထောင်ဖို့အတွက် စစ်တပ်နဲ့တိုင်းရင်းသားတို့နဲ့ ဘယ်လိုအာဏာခွဲဝေသုံးစွဲကြမလဲ၊ ဘယ်လိုအုပ်ချုပ်ကြ မလဲဆိုတဲ့ နိုင်ငံရေးအနုပညာဟာ အလွန်ခက်ခဲနက်နဲလိမ့်မယ်ဆိုတာကျနော်တို့နားလည်ထားပါတယ်။


                       “စီမံခန့်ခွဲမှုအလွဲတွေကြောင့်တိုင်းပြည်လည်းနွံနစ်၊လူလည်းကျွန်ဖြစ်”
         အိမ်နီးချင်းထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေနဲ့ မြန်မာရေပိုင်နက်က ငါးပုစွန်တွေကို ဖမ်းတယ် ။ မြန်မာအလုပ်သမတွေနဲ့ကုန်ချောထုတ်လုပ်တယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ပင်လယ်အစားအစာ ဒုတိယ အထုတ်လုပ်ဆုံးတိုင်းပြည်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ငါးမွေးမြူရေးအတွက် ကုန်ကြမ်းပစ္စည်းတွေကို ထိုင်း က ယူရမယ်၊ မြန်မာနိုင်ငံမှာ ထုတ်လုပ်လို့ရတဲ့ ငပိနဲ့ဆားကိုတောင်မှ ထိုင်းနိုင်ငံက သွင်းနေကြပြီ။ ခုတော့ ထိုင်းဆန်ကိုတောင်မှ တင်သွင်းနေကြပြီ။ သွင်းစရာဘာကျန်သေးလဲ။

          ထိုင်းနိုင်ငံမှာ အသုံးပြုနေကြတဲ့လျှပ်စစ်မီးရဲ့ ၇၀ရာခိုင်းနုန်းဟာ ကျနော်တို့ မြန်မာနိုင်ငံက ထွက် ရှိတဲ့ ရေအားလျှပ်စစ်နဲ့ သဘာဝဓါတ်ငွေ့တွေကဖြစ်ပါတယ်။  ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးနဲ့လူအသုံးပြု မယ့်ရေးနဲ့ လျှပ် စစ်ဆိုတာ မရောက်တဲ့နေရာ မရတဲ့နေရာဆိုတာမရှိဘူး။ ဘုရင်ကိုထိပါးမှုကသီသန့်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲဆိုရင် တပ်မတော် ဒုဗိုလ်ချုပ်ကြီးနဲ့ ရဲချုပ်ကြီးတို့ကိုပါ လက်ထိပ်ခပ် ဖမ်းဆီးတဲ့နိုင်ငံဖြစ် ပါတယ်။ နိုင်ငံရေးသမားတွေမတရားပိုင်ဆိုင်ထားခဲ့တဲ့ လယ်မြေ၊ယာမြေ၊ အဆောက် ဦးနဲ့ဟိုတယ်တွေကိုပြန် သိမ်းပါတယ်။

           ထောင်ချီရှိတဲ့ မြန်မာတွေ ထိုင်းနိုင်ငံကိုနေ့တိုင်းလာပြီးဆေးကုသနေကြရတယ်။ ထိုင်းနိုင်ငံ
ဆေးရုံတွေ ရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေဟာ ဆေးဝါး လာရောက်အကုသ ဆုံးဖြစ်ပါတယ်။ နိုင်ငံ တကာအဆင့်မီဖြစ်လာတဲ့ ထိုင်းတက္ကသိုလ်တွေမှာ မြန်မာတွေ သင်ကြားနေကြ ရပြီ။ မြန်မာနိုင်ငံမှာလိုအပ်သမျှ ပစ္စည်းတွေကို ထိုင်းမှာဈေးလာဝယ်နေကြရပြီ။ ကျနော်တို့ တိုင်းပြည်က ထွက်တဲ့ ကုန်ကြမ်း တွေကမြန်မာ ပြည် က ဈေးသက်သက်သာသာနဲ့ရတဲ့ လျှပ်စစ်မီးတွေနဲ့လည် ပတ်စေပြီး
 မြန်မာအလုပ်သမား တွေနဲ့ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကျနော်တို့ ၀ယ်ယူသုံးစွဲနေကြရတာပါ။ 

         ဘန်ကောက်မြို့က သုဝဏဘူမိလေယာဉ်ကွင်းနဲ့ ဒွန်မောင်းလေယာဉ်ကွင်း တို့က ပြည်တွင်းနဲ့ပြည်ပ ကို လေယာဉ်တွေဟာ ၅မိနစ်အတွင်းမှာ အတက်တစ်စင်း၊ အဆင်းတစ်စင်း ၀င်ထွက်သွားလာနေကြတယ်။ ဘန်ကောက်မြို့နဲ့ထိုင်းနိုင်ငံအ၀န်းမှာ နိုင်ငံတကာက လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားကမ္ဘာလှည့် ခရီး သွားတွေဟာ တစ်နှစ်ကို၂၇သန်းကျော်ပါတယ်။  အဲဒါကြောင့်ထိုင်းနိုင်ငံဟာ ပုံပြင်ထဲက ကြက်ပျံ မကျစည်ကား နေတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်။


                                        “ကျနော်တို့အိမ်ပြန်နိုင်ဖို့အလျှင်အမြန်စီစဉ်ပေးပါ”
         ရစရာမရှိအောင်ပျက်စီးနေတဲ့ နိုင်ငံတော်ကို ဘယ်ကစလို့ထူထောင်ရပါ့ အမေခေါင်း ရှုတ်ထွေးနေ မှာပါ။ ဒါပေမယ့် ပညာတတ်တဲ့အမေဟာ အဓိကနဲ့သာမန်ညကိုရွေးချယ်တတ်မှာပါ။ အုပ်ချုပ်ရေးယန္တရားမှာ လာဘ် စားခွင့်ကိုလုံးဝခွင့်မပြုတဲ့ NLD က၀န်ကြီးတွေနဲ့  လာဘ်ပေးလာဘ်ယူမှုရဲ့ အရသာကို မိန်မိန်ကြီး စံစား ခံစား နေကြတဲ့ တပ်ကအသွင်းပြောင်းထားတဲ့ မိုးကျရွှေကို အတွင်းဝန်တွေနဲ့တော့ ပြဿနာတက် မှာကိန်းသေပါပဲ။ 

           တိုင်းပြည်ရဲ့အခြေခံအကျဆုံးလူတန်းစားဖြစ်တဲ့ ၇၀ရာခိုင်နုန်းကျော်တဲ့လယ်သမားတွေ ဘ၀ကိုမြှင့် တင် မယ့်ကိစ္စ၊ အဆင့်မီတဲ့ခေတ်မီပညာရေးကိစ္စ၊ လူ့အဆင့်အတန်းမီတဲ့ ကျမ္မာရေးစောင့်ရှောက်မှုနဲ့ ဆူပိန်နိမ့်မြင့် မရွေး တပြေးညီတည်းအုပ်ချုပ်တဲ့ မြင့်မြတ်တဲ့ တရားစီရင်ရေးကိုအလျှင် အမြန်တည်ဆောက် ရပါမယ်။

        လယ်သမားတွေဆီက မတရားသိမ်းဆည်းထားတဲ့လယ်ယာမြေတွေ၊ နိုင်ငံပိုင်သစ်တောကြီးတွေကို ခရိုနီ တွေကို ခုတ်ခိုင်းရုံသာမက ပြုန်းသွားတဲ့ တောင်ကတုံးမှာ ခရိုနီသားစဉ်မြေးဆက်အတွက် လူမသိသူ မသိပိုင် ဆိုင်ခွင့်ပေးပြီး ရာဘာ၊ဆီအုန်းတွေစိုက်ပျိုးခွင့်ပေးထားတာတွေကို ဖယ်ထုတ်ပြီး လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရပါမယ်။ မြန်မာပြည်ထူထောင်ရေးမှာ ပထမဦးဆုံး လမ်း၊ မီး၊ ရေနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို အခြေခံကောင်းကောင်း အာမခံကောင်းကောင်းနဲ့ စံချိန်စံညွန်းမီ စတင် လိုက်စမ်းပါ။ သန်းချီရှိ တဲ့ မြန်မာတွေ တိုင်းပြည်ထူထောင်ရေးမှာပါဝင်ဖို့ အလျှင်အမြန်ပြန်လာခဲ့ကြ မှာဖြစ်ကြောင်းပါအမေ။   
                                                   မောင်မောင်မြတ်ညို