12 December 2015

အလုပ်သမားဥပဒေချိုးဖေါက်နေသည့်အလုပ်ရုံကိုရှောင်တခင်ဝင်စစ်

ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ဘန်ဖွယ်ရပ်ကွက်ရှိ Brighten plast.Co..L.td ကော်ရုံ၌
 ရာချီတဲ့မြန်မာအလုပ်သမားတွေအား ထိုင်းရဲတပ်ဖွဲ့နဲ့မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်
ရေးကော်မတီဝင် MATအဖွဲ့မှပူးပေါင်း၍ ရှောင်တခင်ဝင်စစ်ဆေးခဲ့ကြောင်းသိရသည်။

 မောင်ရန်နိုင်သည် အလုပ်၇လကျော်ကြာလုပ်လာခဲစဉ် ကော်စီ ပလာစတစ် အနံခြင်ကြောင့် အရင်က ကျန်မားရေးမကောင်ပါသဖြင့်ဆေးရုံသို့ ကုသခဲရသည်။

 “အလုပ်ရုံကအလုပ်သမားတွေရဲ့ ကျမ္မားရေးလည်း ကျနော်လို ခံစားနေရတဲ့သူတွေရှိနေတယ်..အလုပ်
သမားတွေရဲ့ ကျမ္မားရေးနဲ့ပက်သက်ပြီး ဘာတစ်ခုမှ စောင့်ရှောက်မှုမပေးကြသလို အလုပ်သမားအခွင့်ရေး
တွေချိုးဖောက်ခံနေရပါတယ်” ဟု မောင်ရန်နိုင်မှပြောသည်။



အဆိုပါစက်ရုံ၌ ၇လကျော် အလုပ်လုပ်ခဲ့နေသူ မောင်ရန်နိုင်သည် ပလက်စတစ်အနံ့များ အား နေ့စဉ် ရှုရှိုက်နေရသောကြောင့် ကျမ္မားရေးဆိုးဝါးလာသောကြောင့် မြန်မာနိုင်ငံသို့ပြန်ရန်အတွက် မိမိလုပ်
အားခများအား စက်ရုံသို့တောင်းခံရာ မြန်မာဝဏ္ဏဖြစ်သူမှ ဆေးဖိုးဝါးခများအားဖြက်တောက်လိုက်ပြီး
ဖြစ်ကြောင်း ပြောဆိုသောကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အဖွဲ့သို့
3.12.2015 ရက်နေ့က ဆက်သွယ်အကူညီတောင်းခဲ့ကြောင်း သိရသည်။



“ကျနော်တို့အဖွဲ့ကို သူရဲ့အခက်ခဲတွေကို ကူညီဖြေရှင်းပေးမို့ ဆက်သွယ်အကူညီတောင်းခံလာလို့
စက်ရုံက တာဝန်ရှိသူဆိုသူတွေနဲ့ ဖုန်းနဲ့ဆက်သွယ်ဖြေရှင်းရာမှာ ပြေလည်အောင်မဖြေရှင်းပေးနိုင်
သောကြောင့် MAT အဖွဲ့အနေနဲ့ ခရိုင်အထူးရဲတပ်ဖွဲ့ထံကို အဆိုပါအလုပ်ရုံမှ အလုပ်သမားများ အလုပ်
သမားအခွင့်ရေးများ ချိုဖောက်ခံရနေကြောင်း တင်ပြခဲ့ပြီး အခုလို အလုပ်ရုံမှ အလုပ်သမားများအတွက်
အကောင်းဆုံးအနေထာတစ်ခုဖြစ်အောင် ဆောင်းရွက်ပေးခဲ့ကြောင်း” MATအဖွဲ့ ဘန်ကောက်ရုံ တာဝန်ခံ
ကိုစိုင်းအေးမှ ပြောကြားပါသည်။

 ထို့နောက် 11.12.2015.နေ့ ၌ အလုပ်ရုံကို ၀င်စစ်ဆေးခဲ့ရာ အထောက်ထာမပြည့်စုံသည့် အလုပ်သမားများ၊အလုပ်သမားများ၏ ကျန်မာရေး အားမခံကုသမှု နှင့် ၀ါပ်ပါမစ်များ လုပ်ပေးထားခြင်းမရှိတာကို အာဏာပိုင်များမှ  တွေ့ရှိခဲ့ရာသလို အဆိုပါစက်ရုံမှ အလုပ်သမား၉၅ဦးအား ဘန်ထိုလတ်ရဲစခန်းသို့ ခေါ်သွား စစ်ဆေးနေကြောင်းသိရသည်။

  ကိုရန်နိုင်၏ လုပ်အားခများနှင့်ဆေးဝါးကုသစရိတ်အတွက် ဘတ်ငွေ၁၅၀၀၀အား အလုပ်ရှင်ဖြစ်သူမှ ယနေ့၌ ပြန်လည်းပေးအပ်ခဲ့ကြောင်း သိရသည်။