20 December 2015

ဗီဇာပါရှိသောပတ်စ်ပို့စာအုပ်ဖြင့်လုပ်ကိုင်နေသော မြန်မာလုပ်သားများနေရပ်ပြန်လာပြီးလုပ်ငန်းခွင်သို့ ပြန် သည့်လမ်းတွင် ထိုင်းရဲများအကြောင်းမဲ့ဖမ်းဆီး (ရုပ်သံ)





ထိုင်းနိုင်ငံမှာဗီဇာပါရှိတဲ့ပါတ်စပို့စာအုပ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်ပြီးအဲ့ဒီစာအုပ်နဲ့ နေရပ်ကို ပြန်လာသူတွေ၊ လုပ်ငန်းခွင်ရှိရာထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသူတွေဟာဘန်ကောက်-မဲဆောက် လမ်းတလျှောက်မှာထိုင်းရဲတွေရဲ့ ဥပဒေမဲ့ငွေညှစ်တာတွေ၊ ဖမ်းဆီးတာတွေကိုပါခံနေကြရတယ်လို့ ကိုယ်တွေ့ ကြုံ ခဲ့သူတွေကပြောပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မြန်မာနိုင်ငံကိုခေတ္တပြန်လာပြီးလုပ်ငန်းခွင်ရှိရာထိုင်းနိုင်ငံကို ပြန်သွားကြတဲ့
မြန်မာလုပ်သား (၂၃) ဦးဖမ်းဆီးခဲ့ပြီးဒီဇင်ဘာ(၁၄) ရက်ညမှသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန် လည်လွတ်မြောက်လာသူကိုရာဇာကပြောပါတယ်။