19 December 2015

လိပ်ကျွန်းအမှုတွင် မြန်မာနှစ်ဦး လူသတ်မှု၊ မုဒိန်းမှုတို့မှ လွတ်နိုင်ဟုဆို


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) အမှုကို ယခုလ ၂၄ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ပြီး မူလ နှစ်ဘက် စစ်ဆေးချက်များအရ သက်သေခိုင်လုံခြင်းမရှိသဖြင့် ထိုအမှုတွင် မြန်မာ လူငယ်နှစ်ဦး အနေဖြင့် လူသတ်မှု၊ မုဒိမ်းမှုတို့မှ လွတ်မြောက်နိုင်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေ ကြသူများကပြောသည်။



ယင်းအမှုကို လိုက်ပါဆောင်ရွက်ခဲ့ကြသည့် မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့မှ ဦးထူးချစ်နှင့် ဦးကျော်သော င်းတို့က ယနေ့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောဆိုခဲ့ကြခြင်းဖြစ် သည်။ မြန်မာ လူငယ်နှစ်ဦး အနေဖြင့် လူသတ်မှု၊ မုဒိမ်းမှုတို့မှ လွတ်မြောက်နိုင်သော်လည်း ထိုအမှုများနှင့် မသက်ဆိုင် သည့် အသေးအဖွဲ အမှုတချို့ဖြင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်းလည်း ဦးထူးချစ် က ပြောသည်။ 


ထိုအမှုကို ထိုင်းရဲတပ်ဖွဲ့ စတင်ကိုင်တွယ်ခဲ့စဉ် အလွဲလွဲအချော်ချော် ဖြစ်မှုများအပေါ် ဥပဒေပညာရှင်များက ဝိုင်းဝန်းဝေဖန်မှုများ ပြုလုပ်ကြစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းရဲတပ်ဖွဲ့များ၏ လုပ်ဆောင်မှုအပေါ် ယုံကြည်မှုရှိကြောင်း ရှေ့ထွက်ပြောဆိုခဲ့မှုသည်လည်း မြန်မာလူငယ်နှစ်ဦး၏ ကွင်းလုံးကျွတ်လွတ်မြောက်ရေးအတွက် အဟန့်အတား အချို့ဖြစ်နိုင်ဖွယ် ရှိသည်ဟုလည်းဆိုသည်။
သတင်း၊ ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ