19 December 2015

မြန်မာအလုပ်သမားများ ဖိနှိပ်ခံနေရမှုနှင့် အခက်အခဲများ အကူအညီပေးရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဘန်ကောက်မြို့ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြ


ကိုရွှေသိန်း(မြ၀တီ)

ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ခန့်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများ ဖိနှိပ်ခံနေရ မှုများနျှင့် ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးရန် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့အဖြစ် အချက်ငါးချက် တောင်းဆိုကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

“မြန်မာအလုပ်သမားတွေ ဘ၀ကတော့ အမိမဲ့သား ရေနည်းငါးတွေလိုပဲ ပြောရမှာပဲ။ အဘက်ဘက်ကနေ ဖိနှိပ်ခံ အနိုင်ကျင့်တာတွေ အားလုံးကို ခံနေရတယ်။ အခုလက်ရှိ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကိုင်တဲ့ ပတ်စ် ပို့က ခြောက်နှစ်သက်တမ်းပြည့်သွားပြီ။ အခုထိ အလုပ်သမားတွေ ဘာလုပ်ရမယ်ဆိုတာ ကို မြန်မာဘက်က တာဝန်ရှိသူတွေက မပြောလို့ အခက်အခဲတွေ ဖြစ်နေပါတယ်” ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ ကိုစောမောင်က ပြောကြားသည်။





ဘန်ကောက်မြို့ မြန်မာသံရုံရှေ့ ဆန္ဒပြသူများသည် MoU ပွဲစားကျွန်စနစ် အလိုမရှိ၊ MoU အလုပ်သမား
 ပြဿနာ များ မဖြေရှင်းနိုင်သည့် MOEAF ဥက္ကဋ္ဌနဲ့ အပေါင်းပါများ အမြန်နုတ်ထွက်ပေး၊ ပတ်စ်ပို့နှင့် work permit ရှိသူ အလုပ်သမားများ မဖမ်းဆီးရေး၊ ၂၀၁၅ ခုနှစ်က အိမ်ပြန်စရိတ်ဖြင့် အလုပ်သမား တစ်ယောက်ထံမှ ကောက်ခံထားသော ဘတ်တစ်ထောင် ပြန်တောင်းပေးရေး၊ ပတ်စ်ပို့ ခြောက်နှစ် သက်တမ်းပြည့် အလုပ်သမားများအတွက် အမြန်ဖြေရှင်းပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ပြည့် မြန်မာ အလုပ် သမားအချို့မှာ မြန်မာနိုင်ငံသို့မဖြစ်မနေ ပြန်လာနေကြပြီ ဖြစ်ကြောင်း၊ ထို့အပြင် MoU ချုပ်ဆိုပြီး ထိုင်းနိုင်ငံ သို့ သွား ရောက်လုပ်ကိုင်ကြသူများအနက် အေဂျင်စီများ၏ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်းကြောင့် အလုပ် မရဘဲ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ အများအပြားရှိကြောင်း၊ ယင်းပြန်လာရ သူများအား နောက်ထပ် သွားရောက်လုပ်ကိုင်ခွင့် ဆုံးရှုံးစေရန် ပတ်စ်ပို့စာအုပ်အား တံဆိပ်တုံးထု ဖျက်ဆီးခြင်းကြောင့် မြန်မာလုပ်သားမျာ နစ်နာလျက်ရှိသည်။

“MoU စနစ်နဲ့ လာတဲ့အလုပ်သမားတွေ ဒုက္ခရောက်ကြတာ မနည်းဘူး။ ဒါပေမဲ့ ပြဿနာက မလျော့သွားဘဲ ပိုပိုများလာတယ်။ MOEAF အဖွဲ့ဥက္ကဋ္ဌ အပါဝင် တာဝန်ရှိသူ တွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေရှိနေတဲ့ အတွက် အခုလိုဖြစ်ရတာ။ နောက်ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း မူဝါဒတွေပဲ ချမှတ်နေတာ။ အဲဒီမူဝါဒရဲ့ အကျိုးသက်ရောက်မှုကြောင့် ထိုင်းရောက်မြန်မာ အလုပ်သမားတွေ ဘယ်လိုအခက် အခဲတွေ ဖြစ်နေရတယ် ဆိုတာ သေချာ မလေ့လာကြဘူး” ဟု ဆန္ဒပြ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ကိုစောမောင် က ပြောကြားသည်။

Eleven Media Group