11 December 2015

လုပ်အားခမရှင်းပဲပက်စပပိုစ့်ပါအသိမ်းခံရသည့် အလုပ်သမား၅ဦးအား MATအဖွဲ့ကူညီ


ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ဧကချိုင်လမ်းမကြီးနဘေ ဂေဟရပ်ကွက်ရှိ
ကားရေဆေးအလုပ်သမားနှင့်ဆောက်လုပ်ရေး လုပ်သမားများ၏ လုပ်အားခလစာအား အလုပ်ရှင်မှ မရှင်းပေးသည့်အပြင် အလုပ်သမားများကိုင်ဆောင်ထားသည့် ပက်စပိုစ့်များပါ သိမ်းဆည်ထားခြင်းခံရသည့် အလုပ်သမားများအားကူညီပေးခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)အဖွဲ့
ထံမှ သိရသည်။

အဆိုပါ အလုပ်သမားများအား လုပ်ရှင်ဖြစ်သူမှ တစ်ရက်လျှင် ၃၀၀ဘတ်ပေးမည်ဟုပြောဆိုခဲ့ယူခဲ့ခြင်းဖြစ်သော်လည်း မြန်မာအလုပ်သမားများအား ကျွန်
သဖွယ်အဓမ္မအလုပ်ခိုင်စေခံရကြောင်း အလုပ်သမားများ၏ထွက်ဆိုချက်အရ
သိရသည်။
“နံနက်၇နာရီဆို အိပ်ယာကနေထပြီး အလုပ်ရှင်ပိုင်တဲ့ ထမင်းနဲ့ကွေ့တီယိုရောင်း
ချတဲ့ဆိုင်ကိုသွားပြီး ဆိုင်သန့်ရှင်းရေးလုပ်ပေးရတာ.ပြီးမှ ကားရေဆေးအလုပ်နဲ့
ဆောက်လုပ်ရေးအလုပ်တွေကို ညနေ၄နာရီထိအလုပ်ဝင်ကြရပါတယ်”ဟု ကိုစိုင်းချစ်ဦး
မှ ပြောဆိုခဲ့ပါသည်။



အလုပ်သမားများအကူညီတောင်းခံလာမှုကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့(MAT)အဖွဲ့မှ စမွတ်ဆာခွန်ခရိုင် ဆ၀ါဒီကန်ရုံးသို့ အလုပ်သမားများနှင့်အတူသွားရောက်၍
အလုပ်သမားများ၏ နစ်နာချက်များ အား တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရပါသည်။
“လုပ်ရှင်းက လုပ်အားခငွေတွေကို အပြည့်ဝမရှင်းပေးဘူး တစ်ပတ်နေမှ ၅၀၀ဘတ်ပဲပေးတယ်..အလုပ်သမားတွေက လောက်ငအောင်သုံးရတယ်..နောက်ပြီး အလုပ်သမားတွေ ညနေအလုပ်လွှတ်လို့ အခန်းပြန်ရောက်ရင်လည်း အနားမယူရဘူး အလုပ်ရှင်ဖွင့်ထားတဲ့ ထမင်းဆိုင်နဲ့ကွေ့တီယိုဆိုင်မှာထပ်မံလုပ်ပေးရပြန် တယ် အဲသလိုလုပ်တာ ပိုက်ဆံမရတဲ့အပြင် သွားမလုပ်ပေးတဲ့အလုပ်သမား ထံကနေ ဘတ်ငွေ၂၀၀ဖြက်တယ်လို့ ” MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းမှ ပြောသည်။

မဟာချိုင်မြို့ ဆ၀ါဒီကန်ရုံ၌ အလုပ်သမားများနှင့်အလုပ်ရှင်ဖြစ်သူတို့ တွေ့ဆုံညှိနှိုင်ကြရာ
အလုပ်ရှင်ဖြစ်သူမှ မိမိစီးပွားရေးအခက်ခဲများကြောင့် လက်တလော အလုပ်သမားများ
သုံးစွဲနိုင်ရန် ဘတ်ငွေ ၉၀၀၀ပေးခဲ့မည်ဖြစ်ပြီး...ကျန်ရှိသည့် လုပ်အားခငွေများအားလုံးကို
ပီမိုင်(နှစ်သစ်ကူး)၌ အပြည့်ဝပေးပါမည်ဖြစ်ကြောင်း ဆ၀ါဒီကန်ရုံအရာရှိရှေ့၌ ကတိပြု
ပြောကြားခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရသိရပါသည်။
ယခုအခါ အဆိုပါအလုပ်သမားများသည် ၎င်းတို့၏မူလနေထိုင်ရာ နေရာသို့
ပြန်လည်နေထိုင်မရဲသောကြောင့် MATအဖွဲ့မှ လုံခြုံ သည့်နေရာ၌နေရာချပေး
ထားကြောင်းသိရှိရပါသည်။