29 June 2016

“လူကုန်ကူးခံရသူ၃ဦးကိုကယ်ထုတ်ရပြန်ပြီ”



                                          
၂၀၁၆  ခု ဇွန်လ  ၂၉  ရက်
စိုင်းသန့်ဦး

      ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီ ခရိုင်၊ ချောင်းစမေးစံ ငါးဖမ်း လှေဆိပ် ၂ခွတံတား လှေအမှတ်(၉)တွင် ၇လတိုင်တိုင်   ရောင်းစားခံခဲ့ရသူ ၃ဦးအား ယနေ့ညနေက မြန်မာသံရုံး အလုပ်သမားကူညီစောင့်ေ ရှာက်ရေးကော်မတီဝင် MATအဖွဲ့နှင့်DSI တို့ ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ကြပါသည်။


MAT အဖွဲ့ထံသို့ ကိုတင်မောင်ချို ဆိုသူက၎င်းတို့၃ဦး ခြုံဘူရီနယ်မြေ တောထဲတွင် ပုန်းခိုနေသည်မှာ ၂ရက်နှင့် ၂ညရှိပြီဖြစ်ကြောင်း အကူညီတောင်းခံလာခဲ့ပါသည်။ MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေးက DSI က အရာရှိကြီးဖြစ်သူ   Mr.Komvich Padhanarath (Chief of Prevention and Suppression Div. 1) Anti-Human Trafficking Center ,  Department of Special Investigation , Ministry of Justice 


နှင့်သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးဆီကို သတင်းပို့ ဆောင်ရွက်ခဲ့သည်။ နေရာကိုတိတိကျကျမပြောဆိုနိုင်သဖြင့်   ခက်ခက်ခဲခဲ  ရှာဖွေကယ်ထုတ်ခဲ့ကြရကြောင်းMATအဖွဲ့ကပြောသည်။


     
  ယနေ့ညနေပိုင်းကကယ်ထုတ်ခဲ့သူများမှာဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်၊ မယ်ဇလီ ကဏန်းကျောင်းကျေးရွာမှ အသက် ၃၅နှစ်အရွယ် ကိုစံဝင်း   နှင့် အသက်၃၁နှစ်အရွယ် ကိုမင်းမင်းတို့ညီအစ် ကို၂ဦး နှင့် အသက်  ၃၅နှစ်အ ရွယ် ပဲခူးတိုင်းဇီးကုန်မြို့နယ်၊ ရွှေဖလားကျေးရွာမှ ကိုတင်မောင်ချို တို့ဖြစ်ကြ ပါသည်။
 ကိုတင်မောင်ချိုက “လှေကမ်းကိုကပ်ရင် ဘတ်ငွေ၃၀၀စီပဲသုံးရပါတယ်။ လှေပေါ်မှာ   အကြိမ်ကြိမ်အရိုက်ခံခဲ့ရပါတယ်။ လက်ရှိ ကျနော့်ခေါင်းမှာကွဲနေတာမကောင်းသေး ပါ။   အထိုးခံရလို့ ထမင်းမစားနိုင်ပဲ ဖြစ်သွားခဲ့ရတာ သံတုတ်နဲ့အရိုက်ခံရလို့ ပစ်လဲ သွားဖူးပါတယ်။  အခွင့်သာတုန်း ထွက်ပြေးလာတာ တောထဲမှာ ၂ရက်နဲ၂ည ဖြစ်သလို အိပ်၊ စားနေခဲ့ပါတယ်” ဟုပြောသည်။

     တစ်ရက်တွင် ၅နာရီခန့်အိပ်ရပြီး ပိုက် ၅ကြိမ်စီချရကြောင်း ပိုက်ပျက်ပါက မအိပ်ရ ပဲလုပ်ရကြောင်း ထမင်းကိုမူ ၀၀လင်လင်စားရကြောင်း လွတ်မြောက်လာသူများ ကြေ ပာပြပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ၉၅ ရာခိုင်နုန်းက လူကုန်ကူးခံနေရ သူတွေဖြစ်တယ်လို့ ကျနော်အမြဲပြောလေ့ ရှိပါတယ်။ ဒီအလုပ်သမားတွေမှာလည်း ပန်းရောင်ဘတ်ကဒ်လုပ်ထားပါတယ်။ ပြောချင်တာကတော့ ပန်းရောင်ဘတ်ကဒ် လုပ်တာနဲ့ လူကုန်ကူးခံရတာ ကျွန်တစ်ယောက်လိုခိုင်းစေတာက သီးခြားစီဖြစ်ပါ တယ်။  ကျွန်တွေလုပ်တဲ့ အစားအစာကိုမစားဖို့ အီးယူနဲ့ အမေရိကန်တို့ လှုပ်ရှားေ နကြချိန်မှာ မြန်မာအလုပ်သမား ၀န်ကြီးညွန်ကြားရေးမှူးချုပ်က ငါးဖမ်းလှေသို့ MOU အလုပ်သမားပို့ဖို့စဉ်းစားနေတယ်လို့ ဒီနေ့ထုတ် ပြည်မြန်မာဂျာ နယ်မှာ ပြောတာကို ဖတ်ရတာ အတော့်ကို အံ့သြမိပါတယ်” ဟုပြောသည်။


    လူကုန်ကူးခံရသူတစ်ဦး လွတ်ြေ မာက်ဖို့အတွက် အလွန်ခဲ ယဉ်းပါသည်။ လူကုန် ကူးခံရသူအတွက် လုံလောက် သည့် အကာအကွယ်ထိုင်းနိုင်ငံတွင် မရရှိပါ။ မြန်မာများ အစုလိုက်လူကုန်ကူး ခံနေရသည်ကို အချက်အလက်အပြည့် အစုံဖြင့် ထိုင်းနှင့်မြန်မာ အစိုးရ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့များသို့ တင်ပြ ထား သော်လည်း အကောင် အထည်မဖေါ်နိုင်သည့် ကိစ္စရပ်များရှိနေဆဲပင်ဖြစ်ပါ သည်။ လူကုန်ကူးမှုကို တိုက် ဖျက်နေသည့် MAT အဖွဲ့သားများမှာလည်းမည်သည့် အကာအကွယ်မှမရှိပါ။ မည်သည့် အထောက်အပံ့ လစာမှမရှိပဲ မိမိတို့စိတ်စေတနာ   ဖြင့်အနှောင်အဖွဲ့ကင်းစွာဖြင့် လုပ်ကိုင်နေကြသူများသာဖြစ်ကြပါသည်။