18 February 2016

ထောင်ချခံရတဲ့ MOU အလုပ်သမား၈ဦးကိစ္စ သံအရာရှိဖြေရှင်း”

  ၂၀၁၆ ဖေဖေါ်ဝါရီလ ၁၇
မင်းဘခက်

အလုပ်လုပ်ခွင့်(၀တ်ပါမစ်)မရှိဟူသည့်အကြောင်းပြချက်ဖြင်း ထောင်၃၈ ရက်ချမှတ်ခံခဲ့ရသည့်MOU အလုပ်သမား၈ဦးကိစ္စအား ဘန်ကောက်မြန်မာ သံရုံးမှ အလုပ်သမားသံအရာရှိက ယနေ့ဖြေရှင်းပေးကြောင်း သိရသည်။

မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေ အေဂျင်စီဖြစ်သော Golden Sea Myanmar နှင့် ထိုင်းဘက်မှ Thai Millenniumint Co,ltd တို့သည်ဆောက်လုပ်ရေးအလုပ်ဟုဆိုကာ အလုပ်သမား၂၀ဦးတို့သည် ၂၅၊ ၅၊ ၂၀၁၅ နေ့က ထိုင်းနိုင်ငံသို့တင်သွင်းလာခဲ့ပါသည်။

အလုပ်သမားများသည် Golden Sea Myanmar အေဂျင်စီသို့ တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းခွဲပေးခဲ့ ရပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်သမားများထံ ၅လကျော်အတွင်း တစ်ဦးစီထံမှ ဘတ်ငွေ ၁၃,၉၀၀ စီဖြတ် တောက်ထားပြီးဖြစ်သော်လည်း အလုပ်သမားများအတွက် (အလုပ်လုပ်ခွင့်) ၀တ်ပါမစ် မလုပ်ပေးသေးပါ။



မဟာချိုင်မြို့ဝတ်လက်စံတွင်ရှိသော SARIN SHIP BUILDING သင်္ဘောကျင်းထဲတွင်အလုပ်လုပ်နေကြစဉ် ၈၊ ၁၊ ၂၀၁၆ နေ့ကအလုပ် လုပ်ကိုင်ခွင့် ၀တ်ပါမစ်မရှိဟုဆိုကာ နယ်မြေခံရဲများက၀င်ရောက် ဖမ်း ဆီးခဲ့သဖြင့် ၈ဦးအဖမ်းခံခဲ့ရသည်။
(ဗိုက်ဇောင်လင်း၊ စောပြေငြိမ်း၊ စောခူးဝရ၊ စိုးလင်းအောင်၊
စောလဲဒူးမူ၊ စောထွေးထွေးလို၊ ၀င်းဇော်မင်း၊ ဇော်ဇော်နိုင်) ဖြစ်ကြပါသည်။
MOU အလုပ်သမားဆလိုင်းကျော်ရဲအောင်နှင့် စောလှဆေး တို့ ၂ဦးမှာထွက်ပြေးလွတ်မြောက်ခဲ့ပါ သည်။ ဤ၂ ယောက်မှာ ၀တ်ပါမစ်မရှိ သဖြင့် အလုပ်မလုပ်ရပဲ ၁လကျော်ခဲ့ပြီဖြစ်ပါသည်။
အလုပ်သမားများက Golden Sea Myanmar (မြန်မာရွှေပင်လယ်) အေဂျင်စီအားအကြောင်းကြား ခဲ့သဖြင့် ၁၊၂၊၂၀၁၆ နေ့က အေဂျင်စီ ဒါရိုက်တာ ဦးသန်းတင်နှင့် မဟာချိုင်မှ အလုပ်သမားအဖွဲ့တစ်ခုက မဟာချိုင် ဆ၀ါဒီကန်ရုံးသို့သွားခဲ့ကြသည်ဟု အလုပ်သမားများကပြောသည်။ စောခွားလေး အား ဦးသန်းတင် က သူနှင့်မသက်ဆိုင်ကြောင်းပြောဆိုကြောင်း စောခွားလေးက ပြောဆိုခဲ့ပါသည်။
စောခွားလေးက “အလုပ်သမားအဖွဲ့လည်း ဖုန်းဆက်လို့မ ကိုင်တော့ဘူး။ ဦးသန်းတင်ကလည်း ထောင်ကျတဲ့ကိစ္စ ငါနဲ့မဆိုင်ဘူး လို့ပြောတယ်။


အလုပ်သမားသံအရာရှိရုံးကိုသွားတော့ အေဂျင်စီတာဝန် ရှိသူက ဦးလှထွန်း ကို မတိုင်နဲ့လို့တားတယ်။ ကျနော်တို့လည်း ထောင် ကျနေတာ မထူးတော့ဘူးဆိုပြီး MAT အဖွဲ့ကို အကူညီတောင်းလိုက်တာ။ သူငယ်ချင်းတွေ မနေ့က လွတ်လာပြီ။ အလုပ်တစ်ယောက်မှ မလုပ်ရ သေး ဘူး” ဟုပြောသည်။

မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးလှထွန်းက Golden Sea Myanmar အေဂျင်စီမှ တာဝန်ရှိ သူအားခေါ်ယူ၍ ထောင်ကျသည့်နေ့များ အတွက် လုပ်အားခရှင်းပေးရန်နှင့် ၀တ်ပါမစ်အမြန်လုပ်ပေးရန် ယနေ့ပြောခဲ့သည်ဟုMAT အဖွဲ့သို့ပြောပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင် ထိုင်းကိုရောက်လာတယ်။ အလုပ်သမားတွေရဲ့အချက်အလက်တွေ ကို ကျနော်ပေးပို့တယ်။ ကျနော်ပြောနေတာက Golden Sea Myanmar ကိုရည်ရွယ်တာမဟုတ်ဘူး။ MOU နဲ့လာတဲ့အလုပ်သမားတွေကို ထိုင်းရဲတွေ ဖမ်းတယ်၊ လပ်ထိပ်ခပ်တယ်။ ထောင်ချတယ်။ ဒါ့အပြင် မြန်မာ ပြည်မှာရော ထိုင်းမှာပါ အစိုးရသတ် မှတ်ဈေးတွေထက်ပိုပြီးယူထားကြတယ်။ အစိုး ရချင်းတင်သွင်းတယ် ဆိုပြီး အကုန်လုံးတလွဲစီဖြစ်နေတယ်။ အကျင့်ပျက် တဲ့ အေဂျင်စီတွေကို ထိထိရောက်ရောက် အရေးယူပေး စေချင်တယ်။ ဒါမှ ထိုင်းနဲ့မြန်မာအစိုးရလည်းသိက္ခာရှိ၊ MOU အလုပ်သမားတွေလည်းအေးအေးချမ်းချမ်း အလုပ်လုပ်ကြရမှာဖြစ်ပါတယ်” ဟု ပြောသည်။

အလုပ်သမားညွန်ကြားရေးမှူးအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ထိုင်းသို့ ရောက်ရှိလာစဉ် MAT က လောလောဆယ် ပြဿနာတက်နေသည့် Golden Sea Myanmar, LIBRALIFE SERVICE နှင့် ပြည့်အောင်ကျော်အေဂျင်စီတို့၏ အလုပ်သမားများအဖြစ်အပျက်များကို ဖြေရှင်းပေးပါရန် တင်ပြခဲ့ပါသည်။ ထို့အထဲမှ Golden Sea Myanmar(မြန်မာရွှေ ပင်လယ်) အေဂျင်စီ၏ ပြဿနာမှာ အလုပ်သမားထောင်ထဲမှ လွတ်လာပြီဖြစ် သဖြင့် အရွှေ့တစ်ခုသို့ ဦးတည်ခဲ့ပြီဟုဆိုနိုင်ပါသည်။ အခြားအေဂျင်စီ၂ ခုပြဿနာကိုမူ မကြားသိရသေးပါ။

အသွင်ကူးပြောင်းရေးကာလတွင် အလုပ်သမားအမြဲတမ်းအတွင်း ၀န်အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက် MOU စည်းကမ်းချက်များ အား လေးစားလိုက်နာမှုမရှိသော အကျင့်ပျက်အေဂျင်စီများကို မည်သို့ဖြေရှင်း အရေးယူဆောင်ရွက်မည်ကို အလုပ်သမားအရေးဆောင်ရွ က်သည့်အဖွဲ့များ က သတိထား စောင့်ကြည့် နေကြကြောင်း သိရှိရသည်။