18 February 2016

“လူကုန်ကူးဂိုဏ်းဝင်တစ်ဦးထောင်ကျ ဂိုဏ်းခေါင်းဆောင်ငြင်းဆို”


၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁၆
မြတ်ညို (အလွတ်သတင်းထောက်)

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ချနဘူရီခရိုင် ထမကာမြို့နယ် VITA နာနတ်သီးအလုပ်ရုံနယ်မြေ မှ မြန်မာလူကုန်ကူးဂိုဏ်းအဖွဲ့အား ယမန်နေ့က တရားရုံးတွင် စစ်ဆေးရာ အဖွဲ့ဝင်တစ်ဦးက ၀န်ခံသဖြင့် ထောင်ကျသွားပြီး ဂိုဏ်းခေါင်းဆောင်နှင့်အခြားတစ်ဦးမှာ ငြင်းဆန်လိုက်သည်။

၆၊ ၁၀၊ ၂၀၁၅ နေ့က ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းရေတပ်ဖွဲ့မှ Mr.Komvich Padhanarath Chief of Prevention and Suppression Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ၀င် MAT အဖွဲ့တို့ပူးပေါင်း၍ ဒေသခံအာဏာပိုင်များနှင့် မြန်မာလူကုန်ကူးဂိုဏ်းကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ လူသတ်၊ အဓမ္မကျင့်၊ လူကုန်ကူးဂိုဏ်းခေါင်းဆောင်ဖြစ်သော သိန်းဇော်နှင့် တပည့် အရှည်ကြီး၊ ကရင် ဆိုသူတို့ကို ဖမ်းဆီးခဲ့သည်။ သိန်းဇော် ၏ ခြံထဲမှ အလုပ်သမား၁၀ဦးတို့နှင့်အတူ စာရွက် စာတမ်းနှင့်ဓါတ်ပုံအမြောက်အများတို့ကို သိမ်းဆည်းရမိခဲ့သည်။







ဖမ်းဆီးပြီးနောက် တစ်ပတ်အကြာတွင် သိန်းဇော်နှင့် အရှည်ကြီးတို့အား VITA နယ်မြေမှ ထိုင်းလုပ် ငန်းရှင်တစ်ဦးက ဘတ်ငွေ တစ်သိန်းကျော်ဖြင့်အာမခံ၍ အပြင်တွင်နေထိုင်ခဲ့ရသည်။
ယမန်နေ့ တရားခွင်တွင် ကရင်ဆိုသူက ကျူးလွန်ကြောင်း ၀န်ခံသဖြင့် ထောင်ဒဏ် ၁၆လ ကျခံခဲ့သော် လည်း ဂိုဏ်းခေါင်းဆောင်သိန်းဇော်နှင့်အရှည်ကြီး ဆိုသူတို့က ၎င်းတို့ မကျူးလွန်ကြောင်းငြင်းဆန်ခဲ့သည်။
လူကုန်ကူးခံခဲ့ရသူသေလုမျောရိုက်သတ်ခံခဲ့ရသူ(တရားလိုသက်သေ) ကိုဖြိုးက “တရားသူကြီးက မေး ပါတယ်။ သိန်းဇော်နဲ့ အရှည်ကြီးတို့ ၀ိုင်းရိုက်သတ်တာမှာမှာပါလား၊ လူကုန်ကူးတာသေချာလားတဲ့။ ကျနော် က ဒီလူတွေပဲ ကျနော့်ကို သေလုမျောပါးဝိုင်းရိုက်သတ်ကြတာလို့ပြောခဲ့ပါတယ်။ လူမိုက်ကြီးတွေ လူယုတ် မာကြီးတွေပါ။ ဒီလူတွေသတ်လို့သေသွားတဲ့သူတွေ၊ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာမိန်းကလေးတွေအများကြီး ပါ၊ မိန်းကလေးတွေကရှက်လို့ အမှုမဖွင့်ကြတာပါ” ဟုပြောသည်။



၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ကန်ချနဘူရီ တရားရုံးသို့ လိုက်ပါ ကူညီပေးခဲ့ရသော MAT အဖွဲ့ရုံးတာ တာဝန်ခံနှင့် နိုင်ငံခြားဆက်ဆံရေးအရာရှိ ကိုစိုင်အေး က“လူကုန်ကူးတဲ့ဂိုဏ်းဘက်က ရှေ့နေငှါးထားတယ်။ ကျနော်တို့ဘက်က အစိုးရရှေ့နေပဲရှိတယ်။ အစိုးရရှေ့နေက တရားလိုဘက်က ရှေ့နေငှါးပေးရင်ကောင်း မယ်လို့တောင်းဆိုတယ်။ အမှန်တရားတစ်ခုပေါ်ပေါက်ဖို့အတွက် တကယ်မလွယ်ပါဘူး။ ကျနော်တို့မှာ ငွေမှ မရှိတာ။ ထိုင်းမှာလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ရတာ အတော်ခက်ခဲကျပ်တည်းပါတယ်” ဟုပြောသည်။
ယခု လူကုန်ကူးဂိုဏ်းအမှုနှင့်ပတ်သက်၍ MAT အဖွဲ့သည် ကိုဖြိုးအား ကျွေးမွေးစောင့်ရှောက်ထားရခြင်း၊ ကန်ချနဘူရီတရားရုံးသို့ ဘန်ကောက်မြို့မှ ၃ကြိမ်တိုင်တိုင် သွားရောက်၍ ကြားနာခဲ့ရပြီးဖြစ်ပါသည်။
လူကုန်ကူး ဂိုဏ်းခေါင်းဆောင် သိန်းဇော် တို့၏ လုပ်ရပ်တို့အား MAT အဖွဲ့က ၂နှစ်ကျော်မျှအချိန်ယူ၍ အချက်အလက်စုဆောင်းခဲ့ရသည်။ သတင်းရယူစုဆောင်းသူတစ်ဦးအား မြင်းဆေးပစ်ဖမ်းဆီလိုက်သဖြင့် ယခုအခါထောင်ကျခံနေရဆဲဖြစ်ပါသည်။

သတင်းစုဆောင်မှုအဖွဲ့ခေါင်းဆောင် ကိုခွန်နှင့် MAT အဖွဲ့ ဒါရိုက် တာ ဦးကျော်သောင်း တို့ ၏ဦးခေါင်းကို ဖြတ်ပေးနိုင်သူအား ဘတ်လေးသန်းပေးမည်ဟု ဤအဖွဲ့ကကြေညာ ခဲ့ကြောင်း ကိုခွန်ကသည်။