11 February 2016

“အကျင့်ပျက်အေဂျင်စီတွေကြောင့် အလုပ်သမားများနစ်နာဆုံးရှုံးမှုများပြားနေ”



          

၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁၁ ရက်
စောခွန်ခက်တီး

 အေဂျင်စီများ၏အနိုင်အထက်ပြုကျင့်မှုများကြောင့် MOU အလုပ်သမားများစွာ နစ်နာနေကြဆဲဖြစ်ေ ကြာင်း MAT အဖွဲ့ကပြောသည်။

     မြန်မာအေဂျင်စီ LIBRALIFE  SERVICE  နှင့် ထိုင်း  ISS SUPPORT SERVICE အေဂျင်စီတို့က ၂၈၊၅၊ ၂၀၁၅နေ့က (ကျား၂၅+မ၂၀)=၄၅ဦးတို့ ထိုင်းနိုင်ငံ ကုန်တိုက်တွင်ပါကင်ထုတ်ခြင်း၊ ခြင်း များဆေးကြော ခြင်းများလုပ်ရမည် ဟုဆိုကာတင် သွင်းလာခဲ့သည်။ 

    အလုပ်သမားအချို့တို့ကိုအခြားနေရာသို့ပို့ထားပြီး စာချုပ်ပါနေရာတွင် အလုပ်သမား၃၀ဦး ရှိသည်ဟု အလုပ်သမားများကပြောပါသည်။

         အလုပ်သမား ကိုနေထက်လင်း က" ပတ်စပို့စာအုပ်က ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်လာ
တာပါ။  ပွဲစားဒေါ် ခင်တင့် ကိုတစ်ဦးလျှင် ကျပ်ငွေငါးသောင်းပေးရပြီး LIBRALIFE  SERVICE      အေဂျင်စီမှ ဒေါ်ပပကို ကျပ်ငွေ လေးသိန်းခွဲစီပေးခဲ့ရတယ်။ ထိုင်းမှာလည်း  စာအုပ်ဖို့ အတွက် ဘတ် ငွေ တစ်သောင်း ဖြတ်ထောက်ခံထားပြီးပါတယ်၊ ခုကျနော်တို့အလုပ်ပြုပါပြီ၊ ပွဲစားက ပြန်ပို့မယ်လို့ပြောပါတယ်"   ဟု ပြောသည်။

            စာချုပ်သက်တမ်းပြည်သည်ဟုဆိုကာ အလုပ်သမားများအား ၃၀၊၁၊၂၀၁၆ နေ ကတည်းက အလုပ်သမားများအလုပ်ပြုတ်နေကြပြီဟုဆိုသည်။ အချို့မှာ လုပ်အားခကျန်ငွေ လည်းမရ၊ ရက်ပေါင်ဟုဆိုသည့် ၁၀ ရက်စာလုပ်အားခလည်းမရသဖြင့် စိတ်ဓါတ်ကျနေသည် ဟုဆိုသည်။ အလုပ်သမားများမှာ စိတ်ဓါတ် ကျ၍ နေရပ်သို့ပြန်ကြမည်ဟုဆိုသည်။

           သို့ရာတွင် အလုပ်သမား= နေထက်လင်း၊ တင်လင်းအောင်၊ ၀ါဝါလှိုင်နှင့် မတင်မာမြင့် တို့ကမူ စာချုပ်ပါအတိုင်း ၂နှစ်ပြည်အောင် အလုပ်လုပ်ချင်သေးကြောင်းပြောပါသည်။ LIBRALIFE  SERVICE အေဂျင်စီသို့ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ဟုဆိုသည်။..............


    Pyae Aung Kyaw အေဂျင်စီ နှင့် V. D.Group အလုပ်သမား(ကျား၁၅ဦး+မ၃၁ဦး) ပေါင်း ၄၆ဦးတို့သည် ရန်ကုန်ပင်လုံခန်းမတွင် စာချုပ်ချုပ်ဆိုစဉ်ကကျပ်ငွေ သုံးသိန်းခွဲပေးခဲ့ရသည်။ ထိုင်းနိုင်ငံသို့ ၂၊၁၁၊၂၀၁၅ နေ့က ရောက်လာခဲ့ကြသည်။

        အလုပ်သမားများအားလုပ်အားမပေးခြင်း၊ ရိုက်နှက်ခြင်းများပြုကျင့်သဖြင့် အလုပ်သမား အချို့ပြန်သွားခဲ့ကြပြီးဖြစ်သည်။ ၃၊၂၊၂၀၁၆ နေ့ကဂေါက်သီးလုပ်ငန်းရှင်ကိုယ်တိုင်ရိုက်နှက်ရာ မဇင်မာမြင့်   က ငုံ့ရှောင်လိုက်သဖြင့် ဘာမှမဖြစ်ခဲ့သော်လည်း ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊   ဖေါင်တော်သီကျေး ရွာမှ အသက်၂၂နှစ်အရွယ် မဝေ မှာ ဘယ်လက်ခုံရောင်ကိုင်း သွားခဲ့ပါ သည်။

           အလုပ်သမားတစ်ဦးစီထံမှ ပတ်စပို့ဖို့ ဘတ်ငွေ ၄,၀၀၀ စီဖြတ်တောက် ထားပြီးဖြစ် ပါသည်။ ယခုအခါ အလုပ်သမားများအား အလုပ်လည်းမခိုင်းတော့ပဲ ပြန်ပို့မည်ဟုပြောနေပါ သည်။ အလုပ်သမား ၆ဦးမှာ (စိုးညီညီအောင်=၁၅,၁၀၄ ဘတ်၊ ဇေယျာဝင်းထက်= ၁၅,၁၄၀ ဘတ်၊ ဇော်မြင့်=၁၅,၆၈၄ ဘတ်၊ စာအုပ် ရွေးပြီး။ နှင်းမြတ်မိုး= ၁၄,၇၀၀ ဘတ်၊ ဇင်မျိုးသက်= ၁၄,၇၀၀ဘတ်၊ဇင်မာမြင့်= ၁၄,၇၀၀) စုစုပေါင်း လုပ်အားခရရန်ကျန်ငွေမှာ ၉၀,၀၂၈ ဘတ်ဖြစ် ပါသည်။  
   
ကျော်လင်းထိုက် ဆိုသူ မှာ ယနေ့စာအုပ်ကို=ဘတ်၁၀,၀၀၀ ပေးပြီး ပြန်သွားမည်ဟုဆိုပါသည်။


    MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကMOU နဲလာတဲ့အလုပ်သမားက မြန်မာပြည်မှာ ငါးသိန်းကုန်ခဲ့ပြီ။ ထိုင်းမှာ ဘတ်ငွေတစ်သောင်း(ကျပ်ငွေသုံးသိန်းခွဲခန့်)ပေးဆပ်ပြီးပြီ။ ဒါတွေ ကို မြန်မာအေဂျင်စီနဲ့ထိုင်းအေဂျင်စီက အမြတ်ယူလိုက်ပြီ။ သူတို့မြတ်ပြီးတာနဲ့ အလုပ်သမားေ တွ စိတ်ဓါတ်ကျအောင်လုပ်မယ်။ အလုပ်သမားတွေပြန်ရင် အဲဒီ အလုပ်သမားခေါ်စာနဲ့ အလုပ် သမားထပ်သွင်းမယ်။ ဒီလိုပဲ လုပ်စားနေကြတာ။ အဲဒါကြောင့် ကျနော်က MOU ဆိုတာ တရား ၀င်လူကုန်ကူးတာလို့ပြောနေတာ။ သိပ်မှန်တယ်လို့လက်မ, ထောင်နိုင်တဲ့ အေဂျင်စီ တစ်ခုေ လာက် အလုပ်သမားခေါ်စာတစ်စောင်လောက် အဖွဲ့စုံသတင်းသမားတွေအစုံရှေ့မှာ လာစစ် လှဲ့ပါလို့ ကျနော် ရန်ကုန် အလုပ်သမားဝန်ကြီးဌာနအစည်းဝေးမှာ မီဒီယာတွေရှေ့မှာ ပြောဖူး ပါတယ်”ဟုပြောသည်။

        လူကုန်ကူးမှုလျှော့နည်းပပျောက်စေရန်အတွက်ဟုဆိုကာ ထိုင်းနှင့် မြန်မာအစိုးရတို့က MOU အလုပ်သမားတင်သွင်းခြင်းအား ၂၀၀၉ ခုနှစ်ကစတင်အကောင်အထည်ဖေါ်ဆောင်ခဲ့ရာ ယခုအခါ မြန်မာအလုပ်သမားပေါင်း နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီဖြစ်ပါသည်။ မှန်မှန်ကန်ကန် လုပ် ကိုင်သည့် အေဂျင်စီမှာ အထူးနည်းပါးသည်။ အေဂျင်စီပွဲစားအချို့သည် အလုပ်သမားအာဏာ ပိုင်များနှင့်ပူးပေါင်း၍ အလုပ်သမားခေါ်စာအတုများဖြင့် အလုပ်သမားများတင် ပို့ခြင်းများရှိနေ ခဲ့သော်လည်းထိရောက်သည့်အရေးယူမှုမရှိခဲ့သဖြင့် အေဂျင်စီများ၏အနိုင်အထက်ပြုမူခြင်း
 ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မှ မြန်မာအလုပ်သမားများစွာနစ်နာဆုံးရှုံးနေရဆဲဖြစ်သည်။

        MOU စည်းကမ်းချက်အရ မူလစာချုပ်ပါ အလုပ်ခွင်တွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်   ပြောင်းရွှေ့ ခွင့်မပြုထားပေ။ သို့ရာတွင် ယခုအခါ ထိုင်းနိုင်ငံအနှံ့ သန်းနှင့်ချီ၍  ၆နှစ်သက်တမ်း ကုန်ဆုံးနေကြသည့် မြန်မာအလုပ်သမားများအား MOU ဖြင့် ပြန်သွင်းရမည်ဟု အစိုးရသတ် မှတ်ထားခြင်းမှာ အလွန်စိတ်ပျက်စရာကောင်းကြောင်း MAT အဖွဲ့ကပြောသည်။ NLD အစိုးရ
သစ်လက်ထက်တွင် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာမူဝါများပြောင်းလဲလာနိုင်မှ မြန်မာ
အလုပ်သမားများ ဘ၀လုံခြုံစိတ်ချရနိုင်ကြောင်း MAT ကမျှော်လင့်သည်။