08 February 2016

“ထက်မာန်အေဂျင်စီအလုပ်သမား၁၁ဦးကိစ္စ အလုပ်သမားသံအရာရှိနှင့် MAT ပူးပေါင်းဖြေရှင်း”


၂၀၁၆ ဖေဖေါ်ဝါရီ ၈ ရက်
မင်းဘခက်

ထက်မာန်အေဂျင်စီမှ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်သို့ ပို့ဆောင်ထားသည့် အလုပ်သမား ၁၁ဦး တို့အခက်အခဲအား အလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ပြေလည်သွား ခဲ့ပြီဖြစ်ပါသည်။

မကွေးတိုင်းမှ အလုပ်သမား ၁၁ ဦးတို့အား လုပ်အားခ ဘတ်တစ်သိန်းတစ်သောင်းအား ရှင်းမပေးသည့်အပြင် ပတ်စပို့လိုချင်ပါက ဘတ်ငွေ ၁၅,၀၀၀ ပေးချေရမည်ဟု ထိုင်းလုပ်ငန်းက ပြော ကြောင်းအလုပ်သမားများကပြောသည်။

အလုပ်သမားသံအရာရှိ ဦးလှထွန်း က “ပို့ထားတဲ့အေဂျင်စီတွေ ဂရုစိုက်ရမယ်။ ကျနော်ခေါ် ထားပြီ။ သူတို့စားစရာမရှိတော့လို့ တစ်ယောက် ကို ဘတ်ငွေ သုံးရာစီ ပေးခဲ့တယ်” ဟုပြောသည်။
အလုပ်သမားများအား အစိုးအုပ်ချုပ်ရေးရုံးခြံဝင်းထဲတွင် ထားရှိပြီး အပြင်သို့လည်းမသွားကြရချေ။ အလုပ်သမားများအား အနီးအနား တွင်ရှိသော မြန်မာနိုင်ငံသား ပန်းရံအလုပ်သမားများက ၂ရက်တိုင် တိုင်ထမင်းကျွေးထားခြင်းဖြစ်သည်။

သွားရောက်ဖြေရှင်းပေးခဲ့သူ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“အေဂျင်စီတွေဟာ ထိုင်းကို လူပို့ပြီးတာနဲ့ သူတို့ တာဝန်ကျေပြီလို့ ထင်နေကြဆဲဖြစ်တယ်။ အမှန်က အလုပ်သမားတစ်ယောက်ကို ကျပ်ငွေ သုံးလေးသိန်းပေးပြီးလာရတာ ဒီကတည်းက အေဂျင်စီတွေ မြတ်ပြီး သားဖြစ်ပါတယ်။ ထိုင်းဘက်မှာ တစ်ခါ ဘတ်ငွေ တစ်သောင်းဖြတ် တယ်။ ၀တ်ပါမစ်လုပ်တာ ၂ထောင်မပိုပါဘူး။ ဒီမှာတစ်ခါမြတ်သေးတယ်။ အဲဒါကိုမှ အေဂျင်စီတွေက မတရားလုပ်သေးတယ်” ဟုပြောသည်။


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပိတ်ရက်မရှိ နေ့စဉ် MOU အလုပ်သမား တင်သွင်းနေသကဲ့သို့ အလုပ် မရှိပဲ ဒုက္ခရောက်နေသည့် အလုပ်သမားများ ထိုင်းနိုင်ငံအနှံ့အပြားတွင်ဖြစ်ပေါ်နေသည်။ MOU အလုပ်သ မားပြဿနာမှာ
လျှော့သွားသည်မရှိပဲ ပိုဆိုလာနေသည် ကို မြန်မာအစိုးရအနေဖြင့် ယနေ့အထိ ကျပ်မတ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း MAT အဖွဲ့က ထောက်ပြသည်။
ယနေ့နံနက်က အဆိုပါ အလုပ်သမားများအား ချင်းမိုင်မြို့နယ် အတွင်းရှိ ဆောက်လုပ်ရေးဆိုဒ်တစ်ခု သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားများကပြောသည်။