23 February 2016

ထိုင်းစစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများမတိုင်မီက မြန်မာနိုင်ငံ အခြေအနေမျိုးသို့ ဦးတည်နေဟု သက်ဆင် စွပ်စွဲ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (ဓာတ်ပုံ-အေပီ)
       ထိုင်းစစ်အစိုးရ၏ အခြေခံ ဥပဒေသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ မဖြစ်ပေါ်မီ မြန် မာနိုင်ငံ၏ အခြေအနေမျိုးနှင့် တူညီအောင် ခေတ်နောက်ပြန် ဆွဲနေကြောင်း ထိုင်းဝန်ကြီး ချုပ် ဟောင်း သက်ဆင်ရှင် နာဝပ်ထရာ က ဝေဖန်ပြောကြားသည်။

၂၀၀၈ နောက်ပိုင်း အာဏာ သိမ်းအပြီးကတည်းက  ပြည်ပ တွင် အခြေချနေထိုင်လျက်ရှိ သည့် သက်ဆင်က ညီမဖြစ်သူ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ထရာ လက်ထဲမှ အာဏာသိမ်းယူ ထား သည့် စစ်အစိုးရ အဆိုပြု
 သော ဖွဲ့စည်းပုံ ဥပဒေမူကြမ်း သည် ထိုင်းအား အယောင်ဆောင် ဒီမိုကရေစီအတုကိုသာ ပေးအပ် လိမ့်မည် ဟု ရှုတ်ချခဲ့သည်။

   ၂၀၀၈ ခုနှစ်နောက်ပိုင်း ရှား ပါးအခြေအနေ တစ်ရပ်အဖြစ် နိုင်ငံတကာ သတင်းစာနှစ်စောင် အား အင်တာဗျူးခွင့် ပေးခဲ့ချိန်၌ သက်ဆင်က လက်ရှိ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံရေး အခြေအနေများ ကို နှိုင်းယှဉ်ပြခဲ့သည်။




       မြန်မာနိုင်ငံသည် ဒီမို ကရေစီ လမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ရှေ့ဆက်နေချိန်၌ ထိုင်းက ဒီမိုကရေစီအရေခြုံ အာဏာရှင်စနစ်ထံ ဦးတည်နေ ကြောင်း ၎င်းက အာရှတိုက်အ တွက် ထုတ်ဝေသော Wall Street Journal အား ပြောကြားခဲ့သည်။

‘‘အခု ထိုင်းမှာ ရေးဆွဲထားပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံ ဥပဒေမူ ကြမ်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ဆီ ပြန် သွားနေပါပြီဆိုတာမျိုး တစ်ကမ္ဘာလုံး မြင်သာအောင်ပြသမယ့် အပေါ်ယံသဘော  သက်သက်ပဲ။ တကယ့် အစစ် အမှန်အနေနဲ့ကျတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမရှိသေး ခင် မြန်မာနိုင်ငံရဲ့အခြေအနေ မျိုး ဆီ ပြန် သွားနေတာ။ ဝန်ကြီးချုပ် တစ်ယောက်တော့ ဟန်ပြ အနေနဲ့ရှိမယ်။ ဒါပေမဲ့ တကယ့်လက်ဆုပ် လက် ကိုင် အာဏာကိုတော့ အဲဒီဝန်ကြီးချုပ်ရဲ့ အထက်က နိုင်ငံရေး ဗျူရိုတစ်ခုက ချုပ်ကိုင်ထားမှာလေ။ အဲဒီကျ ရင် နိုင်ငံစီးပွားရေးကို ထိခိုက် လာလိမ့်မယ်။ တခြားနိုင်ငံအစိုးရတွေက ထိုင်းကို အဆက်အဆံမလုပ်ချင် ဘဲ ဖြစ်လာ လိမ့်မယ်’’   ဟု သက်ဆင် က မှတ်ချက်ပေးခဲ့သည်။

၎င်းက Financial Times နှင့် အင်တာဗျူးတွင် ထိုင်းစစ်အစိုးရ ၏ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ထပ်မံဝေဖန် တိုက်ခိုက်ခဲ့သည်။

“ထိုင်းနိုင်ငံရေး ဘယ်လိုဘယ်ပုံ စခန်းသွား ရှေ့ဆက်မလဲဆိုတာကို ကျွန်တော်စိုးရိမ်တယ်။ အခု ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံဥပဒေဟာ အချိန်ဖြုန်းတာ၊ လူ့အရင်းအမြစ်ကို ဖြုန်းတီးတာ သက် သက်ပဲ။ စစ်အစိုးရက လွဲရင် ဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စမျိုး။ ဒီဥပဒေမူကြမ်းကိုသာအတည်ပြု   ပြဋ္ဌာန်းလိုက်ပြီဆိုရင် ထိုင်းနိုင်ငံ ဟာ နောက်ကြောင်းပြန်လှည့် သွားပြီသာမှတ်ပေတော့” ဟု လည်း ၎င်းက ဆိုသည်။

        ထိုင်းစစ်အစိုးရ ရေးဆွဲတင် သွင်းသည့်  အခြေခံဥပဒေမူ ကြမ်းတွင် ပြည်သူလူထု ရွေး    ကောက်ထား သူ မဟုတ်သည့် ဝန်ကြီးချုပ် တစ်ဦးက နိုင်ငံကို အုပ်ချုပ်ပိုင်ခွင့်နှင့် ပြည်သူလူ ထု ရွေးကောက်ထားသည့် ကိုယ်စားလှယ်များမပါဝင်သော လွှတ်တော်တစ်ရပ် ဖွဲ့စည်းပိုင်ခွင့် အစ ရှိသည်တို့ ပါဝင်သည်။

     စစ်အစိုးရသည် ရွေး ကောက်ပွဲများ ကျင်းပပေးမည်ဟု ကြိုတင် ကတိပြုထားသည့် ၂၀၁၇ အကုန်တွင်
နောက်ထပ် သုံးနှစ်မှငါးနှစ်မျှထိ ဆက်လက်အုပ်ချုပ်နိုင်ခွင့်ရှိမည့် အဆိုတစ်ရပ်ကို လွှတ်တော်တွင် တင်သွင်း ခဲ့ကြောင်းသိရှိရသည်။

—Ref: AA

ဆဲဗင်းဒေး ဒေးလီးသတင်းစာ