22 February 2016

“ကော့တောင်(လိပ်ကျွန်း)ဘာသာပြန် ကိုရဲ ကွယ်လွန်”




၂၀၁၆ ခု ဖေဖေါ်ဝါရီလ  ၂၂ ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)












          ကမ္ဘာကျော် ကော့တောင် (လိပ်ကျွန်း) လူသတ်မှုတွင် ထိုင်းရဲများအား ဘာသာပြန်ပေး ခဲ့သည့်  ကိုရဲ (ခ) မြင့်နိုင် သည်ယနေ့မွန်းလွဲပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
 
 အသက်၄၀ကျော်အရွယ် ကိုရဲသည် ယမန်နေ့ညနေက အသက်ရှုကျပ်သဖြင့် စူရတ်မြိုဆေးရုံ ကြီးတွင် ဆေးဝါးကုသခံယူခဲ့ရသည်။ ရောဂါ မသက်သာလာပဲ ယနေ့ညနေ ၃နာရီခန့်က ကွယ် လွန်သွားခဲ့ခြင်းဖြစ်သည်။

       ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင် (လိပ်ကျွန်း) ၂၀၁၄ ခု စက်တင်ဘာလ ၁၅ ရက်နေ့ က ဗြိတိန် နိုင်ငံသားစုံ တွဲသတ်ဖြတ် ခံရမှုတွင် စွပ်စွဲခံရသည့် မြန်မာအလုပ်သမား ၀င်ဇော်ထွန်း   နှင့် ဇော်လင်းတို့အား အမှုစွဲ ထိုင်းရဲတပ်ဖွဲ့က ကိုရဲ(ခ) မြင့်နိုင်နှင့် ကမာ  တို့ကို ဘာသာပြန် အဖြစ်အသုံးပြုခဲ့သည်။ 

       လက်ရှိတွင် သေဒဏ်ကျခံထားရသည့် ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့ကဘာသာပြန် များသည် ထိုင်း ရဲများထက်ပင် ပို၍ နှိပ်စက်ညှဉ်းပမ်းမှု ပြုခဲ့ကြောင်း  မြန်မာသံရုံးအထူးစုံစမ်းရေး   ကော်မတီဝင်များနှင့်တွေ့ဆုံစဉ်ပြောဆိုဖူးပါသည်။