12 February 2016

“မြန်မာအလုပ်သမတစ်ဦး အဓမ္မပြုကျင့်ခံမည့်အန္တရာယ်မှလွတ်မြောက်”



                       
၂၀၁၆ ခုဖေဖေါ်ဝါရီလ ၁၂
မြတ်ညို(အလွတ်သတင်းထောက်) 

        မိမိ၏ကလေးငယ်အားမိဘများထံသို့ပြန်လည်ပို့ဆောင် ပြီးပြန်လာသည့်မြန်မာ အလုပ်သမတစ် ဦးအဓမ္မပြု ကျင့်ခံရ မည့်ဘေးမှ ပူးပေါင်းကူညီသူများကြောင့် လွတ်မြောက်လာခဲ့ သည်။ 

             ယနေ့နက် ၁နာရီအချိန်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ဘန်ကောက်မြို့ ဘန်ခေရပ်ကွက်မှ အထည်ချုပ် ရခိုင်အလုပ်သမား ကိုကိုဦး ဆိုသူက ဖုန်းဆက်၍ အကူညီတောင်းခံလာခဲ့သည်။

         ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်မှ ရခိုင်အလုပ်သမားတစ်ဦး၏ ဇနီးဖြစ်သူသည် ကလေး ငယ်အား မိဘများနေထိုင်ရာ မော်လမြိုင်မြို့သို့ ပို့ဆောင်ခဲ့ရာမှ ပြန်လာစဉ် မဲဆောက်တောင်   ပေါ်၎ဂိတ်မြောက်တွင် ၅လာကြာမှ ပြန်လာခဲ့သည့်အတွက် သွားခွင့်မပြုဟုဆိုကာဆွဲချခံရပြီး မဲဆောက်သို့ ပြန်ပို့ခံခဲ့ရသည်။ ထိုင်းရဲထည့်ပေးလိုက်သည့် အသက် ၆၀ကျော်ခန့် ထိုင်းအမျိုး သား ကားမောင်းသူနှင့် လိုက်ပါလာခဲ့ရသည်။ 

         ကားမောင်သူအိမ်သို့ရောက်ရှိလာခဲ့ရာ ၎င်းကသားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အား ထုတ်ခံရသဖြင့် အလျှင်အမြန် အကူညီပေးပါရန် အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

…… မ က“ကျမ က ကလေးကိုနို့တိုက်ရင်း ၅လကြာနေခဲ့တယ်။ မဲဆောက်တောင်ပေါ်မှာ ဂိတ်၃ဂိတ် ကျော်လာခဲ့ပြီ။ ၄ဂိတ်အရောက်မှာ ရဲကဆွဲချတယ်။ ကျမကို ကားသမားတစ်ေ ယာက်နဲ့မဲဆောက် ကမ်းနဖူး ကို ပြန်ပို့ပေးဖို့ ထည့်ပေးတယ်။ ကားမောင်းတဲ့အဖို့ကြီးက အိမ်ကို   ရောက်တော့ ကျမကို နှိပ်ခိုင်းတယ်၊ ပြီးတော့ ကျမကို သူနဲ့အိပ်ခိုင်းတယ်။ အတင်းဆွဲတယ်။ ကျမကကငြင်းဆန်တယ်။ ဘန်ကောက်က လင်ဖြစ်သူ ထံကိုဖုန်းဆက်တယ်။ သမီးကလည်း   နေရာကိုမပြောတတ်ဘူး။ မိုးလင်းမှ ကျမကို ကူညီသူတွေလာခေါ်ပါတယ်၊ ကူညီကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
 
           ယခုဖြစ်ရပ်အား မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC နှင့် World Vision တို့က ပူးပေါင်းကူညီခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အမျိုးသမီးမှာ ဘန်ကောက်ကိုပြန်လည်ရောက်ရှိရေးအတွက် ကြိုးစားပြင်ဆင်နေဆဲဖြစ်သည်။