19 January 2017

"တန်ဖိုးထားမှုကွာလိုက်တာ"


    ဘောလုံးစွမ်းရည်ပြခဲ့သည့် ကလေးငယ် လက်စတာစီးတီးအသင်း ကူညီရန်ကမ်းလှမ်း


ထိုင်းရုပ်မြင်သံကြားမှာ ဘောလုံးစွမ်းရည်ပြသွားတဲ့ ၇နှစ်အရွယ် နောင်ပီးဆိုသူ ကလေးငယ်ကို အင်္ဂလန် လက်စတာ စီးတီးအသင်းက ထောက်ပံကူညီရန် ကမ်းလှမ်းလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

လက်စတာစီးတီးအသင်းကို ထိုင်းသန်းကြွယ်သူဌေး Vichai Srivaddhanaprabha က ပိုင်ဆိုင်တာဖြစ်ပါ တယ်။

မွန်လူမျိုး မိဘ၂ပါးက မွေးဖွားခဲ့တဲ့ ၇နှစ်သားအရွယ်ရှိ ဆူဗင် ( ခေါ်) နောင်ပီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ထိုင်း ရုပ်မြင်သံကြားမှာ ပြသခဲ့ပြီးနောက်၊ ဘောလုံးကလပ်အသင်း တော်တော်များများက သူ့အေ ပ်ါစိတ်ဝင်စားခဲ့ပြီး၊ သူ့ရဲ့ စွမ်းရည်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ကြည့်ရှု့သူ ပေါင်း ၉ဒဿ     မ ၁သန်ရှိခဲ့ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ ဒုဥက္ကဋ္ဌ Aiyawatt Srivaddhanaprabhaကလည်း ဒီလူငယ်လေး ရဲ့ အနာဂတ်အတွက် ကြေးစားဘောလုံးသမားတစ်ဦးဖြစ်လာဖို့ ကူညီသွားမယ်လို့သတင်းစာ ရှင်လင်းပွဲမှာ ပြောဆိုသွားပါတယ်။

       လက်စတာစီးတီးအနေနဲ့ ဆူဗင်အတွက် ထိုင်းနိုင်ငံအတွင်း သို့မဟုတ် ပြည်ပမှာ ကျောင်း တက်နိုင်အောင်လည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အပြင် ဘောလုံးနဲ့ပတ်သက်ပြီး ဆက်လက်သင် ကြားနိုင်အောင်လည်း နည်းပြတစ်ဦးကို သူ့အတွက်ပို့ပေးမယ်လို့လည်းဆိုပါတယ်။
ကာယကံရှင်ရဲ့ဆန္ဒအတိုင်းသာ


        ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက် က ကာယကံရှင်များရဲ့ဆန္ဒသဘောအတိုင်းသာဖြစ်ကြောင်း ၁၄ ရက်နေ့က ထုတ်ဖေါ်ပြောဆိုကြောင်းရေး ထားပါတယ်။ ထိုင်းမီဒီယာတစ်ချို့မှာ နောင်ပီးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြန်လည်ခေါ်ယူမယလို့ရေးထားကြတာကြောင့် 
ထိုင်းအမျိုးသားလက်ရွေးစင်အသင်းက၊ ပြန်လည်မေးမြန်းတဲ့အခါ၊ မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကလေးငယ်ကို တစ်စုံတစ်ရာ ဆက်သွယ်မှုများပြုလုပ်ထားခြင်းမရှိကြောင်း၊ ဦးဇော်မင်းထိုက် ကပြောဆိုကြောင်း၊ သူတို့မိဘတွေကထိုင်းမှာအလုပ်လုပ်နေတာ၊ 
ဘယ်နိုင်ငံသားခံယူမလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့၊ တကယ်လို့ထိုင်း နိုင်ငံသားခံယူရင်တော့ကျနော်တို့လည်း ဘာမှမတတ်
 နိုင်ပါဘူး။သူကိုယ့်နိုင်ငံပြန်လာမယ်ဆိုလည်းအခွင့်အရေးတွေအများကြီးရနိုင်ပါတယ်။ဒီမှာလည်း ဘောလုံးအကယ်ဒမီတွေရှိနေပြီ
လေ။ လောလောဆယ်တော့ ကလေးငယ်နဲ့ပတ်သက်ပြီး တော့ ဘာအဆက်အသွယ်မှ မရထားဘူး” လို့ပြောဆိုပါတယ်။

           ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနဲ့ ထိုင်းလူမျိုးတို့ရဲ့ အရည်အချင်းရှိသူတစ်ယောက်အပေါ် တန်ဖိုးထားခြင်း၊ အလေးနက်ထားခြင်း၊ အမြင်သဘောထားခြင်း ရည်ရွယ်ချက်ခြင်းမတူညီတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရတာဖြစ်ပါတယ်။
မြန်မာတိုင်း မြန်မာနိုင်ငံအနာဂတ်အတွက် ထည့်သွင်းစဉ်းစားနိုင်ကြပါစေရန် ရွှေလုပ်သားက ဆန္ဒပြုလိုက်ရပါတယ်။